အင်တာဗျူးဖက်ရှင် – အလုပ်အင်တာဗျူးသို့ မဝတ်သွားသင့်သည့် အဝတ်အစားများ

Posted by | December 13, 2013 | Articles, Job Search

By Carole Martin

ယခုခေတ်မှာ အလုပ်အင်တာဗျူးကို ဘယ်လို ပုံစံဝတ်ဆင်သွားရမလဲ လို့ လူ (၁၀၀) ကို မေးကြည့်မယ်ဆိုရင်၊ အများစုက “ခပ်ရိုးရိုးပဲ ဝတ်သွားပါ” လို့ ပြောကြမှာ သေချာပါတယ်။

အဝတ်အစားဆင်ယင်မှုအတိုင်ပင်ခံ နှင့် Association of Image Consultants International ၏ ယခင် ဥက္ကဋ္ဌ ဖြစ်သူ Anna Soo Wildermuth က “အဝတ်အစားဆိုတာ ကိုယ် ဘယ်လိုလူမျိုးဆိုတာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပြီး၊ လူတကာက အထူးသတိထားမိစရာ မလိုပါဘူး။” သူက အလုပ်အင်တာဗျူးသွားတဲ့အခါ ရှောင်ရှားသင့်တဲ့ မှားယွင်း ချွတ်ချော်မှု (၁၀) မျိုးကို အခုလို ထောက်ပြသွားပါတယ်။

 

Interview Fashion Mistake

 

(၁)       အရောင်ဆန်းလွန်းတဲ့ လက်သည်းနီ – ဒီအချက်ကတော့ ယောကျာ်းလေးကော၊ မိန်းကလေးတွေ အတွက်ပါ။ အရမ်းရှည်လွန်းတဲ့ ဒါမှမဟုတ် သေချာ မညှပ်ထားတဲ့ လက်သည်းတွေဟာ အမှန်တကယ်ကို စိတ်ပျက်ဖွယ်ရာပါ။ သင့်ရဲ့ လက်သည်းများကို သေချာညှပ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ လိုပါတယ်။

(၂)       တချွင်ချွင်မြင်သည့် လက်ဝတ်တန်ဆာများ – လက်တစ်ဖက်မှာ လက်စွပ် (၂) ကွင်း နဲ့ နားတစ်ဖက်မှာ နားကပ် တစ်ခုထက်ပိုပြီး မဝတ်ပါနဲ့။ မျက်နှာက အစိတ်အပိုင်းတွေမှာ နားကပ်ဝတ်တာ၊ ခြေချင်းဝတ် ဝတ်တာတွေကို လည်း ရှောင်ရပါမယ်။

(၃)       ခြေချောင်းပွင့် (သို့မဟုတ်) နောက်ပိတ်မရှိသော ဖိနပ်များ ဝတ်ဆင်ခြင်း – ထိပ်ပိတ်ပါပြီး နောက်ပိတ်မပါသော ဖိနပ် (mules) များကိုလည်း ရှောင်ရမည် ဖြစ်သည်။ ဖက်ရှင်အောက်နေပြီ ဖြစ်သော ဖိနစ်များကို လွှတ်ပစ်ခြင်း၊ သို့မဟုတ် အခြားသော ပွဲလမ်းသဘင်များအတွက်သာ ထားခြင်းတို့ကို ပြုလုပ်ပါ။

(၄)       ဘာခြေစွပ်မှ မဝတ်ထားသော ခြေထောက်များ – ပူအိုက်လွန်းတဲ့ နွေရာသီ ရာသီဥတု ဖြစ်နေလည်း ခြေအိတ်ရှည် ဝတ်ပါ။ ခြေအိတ်ရှည်သည် ကြားနေအရောင်များ သို့မဟုတ် ဖိနပ်နဲ့ လိုက်ဖက်သည့် အရောင်တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။

(၅)       ဒိတ်အောက်နေတဲ့ ဝတ်စုံ – ဒီ ဝတ်စုံတွေမှာ အင်္ကျီရင်အုပ်ခေါက်နားက ကြီးလွန်းနေတယ် (၃ လက်မနဲ့ အထက်) ဒါမှမဟုတ် သေးလွန်းနေပါတယ် (၁ လက်မနဲ့အောက်)။ အပ်ချုပ်ဆိုင်ကောင်းကောင်းတစ်ခုက ဒီဝတ်စုံတွေကို ပြင်ပေးနိုင်မှာပါ။ အမျိုးသားတွေအတွက် အပေါ်အင်္ကျီရဲ့ စတိုင်က ခန္ဓာကိုယ် အပြည့် ဖြစ်နေရမည် ဖြစ်ပြီး၊ fit size သို့မဟုတ် အရမ်းကျပ်နေရမယ့်အစား အနည်းငယ်ပွယောင်းနေရမှာ ဖြစ်ပါတယ်။ စကတ်အတိုတွေ ဝတ်မယ်ဆိုရင် စကတ်အောက်အနားက ဒူးအထက် ၃ လက်မထက် မတိုသင့်ပါ။ အင်တာဗျူး သို့ သရီးကွာတာဘောင်းဘီ၊ သို့မဟုတ် legging များ မဝတ်သွားသင့်ပါ။

(၆)       လယ်သာဂျာကင် – အမျိုးသားတွေကော၊ အမျိုးသမီးတွေပါ မဝတ်သင့်ပါဘူး။ လယ်သာ ဘလေဇာ ကုတ်ကိုလည်း အင်တာဗျူးသွားတဲ့အခါ မဝတ်သွားသင့်ပါ။ ၄င်းအဝတ်အစားတွေဟာ အပြင်ထွက်မှ ဝတ်ရမှာပါ။

 

(၇)       အမျိုးသားများဝတ်သည့် လယ်ခွံပါဆွယ်တာ – ပထမဆုံး အလုပ်အင်တာဗျူးအတွက် လည်စီး (necktie) ဝတ်ဆင်ရန် လိုအပ်ပါတယ်။ အနည်းဆုံး ကော်လာပါ ရှပ်အင်္ကျိကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

(၈)       အရောင်ကွက်တိကွက်ကျား သို့မဟုတ် ဆန်းလွန်းသော လက်ကိုင်အိတ်များ – လက်ကိုင်အိတ်တွေဟာ ရိုးရိုး​ရှင်းရှင်းနှင့် ထင်ထင်ရှားရှားမရှိသည့် အိတ်များ ဖြစ်နေသင့်ပါတယ်။

(၉)       အနီရောင်ရုံးသုံးလက်စွဲအိတ် –  ရုံးသုံးလက်စွဲအိတ်များ၊ ပိုက်ဆံအိတ်များနှင့် ဖိနပ်များသည် အရောင် ရိုးရိုးနှင့် အခြေအနေ ကောင်းနေရမည် ဖြစ်သည်။ အရောင်ရိုးသည့် အပြာရောင်နှင့် မီးခိုးရောင် အရောင်ကွဲများသည် အကောင်းဆုံး အရောင်များ ဖြစ်သည်။ အလုပ်အင်တာဗျူးသို့ အနက်ရောင်ဝတ်သွားခြင်းသည် တည်ကြည် လေးနက်လွန်းရာ ကျသည်။ အနက်ရောင်ဝတ်သည့်အခါတွင်လည်း သင်၏ ပုံပန်းသဏ္ဍာန်ကို ပျော့ပြောင်းသွားစေရန် မျက်နှာနှင့် အနီးဆုံးတွင် အခြားအရောင် ရှိပါစေ။ အညိုရောင်သည် စီးပွားရေးလုပ်ငန်းဆန်သလား၊ မဆန်သလား ဆိုသည်ကို အငြင်းပွားလျက်ရှိနေသေးတဲ့ အတွက် အဲ့ဒီအရောင်ကို ရှောင်တာတော့ အကောင်းဆုံးပါ။ ဒုတိယ အင်တာဗျူး အတွက် အရောင်မတူညီသော အင်္ကျိ၊ ရှပ်အကျင်္ိ၊ မာဖလာ သို့မဟုတ် လည်စီး ဝတ်ဆင်ခြင်းဖြင့် သင်၏ အဝတ်အစား ပုံစံကို ပြောင်းလဲပစ်လိုက်ပါ။

(၁၀)     အင်တာဗျူးဖြေဆိုချိန်သည် ဖက်ရှင်အလှပြရမည့်နေရာ မဟုတ်ပါ။ သို့သော်လည်းပဲ ဖန်တီးမှု / ဒီဇိုင်း လုပ်ငန်း နယ်ပယ်မှာတော့ အဲ့ဒီလို မဟုတ်ပဲ၊ နာမည်အကြီးဆုံးက စတန့်အထွင်ဆုံးပဲ ဖြစ်ပါတယ်။ တခြားသူတွေကတော့ ခပ်ရိုးရိုး ရှင်းရှင်းပဲ ဝတ်ဆင်ဖို့ ရွေးချယ်တာ ပိုကောင်းပါတယ်။ “ကုမ္ပဏီ အတော်များများဟာ ရှေးရိုးဆန်တဲ့ ပရိုဖက်ရှင်နယ် ပုံစံ ဂါဝန်တွေကို ဝတ်ဆင်တာ ပိုသဘောကျနေကြပါတယ်” လို့ Wildermuth က ပြောကြားပါတယ်။

သင်ဟာ အလုပ်အကိုင်အသစ်မှာ အလုပ်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ ပရိုဖက်ရှင်နယ် တစ်ယောက် ဖြစ်ကြောင်းကို သင် ဝတ်ဆင်တဲ့ အဝတ်အစားတွေဟာ ပြသနေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်အသိစိတ်ဓာတ်က ညွှန်ကြားတဲ့ အတိုင်း လိုက်နာမယ်ဆိုရင် အလုပ်အင်တာဗျူး ဝင်ခြင်းရဲ့ နောက်တဆင့်ကို တက်ဖို့ သင့်ရဲ့ အခွင့်အရေးကို ဖျယ်စီးနိုင်တဲ့ ဖက်ရှင် အမှားတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး အလုပ်အင်တာဗျူး လျှောက်တဲ့ ဈေးကွက်မှာတော့ သင်ဟာ လှပ ကျော့ရှင်းနေရပြီး၊ သင့်ရဲ့ အပြင်အဆင်ဟာ အလုပ်နဲ့ ကိုက်ညီမှု ရှိတယ်လို့ ပြသနေဖို့ အရေးကြီးပါတယ်။

Reference: Monster Career Advice

5808 total views, 1 today