Unilever Myanmar ၏ Management Trainee Program အတွက် လျှောက်လွှာခေါ်ယူခြင်း

Posted by | January 30, 2014 | Articles

Unilever Myanmar သည်  လူသုံးကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနေသော ကမ္ဘာ့ထိပ်တန်း FMCG ကုမ္ပဏီတစ်ခုဖြစ်သည်။ Unilever Myanmar Company တွင် On-Job-Training Program အတွက် လျှောက်လွှာများ ခေါ်ယူလျှက်ရှိပါသည်။

Unilever

Unilever Myanmar ၏ On-Job-Training Program တွင်  အလုပ်အမျိုးအစား အားလုံးအတွက် Training ပေးမည်ဖြစ်ပြီး၊ ကုမ္ပဏီ၏ Senior Leader များမှလည်း အကောင်းမွန်ဆုံး Training & Workshops များပေးသွားမည်ဖြစ်သည်။  On-Job-Training Program တွင် Sale & Marketing ၊ Supply Chain ၊ Finance/Accounting ၊ Human Resources စသည့် Training များပါဝင်မည်ဖြစ်ပါသည်။ တက္ကသိုလ်မှ ဘွဲ့ရပြီး သူများ ၊ လုပ်ငန်းအတွေအကြုံ မရှိသူများ လျှောက်ထားနိုင်ပါသည် ။  On-Job-Training ကာလမှာ (၂) နှစ်ဖြစ်ပါသည်။ ထို့အပြင် On-Job-Training ကာလအတွင်း တွင်လည်း လစာကောင်း ရမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများနေဖြင့်

အင်္ဂလိပ်လို ရေးသားထားသော CV Form နှင့်အတူ ကိုယ်ရေးအချက်အလက် ၊ ဘွဲ့လက်မှတ် ဓာတ်ပုံတို့နှင့်အတူ အမှတ် (၁၅၀) ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်ဖြစ်စေ၊  [email protected] Online  မှတစ်ဆင့်လည်း  ၂ ရက်၊ ဖေဖော်ဝါရီ လ၊ ၂၀၁၄ ခုနှစ် မတိုင်မီ ပေးပို့လျှောက်ထား နိုင်ပါသည်။

6043 total views, 3 today