Comments Off on Schindler-CVT Vertical Transportation Certification Program အတွက် သင်တန်းသားများခေါ်ယူခြင်း

Schindler-CVT Vertical Transportation Certification Program အတွက် သင်တန်းသားများခေါ်ယူခြင်း

Posted by | March 31, 2016 | Articles, Training/Education

Schindler အုပ်စုသည် ဆွစ်ဇလန်နိုင်ငံတွင်အခြေစိုက်ပြီး ဓါတ်လှေကားများနှင့် စက်လှေကားများကို နိုင်ငံပေါင်း ၁၀၀ ကျေ်တွင် ဝန်ထမ်းပေါင်း ၅၄,၀၀၀ ကျော်ဖြင့် ဖြန့်ဖြူးရောင်းချနေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် Myanmar Jardine Schindler Ltd. သည် ၁၉၉၉ ခုနှစ်မှစတင်ကာ ရုံးခွဲဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့တွင်ရုံးချုပ်တည်ရှိပြီး မန္တလေးနှင့်နေပြည်တော်တို့တွင် ရုံးခွဲများဖွင့်လှစ်ကာ ဈေးကွက်တွင်ဦးဆောင်နေသည့်ကုမ္ပဏီအနေဖြင့် ဂုဏ်ယူစွာလုပ်ဆောင်လျက်ရှိပါသည်။ Myanmar Jardine Schindler သည် အဆောက်အဦးအမျိုးအစားအားလုံးတို့အတွက် ဓါတ်လှေကား၊ စက်လှေကားနှင့် ရွေ့လျားစက်လှေကားများကို ရောင်းချတပ်ဆင်ဝင်ဆောင်မှုပေးလျက်ရှိပါသည်။

Myanmar Jardine Schindler သည် ဆွစ်ဇလန်နိုင်ငံ Non-Profit အဖွဲ့အစည်းမှ မြန်မာနိုင်ငံလူငယ်များအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများ အောင်မြင်စွာဖွင့်လှစ်ထားသည့် Center for Vocational Training (CVT) နှင့်ပူးပေါင်းပြီး ဓါတ်လှေကားနှင့် စက်လှေကားနယ်ပယ်တွင်အသက်မွေးဝမ်းကြောင်းပြုလိုသည့် ဘွဲ့ရလူငယ်များအတွက် မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်သည့် Schindler-CVT Vertical Transportation Certification Program သင်တန်းကို ၂၀၁၅ ခုနှစ်တွင် စာတွေ့လက်တွေ့များဖြင့် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခု ၂၀၁၆ ခုနှစ်တွင်ဖွင့်လှစ်မည့် နှစ်နှစ်တာသင်တန်းအတွက် သင်တန်းသားများကိုစတင်လက်ခံနေပြီဖြစ်သည်။ 

အဆိုပါ  Schindler-CVT Vertical Transportation Certification Program သင်တန်းအတွက် A.G.T.I (Mechanical, Electrical, Mechatronic) ဘွဲ့ရများလျှောက်ထားနိုင်ပါသည်။

သင်တန်းကာလအတွင်း CVT သင်တန်းကျောင်းမှဆရာ/ဆရာမကြီးများနှင့် Schindler ကုမ္ပဏီ၏ Technical Specialist များမှလည်း အကောင်းမွန်ဆုံးစာတွေ့၊လက်တွေ့များဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး ၂၀၁၆ ဇွန်လတွင် သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းပြီးဆုံးသွားပါက သင်တန်းသားများကို Schindler ဌာနအသီးသီးတွင် အလုပ်ခန့်ထားသွားမည်ဖြစ်သည်။ သင်တန်းကာလအတွင်းတွင် သင်တန်းကြေးပေးစရာမလိုဘဲ ကုမ္ပဏီမှပညာသင်ထောက်ပံ့ကြေးလည်းပေးထားမည်ဖြစ်သည်။

 

စိတ်ပါဝင်စားသူများအနေဖြင့်

အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော CV Form နှင့်အတူ ကိုယ်ရေးအချက်အလက်၊ ဘွဲ့လက်မှတ်၊ ဓါတ်ပုံတို့နှင့်

Myanmar Jardine Schindler Ltd, No. 1 / 4, Parami Road, Hlaing Township, Yangon, Myanmar သို့ လူကိုယ်တိုင်ဖြစ်စေ၊ [email protected] သို့ Email ပို့၍ဖြစ်စေ ၂၀၁၆ မေလ ၅ ရက်နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

 

1085 total views, 4 today