Cover Letter နမူနာပုံစံ

Posted by | September 23, 2013 | Articles, Career Development

Cover Letter ဆိုတာ ဘာလဲ။
Cover Letter ကို သင်၏ ကိုယ်ရေးရာဇဝင် (resume) နှင့်အတူ သင်၏ အနာဂတ် အလုပ်ရှင်များထံသို့ ပေးပို့ရပါသည်။ Resume/CV Sample ကို ဤနေရာတွင် လေ့လာနိုင်ပါသည်။

Cover letter သည်
• သင့်အကြောင်းကို မိတ်ဆက်ပေးပါသည်။
• သင်၏ အားသာချက်များအကြောင်းကို ဈေးကွက်တင်ခြင်းဖြစ်သည်။
• သင်၏ တန်ဖိုးကို ပြသသည်။
• သင်၏ နောက်ခံအကြောင်းနှင့် ကျွမ်းကျင်မှုအဆင့်ကို ဖော်ပြပေးသည်။
• တောင်းခံထားသည့် သင့်အကြောင်း အခြားသောအချက်အလက်များကို ဖော်ပြပေးနိုင်သည်။
• အင်တာဗျူးရစေရန် တောင်းခံပေးသည်။Cover Letter ကို ဘယ်လိုတင်ပြသင့်သလဲ
Cover Letter များသည် formal letter များဖြစ်ပြီး၊ စာရွက်အဖြူပေါ်တွင် စာသားအနက်ရောင်ဖြင့် စာစီရိုက်သင့်သည်။ အခြေခံ စာလုံးပုံစံအဖြစ် Times New Roman သို့မဟုတ် Arial font များကို အသုံးပြုသင့်ပြီး၊ စာလုံးအရွယ်အစားကို 10 points အဖြစ် တသမတ်တည်း ထားရမည်။ ရောင်စုံဖြစ်နေသော၊ သို့မဟုတ် လွန်စွာ ထူးခြားဆန်းပြားသော စာလုံးပုံစံများသည် မအပ်စပ်သဖြင့် သုံးစွဲခြင်း မပြုရပေ။

အချက်အလက် ဘယ်လောက်ထည့်ရင် သင့်တော်မလဲ
အတည်သဘောမဟုတ်သော်လည်း အကြမ်းဖျဉ်းအားဖြင့်၊ Cover Letter များသည် A4 အရွယ် စာမျက်နှာ (၁) မျက်နှာထက် မကျော်လွန်သင့်ပေ။ အလုပ်ရှင်များသည် လျှောက်ထားသည့် အလုပ်နှင့်သက်ဆိုင်သော အချက်အလက်များကိုသာ စိတ်ဝင်စားကြပါသည်။

နမူနာ Cover Letter
မှတ်ချက် – အောက်ပါ ဥပမာသည် မိတ်ဆွေတို့ ကိုးကားရန် အလို့ငှာ တင်ပြထားခြင်းဖြစ်ပြီး တစ်ပုံစံတည်း ကူးယူရန်မလိုအပ်ပါ။ အခြားသူများ၏ Cover Letter ကိုလဲ မည်သည့်အခါမျှ မကူးယူမိပါစေနဲ့။ Cover Letter သည် မိမိ၏ ပင်ကိုယ်ဥာဏ်စွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေးကို အလုပ်ရှင်အားထုတ်ဖော်ပြသရမည့် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ သူမတူအောင် ထူးခြားသည့် Cover Letter တစ်ခုကို ရေးသားခြင်းသည် အလုပ်ရှင်တိုင်း မျှော်လင့် ကြိုက်နှစ်သက်သည့်အချက်ဖြစ်ကြောင်းကို မိတ်ဆွေတို့ သတိပြုကာ ဆောင်ရွက်နိုင်ရန်မျှော်လင့်မိပါသည်။

Cover Letter Sample - MyanmarJobsDB

Cover Letter ကောင်းတစ်ခုရေးသားနည်း အသေးစိတ်နဲ့ ဆောင်ရန်ရှောင်ရန်များကို ဤနေရာတွင် လေ့လာနိုင်ပါသည်။

Reference: WDA Singapore

7170 total views, 1 today

Tags: , , , ,