MyanmarJobsDB ဆိုတာ

MyanmarJobsDB ဆိုတာ ဘာလဲ?
MyanmarJobsDB သည် စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူများ အားလုံးအတွက် တစ်နေရာထဲတွင် အဆင်ပြေလွယ်ကူ မြန်ဆန်စွာဖြင့် အလုပ်ကြော်ငြာတင်ခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်းများ ပြုလုပ်နိုင်သော အင်တာနက်စာမျက်နှာ ဖြစ်ပါသည်။

Our Services
MyanmarJobsDB သည် အောက်ပါ ကဏ္ဍမျိုးစုံအတွက် ၀န်ဆောင်မှုများ ပြုလုပ်ပေးပါသည်။

Job Seekers (အလုပ်ရှာနေသူများ)
အလုပ်အကိုင်ထောင်ပေါင်းများစွာကို တစ်နေရာတည်းက အခမဲ့ ရှာနိုင်မယ်၊ အွန်လိုင်းပေါ်မှာ CV Form ကို ဖြည့်ထားပြီး အလုပ်ရှင်တွေကြည့်ရှုနိုင်ရန် ပြသထားနိုင်မယ်၊ အလုပ်အကိုင်ရှာဖွေရေးဆိုင်ရာ သတင်းဆောင်းပါးများကို ဖတ်ရှုလေ့လာနိုင်မယ်။

Employers (အလုပ်ရှင်များ)
အင်တာနက်ကနေ ထိုင်ရာမထ ၀န်ထမ်းခေါ်ယူရန်အဆင်သင့်ပြုလုပ်ပေးထားသော နေရာတစ်ခု၊ လျှောက်လာတဲ့ CV တွေကို တိုက်ရိုက် မိနစ်ပိုင်းအတွင်း လက်ခံနိုင်မယ်၊ CV တင်ထားတဲ့ အလုပ်ရှာနေသူတွေရဲ့ အချက်အလက်တွေကို ကြည့်ရှု စီစစ်နိုင်မယ်၊

Advertisers (ကြော်ငြာတင်လိုသူများ)
Featured Jobs, Featured Companies, Banner Advertising စတဲ့ အကုန်ကျသက်သာပြီး လျင်မြန်ထိရောက်တဲ့ ကဏ္ဍတွေကို အသုံးပြုနိုင်မယ်။ လူသောင်းပေါင်းများစွာက အင်တာနက်စာမျက်နှာအပြင်၊ အခြားလူမှုကွန်ယက်တွေကနေတစ်ဆင့် နေ့စဉ် လေ့လာစောင့်ကြည့်နေတဲ့ MyanmarJobsDB မှာ သင့်ရဲ့ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ကြော်ငြာနိုင်ပါမယ်။

MyanmarJobsDB ဘာကြောင့် သုံးသင့်သလဲ?
တိုးတက်ဖွံ့ဖြိုးလာသည့် စီးပွားရေးအရှိန်အဟုန်ကြောင့် မိမိတို့ လုပ်ငန်းများတွင် အလုပ်ခန့်ထားရန် အကောင်းဆုံးဝန်ထမ်းများကိုရှာဖွေနေသော စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုပေးသော အေဂျင်စီများ အနေဖြင့် MyanmarJobsDB တွင်အလုပ်ကြော်ငြာများကို ငွေကုန်ကြေးကျ သက်သာစွာဖြင့် လွယ်ကူမြန်ဆန်စွာ ကြော်ငြာနိုင်ပါသည်။ သမာရိုးကျ အလုပ်ကြော်ငြာများတင်လေ့ရှိသော နေရာများဖြစ်သည့် သတင်းဂျာနယ်၊ ရေဒီယို ရုပ်သံများ၌သာမက MyanmarJobsDB တွင်ကြော်ငြာခြင်းဖြင့် တစ်နိုင်ငံလုံးရှိ အလုပ်အကိုင် ရှာဖွေနေသူများသာမကနိုင်ငံရပ်ခြား တွင်ရောက်ရှိနေသူများပါ အလုပ်ကြော်ငြာများကို ချက်ခြင်း ကြည့်ရှုနိုင်သောကြောင့် ပိုမိုထိရောက်ပါသည်။ ခေတ်နှင့်အညီဖန်တီးထားပြီး နောက်ဆုံးပေါ် အင်တာနက်ကွန်ယက်၊ social media channel များဖြစ်သည့် Facebook/Twitter စသည်တို့နဲ့လည်း ချိတ်ဆက်ထားသည့်အတွက် သင်၏အလုပ်ကြော်ငြာကို စက္ကန့်ပိုင်းအတွင်း လူပေါင်းများစွာသိအောင်ကြော်ငြာနိုင်သည့် နေရာတစ်ခုလည်းဖြစ်ပါသည်။

ထို့အပြင် အလုပ်အကိုင် ရှာဖွေနေသူများအနေဖြင့်လည်း အလုပ်ကြော်ငြာများစွာအား တစ်နေရာထဲတွင် ကြည့်ရှုကာ အလွယ်တကူ လျှောက်ထားနိုင်သည့်အပြင် MyanmarJobsDB တွင် CV/Resume များ တင်ထားကာ အလုပ်ခေါ်လိုသူများအတွက် အလွယ်တကူ ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားနိုင်ပါသည်။ တင်ထားသော သင်၏ ကိုယ်ရေးအချက်အလက်များပေါ်မူတည်၍လည်း MyanmarJobsDB က သင့်အတွက် အသင့်လျှော်ဆုံးအလုပ်များကို အမြဲစောင့်ကြည့်အကြံပြုပေးနေမှာဖြစ်ပါသည်။

Submit your Job or CV today!
ထို့ကြောင့် လုပ်ငန်းရှင်များသာမက၊ အလုပ်ရှာနေသူများ အလုပ်အေဂျင်စီများ အားလုံးအတွက် အဆင်ပြေမြန်ဆန်ချောမွေ့စွာ ၀န်ဆောင်မှုပေးမဲ့ MyanmarJobsDB တွင် ယနေ့ပဲ အကောင့်အသစ်ဖွင့်ပြီး အလုပ်ရှာနေပါက သင့်အတွက် အသင့်လျော်ဆုံးအလုပ်၊ ၀န်ထမ်းရှာနေပါက သင့်အတွက် အကောင်းဆုံးဝန်ထမ်းများကို စတင်ရှာဖွေနိုင်ပါပြီ!