Comments Off on အမေရိကန်အစိုးရ ပညာသင်ဆုသုံးမျိုးအတွက် လျှောက်လွှာများ စတင်လက်ခံ

အမေရိကန်အစိုးရ ပညာသင်ဆုသုံးမျိုးအတွက် လျှောက်လွှာများ စတင်လက်ခံ

Posted by | April 23, 2014 | Articles, Career Development

အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ဆု အပြည့်အဝနှင့် သွားရောက်သင်ကြားလိုသော မြန်မာလူငယ်များအတွက် အမေရိကန်အစိုးရက ငွေကြေး ထောက်ပံ့ပေးသော Fulbright Foreign Language Teaching Assistant (FLTA)၊ Fulbright Foreign Student Program နှင့် Hubert H.Humphrey Fellowship အစီအစဉ် လျှောက်လွှာများ စတင်လက်ခံပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကထုတ်ပြန်သည်။

Scholership

လျှောက်လွှာအားလုံးကို လာမည့်ဇွန်လ ၂၀ ရက်နေ့နောက်ဆုံးထား၍ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပေးပို့လျှောက်ထား ရန်လိုအပ်ပြီး အစီအစဉ် တစ်ခုချင်းအလိုက် ပညာရေးဆွေးနွေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရ သည်။
ပညာသင်ဆု အစီအစဉ်များထဲက Fulbright Foreign Student Program သည် တက္ကသိုလ်ဘွဲ့ရတိုင်း သက်မှတ်ထားသော အရည်အချင်းများ ပြည့်မီ လျှင်လျှောက်ထားနိုင်သော အစီအစဉ်ဖြစ်သော်လည်း Hubert H.Humphrey Fellowship သည် သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ ငါးနှစ်အနည်းဆုံး ရှိထားသူများသာ လျှောက်ထားရသော အစီအစဉ် ဖြစ်သည်။ Fulbright Foreign Language Teaching Assistant (FLTA) သည် မြန်မာနိုင်ငံရှိ အင်္ဂလိပ် ဘာသာသင်ကြားနေသော ဆရာ၊  ဆရာမများကို သင်ကြားနည်းနှင့် အင်္ဂလိပ်ဘာသာ တိုးတတ်ရေးအတွက် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး သင်တန်းကာလကိုးလ ကြာမြင့်ကြောင်း ယင်းသံရုံးက သိရသည်။
အမေရိကန်အစိုးရ ပညာသင်ဆုများအကြောင်း ရှင်းလင်းမှုကို ရန်ကုန်မြို့ အမေရိကန်စင်တာတွင် မေလ ၁၂ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ကျင်းပ မည်ဖြစ်ပြီး အဆိုပါ ပညာသင်ဆု အားလုံးသည် အမေရိကန်အစိုးရက နှစ်စဉ်ခေါ်ယူသော အစီအစဉ်များထဲမှ ၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် ကြို တင်ခေါ်ယူသော ပညာသင်ဆုများ ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက http://burma.usembassy.gov/scholarships.html နှင့် Rangoon [email protected] တွင်ဝင်ရောက်ကြည့်ရှုပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Ref: The Voice Daily

3421 total views, 1 today