Comments Off on ဗြိတိသျှကောင်စီ IELTS ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ဗြိတိသျှကောင်စီ IELTS ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

Posted by | April 23, 2014 | Articles, Career Development

အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ IELTS ရမှတ် ၆ မှတ်နှင့် အထက်ရရှိထားသော မြန်မာနိုင်ငံမှ ကျောင်းသားများ  ပြည်ပ ပညာသင် သွားရောက် ရန် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီက ကြေညာသည်။exams-ielts-banner

ပညာသင်ထောက်ပံ့ကြေးပေးသော အစီအစဉ်တွင် မြန်မာနိုင်ငံ၌  နေထိုင်သော ကျောင်းသားနှစ်ဦးအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၁၀၀ ခန့် နှင့် မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှဒေသမှ ကျောင်းသားသုံးဦးအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၁၀၀၀ ခန့် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတက္ကသိုလ်များတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာသင်ယူရန် ၀င်ခွင့်ရရှိထားသော ကျောင်းသားများသည် www.britishcouncil.org.mm တွင် ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာဖြည့်သွင်း လျှောက်ထားနိုင်သည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများကို ဇွန်လ ၆ ရက် နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဗြိတိသျှကောင်စီ အနေဖြင့် ပညာသင် ထောက်ပံ့ကြေးများကို သက်ဆိုင်ရာတက္ကသိုလ်သို့ တိုက်ရိုက်ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများ ရှာဖွေနေကြသော မြန်မာနိုင်ငံသားများသည် ဗြိတိသျှကောင်စီတွင် အင်္ဂလိပ်ဘာ သာစကား အရည်အချင်းစစ်စာမေးပွဲ IELTS ကို ၀င်ရောက်ဖြေဆိုနေကြခြင်းဖြစ်သည်။

 

Ref : 7 day news journal

1716 total views, 1 today

Tags: