သင်ရှာလိုသော အလုပ်များကို မြို့နယ်၊ဒေသ အလိုက် ခန့်မှန်းချေ မိုင်ပတ်လည်သတ်မှတ်ပြီးရှာနိုင်ပါသည်။

Articles

Comments Off on Schindler-CVT Vertical Transportation Certification Program အတွက် သင်တန်းသားများခေါ်ယူခြင်း

Schindler-CVT Vertical Transportation Certification Program အတွက် သင်တန်းသားများခေါ်ယူခြင်း

Posted by | March 31, 2016 | Articles, Training/Education

Schindler အုပ်စုသည် ဆွစ်ဇလန်နိုင်ငံတွင်အခြေစိုက်ပြီး ဓါတ်လှေကားများနှင့် စက်လှေကားများကို နိုင်ငံပေါင်း ၁၀၀ ကျေ်တွင် ဝန်ထမ်းပေါင်း ၅၄,၀၀၀ ကျော်ဖြင့် ဖြန့်ဖြူးရောင်းချနေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် Myanmar Jardine Schindler Ltd. သည် ၁၉၉၉ ခုနှစ်မှစတင်ကာ ရုံးခွဲဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့တွင်ရုံးချုပ်တည်ရှိပြီး မန္တလေးနှင့်နေပြည်တော်တို့တွင် ရုံးခွဲများဖွင့်လှစ်ကာ ဈေးကွက်တွင်ဦးဆောင်နေသည့်ကုမ္ပဏီအနေဖြင့် ဂုဏ်ယူစွာလုပ်ဆောင်လျက်ရှိပါသည်။ Myanmar Jardine Schindler သည် အဆောက်အဦးအမျိုးအစားအားလုံးတို့အတွက် ဓါတ်လှေကား၊ စက်လှေကားနှင့် ရွေ့လျားစက်လှေကားများကို ရောင်းချတပ်ဆင်ဝင်ဆောင်မှုပေးလျက်ရှိပါသည်။

Myanmar Jardine Schindler သည် ဆွစ်ဇလန်နိုင်ငံ Non-Profit အဖွဲ့အစည်းမှ မြန်မာနိုင်ငံလူငယ်များအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများ အောင်မြင်စွာဖွင့်လှစ်ထားသည့် Center for Vocational Training (CVT) နှင့်ပူးပေါင်းပြီး ဓါတ်လှေကားနှင့် စက်လှေကားနယ်ပယ်တွင်အသက်မွေးဝမ်းကြောင်းပြုလိုသည့် ဘွဲ့ရလူငယ်များအတွက် မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်သည့် Schindler-CVT Vertical Transportation Certification Program သင်တန်းကို ၂၀၁၅ ခုနှစ်တွင် စာတွေ့လက်တွေ့များဖြင့် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခု ၂၀၁၆ ခုနှစ်တွင်ဖွင့်လှစ်မည့် နှစ်နှစ်တာသင်တန်းအတွက် သင်တန်းသားများကိုစတင်လက်ခံနေပြီဖြစ်သည်။ 

Continue reading »

အလုပ်တစ်ခု လုပ်ငန်းခွင်တစ်ခု မှာ ထူးထူးချွန်ချွန် အောင်မြင်ဖို့ဆိုလျှင် Professional ကောင်းတစ်ယောက်ဖြစ်ဖို့ လွန်စွာအရေးကြီး၏။ Professionalism ဆိုသည့်အရာကို ကျွန်တော်တို့တိုင်းပြည်တွင် မဆိုထားနဲ့ ကမ္ဘာတစ်ဝှမ်းတွင်ပင် သင်တန်းကြီးဖြင့် သင်ပေးခြင်းမရှိ။ မိမိကိုယ်တိုင် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာ၊ အောင်မြင်သူများထံမှ တဖြည်ဖြည်းဆည်းပူးလေ့လာခြင်းဖြင့်သာ သိရှိသင်ယူနိုင်သည်။ သို့သော် ယင်းကဲ့သို့ သင်ယူမှုသည် မလွယ်ကူသည့်အပြင် အများအားဖြင့် အလုပ်စလုပ်သူများမှာ ကိုယ့်အမှားပင်ကိုယ်မမြင်နိုင်သေးသည့် အခြေအနေသာရှိသေးသဖြင့် သူများဆီက လေ့လာသင်ယူခြင်းမှာ ပို၍ ခက်ခဲလှသည်။

 

မည်သို့ပင်ဆိုစေကာမူ professional ကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားနေသည့်သူများအတွက် အထောက်အကူဖြစ်ရန် US News သတင်းစာ၏ Money ကဏ္ဍတွင်ပါသည့် အောက်ပါဆောင်ရန်၊ ရှောင်ရန် အချက် ၁၀ချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

၁။ အလုပ်တစ်ခု၏ culture ကို စ၀င်သည့်နေ့မှစ၍ လေ့လာပါ။ အတုခိုးလိုက်နာပါ။

 

သင့်၏အလုပ်ခွင်၊ ရုံးခန်းတွင်းရှိ အခြားသူများအလုပ်လုပ်ပုံကို လေ့လာ၍၊ အလုပ်တစ်ခု၏ ငါတို့ဒီမှာဘယ်လိုအလုပ်လုပ်သလဲ ဆိုတဲ့ culture တစ်ခုကို သိရှိနိုင်ပေမည်။ ဥပမာ – ရုံးကလူတွေ ဆွေးနွေးပွဲတွေကို အချိန်မှန်ဘယ်လိုလာသလဲ၊ ရုံးချိန်ဘယ်လိုလာကြသလဲ၊ အ၀တ်အစားဘယ်လို ၀တ်သလဲ၊ တစ်ပါးသူ ဖုန်းပြောနေလျှင် မိမိအသံကို ဘယ်လိုတိုးလျှော့ပြီး ပြောသလဲ၊ အရေးမကြီးသော ကိစ္စတွေကို အီးမေးလ်နဲ့သာ ပို့ကြောင်း၊ စသဖြင့် အလုပ်လုပ်ပုံကိုင်ပုံတွေ ကို သုံးသပ်နိုင်သည်။ ထိုကဲ့သို့ပြုမူပုံများသည် အဆိုပါအလုပ်ခွင်တစ်ခုရှိ အခြားလူများနဲ့ ပေါင်းသင်းဆက်ဆံရာတွင် လိုက်နာရမည့် အတုခိုးရမည့် အရာများဖြစ်သည်။ အရေးကြီးဆုံးအနေဖြင့် အခြားသူများကလည်း သင့်ကို ၎င်းတို့လုပ်နေကျပုံစံအတိုင်း လုပ်မည်ဟု မျှော်လင့်ထားမည်ကို သိထားရမည်။ ဤအချက်ကို လစ်လျူရှုမိပါက ကိုယ်သာလျှင် အလုပ်ခွင်နဲ့အံဝင်မကျသူသာ ဖြစ်၍ ကျန်ခဲ့လေမည်။

 

၂။ ကိုယ်မကြိုက်တဲ့သူနဲ့ လုပ်ရသော်လည်း ယဉ်ကျေး၊ ပျူငှာစွာဆက်ဆံပါ။

 

အလုပ်လုပ်ရာတွင် လူပေါင်းစုံနဲ့တွေ့ရမည်မှာ ထုံးစံပင်။ Customers များကိုတော့ ဘယ်လောက်ပင်ဆိုးဆိုး မျက်နှာချိုသွေးဆက်ဆံပြီး မိမိရုံးတွင်းရှိ အလုပ်တူလုပ်သူများကို တော့ အလားတူမဆက်ဆံခြင်းသည်လည်း မမှန်ပါ။

အလုပ်ခွင်၌ ကိုယ်လုံးဝ မနှစ်သက်သောသူ၊ စေ့စေ့ကြည့်မရသောသူများ အနည်းဆုံး တစ်ယောက်လောက်တော့ အမြဲရှိနိုင်၏။ သို့သော် ထိုကဲ့သို့ မနှစ်မြို့သော စိတ်ကို ပဓာနမထား ဒေါသပွားမနေဘဲ အပြုံးကိုဆောင်၍ ကိုယ်လုပ်ရမည့်အလုပ်ကို ပြီးပြတ်အောင် အကောင်းဆုံး လုပ်ခြင်းသာလျှင် professional ကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။

 

၃။ အလုပ်ကို လေးလေးနက်နက် လေးလေးစားစားလုပ်ပါ။

အမှားလုပ်မိသည့်အခါများ၊ ကိုယ်လုပ်သမျှမဖြစ်သည့်အချိန်များကို ရှောင်လွဲလို့ရမည်မဟုတ်။ ထိုသို့သောအချိန်များတွင် ပေါ့ပေါ့ပြက်ပြက် တုံ့ပြန်ကာ ဆောရီးဟု တစ်ခွန်းပြောပြီး ပြီးသွားကြသည်ကို တွေ့နေရသည်။ ယင်းသည် မှားယွင်းပါသည်။ ဖြစ်သင့်သည်မှာ ငါ့ကြောင့် အဆိုပါကိစ္စတစ်ခု မအောင်မြင်ရပါလား၊ တာဝန်ယူရမည်ဟု စိတ်ထည့်ထားရပေမည်။ သို့မှသာ နောင်တွင် မည်သို့အောင်မြင်အောင်လုပ်မည်နည်း၊ ကိုယ့်ကြောင့် အခြားသူများ အချိန်ကုန်၊ ငွေကုန်ဖြစ်ခဲ့ရသည်ကို စဉ်းစားပေးရမည်ဖြစ်သည်။

 

၎။ ပြဿနာတစ်ခုတွေ့လျှင် စောစီးစွာ အသိပေး၊ ထုတ်ဖော်ပြောကြားပါ။

 

အချက် (၃) တွင် ဖော်ပြခဲ့သည့်အတိုင်း အလုပ်ကိစ္စတစ်ခုကိုယ်တိုင်တာဝန်ယူကာ လုပ်ဆောင်သည့်အခါမျိုးတွင် မိမိတာဝန်ယူသည့်အပိုင်းတွင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်း သို့ ပေါ်ပေါက်လာနိုင်သည့်အနေအထားတစ်ရပ်တွင် အသင်းဖော်များကို ချက်ခြင်းအသိပေးခြင်း၊ အထက်က တာဝန်ရှိသူကို အချိန်မှီအကြောင်းကြားခြင်းများ ရဲရဲဝင့်ဝင့် ပြုလုပ်ပါ။ မပြောရဲ၍သော်လည်းကောင်း လစ်လျူရှုကာ ပစ်ထားခြင်းဖြင့်သော်လည်းကောင်း ကုမ္ပဏီတစ်ခုလုံး လုပ်ဖော်ကိုင်ဖက်မျာအားလုံး ဒုက္ခရောက်မည့် အပြုအမူများကို ရှောင်သင့်သည်။

 

၅။ သင့်အလုပ်ပေါ် ဝေဖန်အကြံပြုချက်များကို ဒေါသဖြင့်မတုံ့ပြန်ပါနဲ့။

 

အထက်က တာဝန်ရှိသူ (သို့) လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးမှ ဝေဖန်အကြံပြုသည့်အခါ တစ်ခါတစ်ရံ အပြုသဘောဆောင်လွန်းသည့် အခြေအနေများရှိလာမည်ဖြစ်သည်။ မည်ကဲ့သို့ ဝေဖန်စေကာမူ၊ သင့်ဖက်ကနေ၍ အရမ်းကိုယ့်ကိုယ်ကို ကာကွယ်လွန်း၊ ဒေါသရှေ့ထားလွန်းနေလျှင် ခရီးရောက်တော့မည်မဟုတ်။ ဒေါသရှုးရှုးရှဲရှဲထွက်၍ ကိုယ်ဟန်မျက်နှာပျက်နေလျှင် အခြားအလုပ်လုပ်ဖော်ကိုင်ဖက်များကို အနှောင့်အယှက်ဖြစ်သည့်အပြင် သင့်၏ ပုံရိပ်လည်းများစွာ ထိခိုက်မည်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးဝေဖန်သည်ဟု မယူဆဘဲ တိုးတက်ရန်လမ်းကြောင်းမှာရှိသည့် လိုအပ်ချက်များဟုသာ ခံယူ၍ ကြိုးစားလိုစိတ်မွေးသင့်သည်။

 

၆။ လုပ်ဖော်ကိုင်ဖက်များနဲ့ ပြောဆိုဆက်ဆံရာတွင် ရှင်းလင်းပြတ်သားစွာပါ။

 

နှုတ်ဖြင့်ပြောဆိုသည်ဖြစ်စေ၊ စာနဲ့ရေးသည်ဖြစ်စေ တိတိကျကျ၊ သပ်သပ်ရပ်ရပ်ရေးသာ မှာကြား ပြောဆိုပါ။ စာအရေးအသားများ မရှင်းလင်း မတိကျ စာလုံးပေါင်းသတ်ပုံ အဓိပ္ပါယ်မမှန် လျှင် သင့်၏ ဆိုလိုသော message   ကိုလေးစားမှု အာရုံစိုက်မှုကျနိုင်သည်။ ဥပမာ သင်၏တာဝန်ကျရာ ဌာနတစ်ခုလုံးကို အီးမေးလ် (သို့) အသိပေးစာတစ်ခုပို့သည် ဆိုပါစို့၊ တရားရုံးကို အယူခံဝင်သည့် ရှည်လျားထွေပြားသော စာကြီးရေးရန်မလိုသော်ငြားလည်း Facebook / Viber စသည့် လူမှုကွန်ယက်များတွင် သုံးနေသော အသုံးအနှုန်းစာလုံးတိုများကို ရှောင်ရှားရမည်။

 

၇။ Flexible ဖြစ်ပါ။

 

အရာအားလုံးကို တရားသေစွဲကိုင်ပြီး အလုပ်လုပ်နေလျှင် သင်၏တိုးတက်မှုကလည်း တရားသေနှုန်းတစ်ခုနဲ့သာ ဖြစ်နေပေမည်။ ဆိုပါစို့ ၊ ညနေ ၆နာရီ ရုံးဆင်းရမည်ဆိုသည်ကို အသေစွဲကိုင်ပြီး ညနေ ၆နာရီခွဲခန့်တွင် ရလာမည့် အရေးကြီးသော customer တစ်ယောက်ကို လက်လွတ်ခံခြင်းကို မလုပ်သင့်ပေ။ မှန်ပါသည်၊ ဘ၀မှာ အခြားအရေးကြီးသော မိသားစုကို အချိန်ပေးခြင်းစသည့် လူမှုဘ၀အကြောင်းအရာအမျိုးမျိုးရှိသည်။ သို့သော် အသင်းဖော်များအတွက်၊ အလုပ်အတွက် အကျိုးရှိသော ကိစ္စကို “ညနေ ၆ နာရီ ပြန်လျှင် ငါ့တာဝန်ပြီးပြီ” ဆိုသော အသိတစ်ခုတည်းနဲ့ ပစ်ထားလိုက်ခြင်းသည် professional ကောင်းတစ်ယောက်၏ လုပ်ရပ်မဟုတ်ပေ။ အလုပ်ချိန်သည် တစ်ခုတည်းသော ဥပမာဖြစ်သည်။ တိုးတက်ပြောင်းလဲနေသည့် လုပ်ငန်းခွင်တစ်ခုတွင် အစီအစဉ်ချထားသည့် ပရောဂျက်များ၊ ပန်းတိုင်များ အသီးသီးရှိနေပြီး ၎င်းတို့သည်လည်း ထင်ထားသည့်အတိုင်းမဟုတ်ဘဲ ပြောင်းလဲနေမည်ကို ကိုယ်က လက်ခံပေးနိုင်ရမည်ဖြစ်သည်။ ပြောင်းလဲမှုတိုင်းကို အပြစ်မြင် ငြီးတွား ဒေါသထွက်နေခြင်းသည် သင့်အတွက် ကျရှုံးမှုကိုသာ ဖော်ဆောင်သွားလိမ့်မည်ဖြစ်သည်။

 

၈။ အလုပ်ချိန် (သို့) ဆွေးနွေးပွဲအချိန်များ မှန်မှန်တက်ပါ။

 

ကြိုတင်စီစင်ထားသော အပန်းဖြေခရီးတစ်ခု၊ နေမကောင်းလုံးလုံး ဖြစ်နေခြင်းမျိုးမှလွဲ၍ ကျန်အချိန်များတွင် သင့်ကိုမျှော်မှန်းထားသည့် အလုပ်ချိန် (သို့) ဆွေးနွေးပွဲများသို့ တက်ရောက်ပါ။ မနက်၃နာရီထိ ရုပ်ရှင် ကြည့်နေ၍၊ ညနေခင်း ဘောလုံးကန်ကာ မထနိုင်၍၊ အရက်မူးမပြေသေးသ၍ စသဖြင့် အကြောင်းအမျိုးမျိုးပြကာ အလုပ်မသွားချင်ဖြစ်နေခြင်းကြောင့် အလုပ်မတက်ခြင်း သည် ကောင်းသော အပြုအမူတစ်ရပ်မဟုတ်ပေ။ သင့်ကြောင့် တစ်ပါးသူများ စီစဉ်ထားသည့် အစီအစဉ်များ ပျက်ဆီးသွားကာ နှောင့်နှေးသွားမည်ကို သတိပြုမိသင့်သည်။

 

၉။ ကိုယ်လုပ်ရမည့် တာဝန်ထက်ပို၍ ကူညီဆောင်ရွက်ပါ။

 

လုပ်ငန်းခွင်တွင် အများကလေးစားသော၊ professional ကောင်းဟု နာမည်ထွက်သောသူများသည် အမြဲတမ်းတိုးတက်ရာတိုးတက်ကြောင်းရှာဖွေနေသည်၊ ကိုယ်လုပ်ရမည့်အလုပ်သာမက အခြားလုပ်ဖော်ကိုင်ဖက်များကို ကူညီဆောင်ရွက်ပေးခြင်းဖြင့်လည်း skills နှင့် experience ကို တိုးချဲ့နေတတ်သည်။ ပရောဂျက်အသစ်များကိုလည်း ကြောက်ရွံ့မနေဘဲ လုပ်ကြည့်လိုကြသည်။

 

၁၀။ သင့်ရဲ့မန်နေဂျာကို ရန်သူအဖြစ်မြင်နေခြင်းကို ရှောင်ပါ။

 

မန်နေဂျာတော်တော်များများဟာ သင် သင့်အလုပ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်၍ အောင်မြင်သည်ကိုသာ မြင်လိုကြပါသည်။ (သဘာဝကျကျ စဉ်းစားကြည့်မည်ဆိုလျှင်လည်း သင်အလုပ်ကောင်းလုပ်မှ သူတို့၏ မန်နေဂျာတာဝန်ပိုမို ပီပြင်ကောင်းမွန်ကာ ရာထူးတက်မည်ဖြစ်၍ မည်သည့်အခါမှ သင့်အား ပျက်စီးရာပျက်ဆီးကြောင်း ကြံစည်နေမည်မဟုတ်) ထိုအချက်ကိုလက်ခံပြီး သင့်အနေဖြင့် သင်၏မန်နေဂျာ၊ သို့၊ အထက်ကလူကို သင့်ပျော်ရွှင်မှုတွေဖျက်ဆီးနေသည့် ရန်သူကြီးဟုမမြင်ဘဲ သင့်ထက် အလုပ်မှာ လုပ်ပိုင်ခွင့်တစ်ချို့ ပိုရထားသည့် ပုဂ္ဂိုလ်၊ ချမှတ်ထားသည့် ကုမ္ပဏီ၏ ရည်မှန်းချက် ပန်းတိုင်များကို အတူလက်တွဲ ကြိုးစားလုပ်နေသည့် လုပ်ဖော်ကိုင်ဖက် တစ်ဦးဟုသာ မှတ်ယူရမည်ဖြစ်သည်။

 

Translated from: http://money.usnews.com/money/blogs/outside-voices-careers/2013/07/22/what-does-it-mean-to-be-professional-at-work

 

 

Comments Off on Noble IT Solutions Co.,Ltd မှ သင့်ရဲ့ စီးပွားရေးလုပ်ငန်း အတွက် မရှိမဖြစ် Noble HRMS Software ၊ Time Attendance Machine နှင့် အခြားဆက်စပ် လုပ်ငန်းသုံး Software များ

Noble IT Solutions Co.,Ltd မှ သင့်ရဲ့ စီးပွားရေးလုပ်ငန်း အတွက် မရှိမဖြစ် Noble HRMS Software ၊ Time Attendance Machine နှင့် အခြားဆက်စပ် လုပ်ငန်းသုံး Software များ

Posted by | October 1, 2014 | Articles, Featured HR Product

မြန်မာပြည် အခြေစိုက် Noble IT Solutions Company သည် ထိုင်ဝမ်နိုင်ငံထုတ် ZK အမှတ်တံဆိပ် Finger Print နှင့် အခြား လုပ်ငန်းသုံး Software များကို ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီ ဖြစ်ပါသည်။ MyanmarJobsDB website ကို အသုံးပြုနေသော users များအတွက် Noble IT Solutions ၏  ထုတ်ကုန်များနှင့် မိတ်ဆက်ပေးပါရစေ…..

 

Noble Banner

 

1) Human Resource Management System

ဝန်ထမ်းများ၏ ရုံးတက်ရုံးဆင်း မှတ်တမ်းများ ၊ လစာပေးစနစ်များကို အထိရောက်ဆုံး ထိန်းချုပ်ထားနိုင်သော စနစ်ဖြစ်ပါသည်။ ၀န်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ ၊ မိမိကုမ္ပ္ပဏီတွင် လုပ်ကိုင်ခံသော မှတ်တမ်းများ ၊ ရာထူးအလိုက် လစာနှုန်းသတ်မှတ်ထားခြင်းများကို ထည့်သွင်း သိမ်းဆည်းနိုင်ပါသည်။ လစာတွက်ချက်ခြင်း အချိန်ပို လုပ်ခ တွက်ချက်ခြင်း ၊ ဆုကြေးငွေ/ အသုံးစရိတ် တွက်ချက်ခြင်း ၊ ခွင့်အမျိုးအစားများ ၊ အခွန်တွက်ချက်ခြင်း ၊ ၀န်ထမ်းများ၏ တာဝန်ချထားခြင်းများ တို့ကို ပြုလုပ်နိုင်ပါသည်။ Noble IT Solution CO.,Ltd မှ ရေးသားထားသော ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှုစနစ်ကို လက်ဗွေနှိပ်စက် အမျိုးမျိုးနှင့် တွဲဖက် အသုံးပြုနိုင်ပါသည်။

2) Point of sales System

Point of sales System တွင် Silver Package၊ Gold Package နှင့် Platinum Package ဟူ၍ သုံးမျိုးရှိပါသည်။ Silver Package တွင် Purchase ( credit / cash ) , Purchase Order , Sale (credit/ cash ) , Sales order , Inventory Management , Customer Management စနစ်တို့ပါဝင်ပါသည် ။

Gold Package တွင် Silver Package မှ Feature များ အပြင် cash book , General Ledger , Jouranl , Trial Balance , Profit & Loss, Balance Sheet များ ထပ်ပေါင်းပါဝင်သည်။

Platinum Package တွင် Gold Package မှ Feature များအပြင် ဆိုင်ခွဲရှိသော ဆိုင်များအတွက် online မှ တစ်ဆင့် ရုံးချုပ်သို့ အရောင်းအ၀ယ် ပေးပို့ နိုင်သော  Feature ပါဝင်ပါသည်။

3) Website Development

Domain Name Registration ပြုလုပ်ပေးခြင်း၊ Web Hosting၊ Email Hosting နှင့် Website Development / Maintenance များ လုပ်ဆောင်ပေးခြင်း

အထက်ပါ အချက်အလက် များနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက https://www.facebook.com/NobleITSoln  တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

လိပ်စာ No. 116/118 (4A), Bokalay Zay Street (Middle Block), Botahtaung Township, Yangon
ဖုန်း – 09 320 300 78, 09 320 300 79, 01 398 332

Comments Off on Resume/CV တွေမှာ တွေ့လေ့ရှိတဲ့ သုံးသင့်သော/မသုံးသင့်သော စကားလုံးများ

Resume/CV တွေမှာ တွေ့လေ့ရှိတဲ့ သုံးသင့်သော/မသုံးသင့်သော စကားလုံးများ

Posted by | June 25, 2014 | Articles, Career Development, Job Search

Resume တွေမှာ ရေးလေ့ရှိတဲ့ ကောင်းတဲ့စာလုံးတွေ၊ မသုံးသင့်တဲ့စာလုံးတွေအကြောင်း စစ်တမ်းရလဒ်ပါအချက်တွေကို ဖတ်တဲ့အခါ တချို့က သဘောတူမှာ မဟုတ်ပေမယ့် အလုပ်လျှောက်မယ့် သူအတွက်တော့ resume ကောင်းကောင်းဖြစ်လာစေလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်လို့တင်ပြပေးလိုက်ရပါတယ်။

action-verbs-liked

နည်းပညာတွေတိုးတက်လာတဲ့အတွက် အရင်တုန်းကထုံးစံအတိုင်း ရေးလာတဲ့ word document resume ပုံစံတွေ မရှိတော့ဘူးလို့ တော်တော်များများထင်နေကြတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ပျောက်ကွယ်မသွားသေးပါဘူး။ တစ်ချိန်တည်းမှာပဲ LinkedIn profiles, video clips တွေနဲ့အခုနောက်ပိုင်း အသုံးပြုတဲ့ နည်းလမ်းတွေကို ပိုပြီးလိုလားတဲ့ recruiter တွေလည်းရှိလာပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ resume အများစုကတော့ ကွန်ပျူတာနဲ့သေချာစာစီထားတဲ့ word document တွေသာ တွင်ကျယ်နေပါသေးတယ်။

သို့ပေမဲ့လည်း resume တွေအကြာင်း ကောက်ယူထားတဲ့ အမေရိကန်နိုင်ငံအခြေစိုက် နောက်ဆုံး CareerBuilder စစ်တမ်းတစ်ခုကို လေ့လာသုံးသပ်ကြည့်လိုက်မယ်ဆိုရင် တွေ့ရတာကတော့ HR မန်နေဂျာအများစုက အလုပ်လျှောက်လွှာတွေကို အချိန်ပေးဖတ်ကြည့်ပြီး စဉ်းစားမနေ ကြတော့ဘူးဆိုတာပါပဲ။ ဒါကြောင့် လျှောက်ထားတဲ့သူတွေ အနေနဲ့ အဲဒီ အချိန်တို အတွင်းမှာ မိမိ Resume ကို သတိပြုခံရအောင် အခွင့်အရေးကို အမိအရဆုပ်ကိုင်ထားနိုင်မှရပါမယ်။ တကယ်တော့ မန်နေဂျာတွေက resume  တစ်စောင်ဖတ်ဖို့အချိန် ၂မိနစ် ထက်ပိုအချိန်မဖြုန်းကြတော့ပါဘူးတဲ့။

စစ်တမ်းအရတော့ HR မန်နေဂျာတွေထဲက ၁၇% လောက်က resume ဖတ်ရာမှာ စက္ကန့် ၃၀လောက်ပဲအချိန်ပေးဖတ်ကြတယ်။ အများစု ၆၈% လောက်ကသာ အချိန် ၂မိနစ်လောက်ပေးကြတယ်။

ဒီတော့ မေးခွန်းတွေ မေးစရာဖြစ်လာတယ်။ ရှင်းပြနေစရာမလိုလောက်အောင်ကို အရေးကြီးတဲ့ သေချာဖတ်ပြီးစစ်ဆေးရမဲ့တဲ့ အလုပ်တစ်ခုကို ဘာလို့အချိန်နည်းနည်းပဲ ပေးရတာလဲ…?

ဒါကအလုပ်ရဲ့ သဘာဝပါပဲတဲ့၊ recruiter/HR manager တွေအနေနဲ့မြောက်များစွာသော resume တွေကို ကိုင်တွယ်နေရတဲ့ အချိန်မှာ position နဲ့ မကိုက်ညီဘဲလျှောက်ထားတဲ့သူတွေ အများကြီးပါနေလိမ့်မယ်။ ကိန်းဂဏန်းတွေနဲ့ကစားရသလိုပါပဲ။ Professional recruiter တွေအနေနဲ့ များစွာသော resume တွေရှေ့ဆင့်နောက်ဆင့် ၀င်လာတာကလည်း သူတို့အတွက်ခေါင်းကိုက်စရာပါ။ တနည်းပြောရရင် resume တွေက အရမ်းများတဲ့အတွက် အကောင်းဆုံးဆိုတဲ့ resume တွေမလွဲရင် အချိန်မပေးနိုင်ကြတော့ဘူး။

CareerBuilder ရဲ့ စစ်တမ်းကနေ ထောက်ပြလိုက်တဲ့အချက်တွေကတော့

အချိန်တိုလေးအတွင်းမှာ စိတ်ဝင်စားမှုအာရုံကိုအမိအရဖမ်းနိုင်ဖို့ resume ထဲမှာ အသုံးပြုတဲ့ စကားလုံးတွေက ပြောင်းလဲပေးလိုက်နိုင်ပါတယ်။ ဒါနဲ့ survey အဖွဲ့က HRမန်နေဂျာတွေကို ထပ်မံမေးခွန်းထုတ်ခဲ့တယ်။

၎င်းတို့တွေ့ခဲ့ရတဲ့ resume တွေထဲမှာ  ဘယ်စာလုံးတွေက အများဆုံး ထပ်ခါတလဲလဲအသုံးပြုနေပြီး ဘယ်အသုံးအနှုန်းမျိုးက resume ကိုအချိန်ပေးဖတ်ဖို့အခွင့်ပိုစေခဲ့သလဲ?

အောက်ဖော်ပြပါအချက်တွေကတော့survey ကနေတစ်ဆင့်သိခဲ့ရတဲ့ resume တစ်ခုမှာတွေ့ရတဲ့ အကောင်းဆုံး နဲ့ အဆိုးဆုံး (မသုံးသင့်သော) အသုံးအနှန်းတွေဖြစ်ပါတယ်။

အဆိုးဆုံးအသုံးအနှုန်းများ (ဤစကားလုံးများကို အတတ်နိုင်ဆုံး ရှောင်ရှားပါ)

  • Best of breed: 38 percent;
  • Go-getter: 27 percent
  • Think outside the box: 26 percent;
  • Synergy: 22 percent;
  • Go-to person: 22 percent;
  • Thought leadership: 16 percent;
  • Value add: 16 percent;
  • Results-driven: 16 percent;
  • Team player: 15 percent;
  • Bottom-line: 14 percent;
  • Hard worker: 13 percent;
  • Strategic thinker: 12 percent;
  • Dynamic: 12 percent;
  • Self-motivated: 12 percent;
  • Detail-oriented: 11 percent;
  • Proactively: 11 percent;
  • Track record: 10 percent.

အကောင်းဆုံးအသုံးအနှုန်းများ ( ဒီစာလုံးတွေကတော့ အလုပ်ရှင်တွေအနေနဲ့ resume မှာဖော်ပြစေချင်တဲ့ အသုံးအနှုန်းတွေပါ)

  • Achieved: 52 percent;
  • Improved: 48 percent;
  • Trained/Mentored: 47 percent;
  • Managed: 44 percent;
  • Created: 43 percent;
  • Resolved: 40 percent;
  • Volunteered: 35 percent;
  • Influenced: 29 percent;
  • Increased/Decreased: 28 percent;
  • Ideas: 27 percent;
  • Negotiated: 25 percent;
  • Launched: 24 percent;
  • Revenue/Profits: 23 percent;
  • Under budget: 16 percent;
  • Won: 13 percent

ယေဘုယျအားဖြင့် အလုပ်ခန့်တဲ့ HR မန်နေဂျာတွေဟာ သင့်ရဲ့ အတွေ့အကြုံ၊ အရည်အချင်း နဲ့ အောင်မြင်မှုတွေကို အသေးစိတ် တိတိကျကျ ဖော်ပြနိုင်တဲ့ စကားလုံးတွေကိုပိုပြီးလိုလားတယ်။ အချက်အလက်တွေကို တိတိကျကျမဖော်ပြနိုင်တဲ့အချက်တွေ အသုံးအနှုန်းတွေကတောအမှတ်လျော့စေမှာပါ။ အဲ့ဒါကြောင့် ကိုယ်အလုပ်လုပ်တာတော်တယ်လို့ပြောနေယုံထက် ကိုယ်လုပ်ထားခဲ့တဲ့ ရလာဒ်ကောင်းတွေကို ဘယ်လိုရယူပြီး ဘယ်လောက်ထိရယူနိုင်ခဲ့လဲဆိုတာ တိတိကျကျ ဖော်ပြပေးသင့်ပါတယ်။

အထက်ပါအချက်လေးများကို သတိပြုမိပြီး resume ကောင်းတစ်ခုကို ရေးသားနိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရယူနိုင်စေရန် MyanmarJobsDB မှ ယခုဆောင်းပါးကို ဖော်ပြပေးလိုက်ရပါတယ်။

Reference from: TLNT

When is it too early to quit? ဒီလိုမေးခွန်းမျိုးတွေကို internet မှာဘယ်စာမျက်နှာမှာပဲမေးမေး ပြန်ရတဲ့အဖြေကတော့ “ဘယ်အချိန်အလုပ်ထွက်ထွက် အချိန်ကအမြဲစောလွန်းပါသေးတယ်။” လို့အများဆုံးဖြစ်နေပါတယ်။

Too early to quit

သင်နဲ့ သင့်ရဲ့ အောင်မြင်မှုကြားမှာရှိတဲ့ ဘ၀မှာ အခက်အခဲပေါင်းများစွာ ကြုံတွေ့ရသမျှကို ကြိုးစားတွန်းထုတ်နိုင်တဲ့ သင့်ရဲ့ စွမ်းဆောင်ရည်က ကျဆုံးခြင်းနဲ့ အောင်မြင်မှုကို ပိုင်းခြားပေးထားတာပါ။

ဘ၀မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရဦးမှာပဲ၊ ဒါတွေက သင့်ကို ကြံ့ကြံ့ခံနိုင်အောင် ဦးဆောင်ပေးတယ်။ အခက်အခဲတွေကို ရင်ဆိုင်ပါ ဒါမှသင့်မှာ အတွေ့အကြုံအသစ်၊ အတတ်ပညာအသစ်တွေ နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေတိုးလာ နိုင်မယ်၊ ဒါမှမဟုတ် သင့်အပေါ်မှီခိုအားထားနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အတွေ့အကြုံ ဗဟုသုတ တွေခွဲဝေပေးနိုင်မယ်။ အဲဒီကနေ တစ်ဆင့် အောင်မြင်နိုင်ဖို့ လမ်းစသစ်တွေဖြစ်လာမယ်။

ကျော်ကြားတဲ့ Winston Churchil ရဲ့ပြောစကားအရ “ငရဲကို ဖြတ်ပြီးသွားရမယ်ဆိုရင်တောင်မှ ဆက်ပြီး သွားပါ။”သူ့ အတွက်ကတော့ ဘာမှဆက်မလုပ်တော့ဘဲ ရပ်နေလိုက်လျှင် တခြားတစ်ဖက်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ သူဘာမှမသိ မမြင်နိုင်တော့မှာ မဟုတ်ဘူး။ ကောင်းတာ၊ ဆိုးတာ ဒါမှမဟုတ် အခြားတစ်ခုခုလုပ်လိုက်နိုင်လောက်မယ့် ရလာဒ်ကို ဘယ်တော့မှသိလိုက်ရမှာမဟုတ်ပါဘူးလို့ သူ့အနေနဲ့ခံယူထားပါတယ်။

အများအားဖြင့် ကျဆုံးမှုတွေဖြစ်မလာခင်မှာ ကျွန်တော်တို့တွေ အလုပ်ကနေ တိမ်းရှောင် ထွက်ပြေးတတ် ကြတယ်။နောက်ပိုင်းမှ ကိုယ့်ရဲ့ သူငယ်ချင်း၊ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေ အခက်အခဲမျိုးစုံ ကျော်လွှားပြီး အောင်မြင်နေတာကိုထိုင်ကြည့်နေရတတ်တယ်။ ဒီလိုနဲ့ စိတ်ဓာတ်ကျပြီး အလုပ်ကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့ ခံစားချက်ထက် ပိုမိုဆိုးရွားတဲ့ ခံစားချက်တွေနဲ့ မေးခွန်းပေါင်းများစွာ ကိုယ့်ကိုယ်ကို မေးခွန်ထုတ်ရင်း ကျန်ရစ်ခဲ့ကြရတတ်တယ်။

စာရေးဆရာ Les Brown ကတော့ “သင်အနိုင်မရမချင်း ဘယ်တော့မှ ပွဲမပြီးဘူး” အဲဒီလို အောင်နိုင်မှုကို ဆာလောင်မွတ်သိပ်မှုဖြစ်ခြင်း ကမှ ဘ၀ရဲ့ စိန်ခေါ်မှုတွေ၊ မကောင်းပြောတဲ့သူတွေ၊ မမှန်ကန်တဲ့ အတွေးအခေါ်တွေကို ကောင်းကောင်းကျော်ဖြတ်နိုင်မယ်လို့ သူ့ရဲ့ စာအုပ်ထဲမှာရေးသားထားပါတယ်။ နောက်ပြီး တချို့သူတွေက အဆိုးမြင်တတ်ကြတယ်။ ဘာကိစ္စ မဆိုYes ဆိုတဲ့ အဖြေမပေးခင်၊ No ကို (၇)ခါ၊(၈)ခါ လောက်ကိုပြောဆို ငြင်းတတ်ကြတဲ့ သူမျိုးတွေလည်းရှိတယ်လို့ဖော်ပြထားပါသေးတယ်။

Success ဆိုသည့် အောင်မြင်မှု ဟာ အလုပ်အကိုင် ဆိုတဲ့ Work ရဲ့ အရှေ့မှာကြို ရောက်နိုင်သည့်နေရာသည် အဘိဓာန် စာအုပ်တစ်နေရာထဲမှာသာရှိပါတယ်။ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်၊ မအောင်မြင်တဲ့ပုဂ္ဂိုလ်တို့ကို ကွဲပြားခြားနားစေတဲ့ အရာတစ်ခုကတော့ အလုပ်ကိုလက်တွေ့ လုပ်ဆောင်ခြင်းပါ။

Quitting အလုပ်ထွက်ခြင်းဆိုသည်မှာ ယုံကြည်ချက်၊ မိသားစုအရေုး၊ အာရုံ စူးစိုက်မှု၊ သစ္စာရှိမှု၊ ဇွဲလုံလရှိမှု ဆိုတဲ့အုပ်စု နဲ့ လုံးဝ မသက်ဆိုင်သောလုပ်ဆောင်ချက်တစ်တစ်ခုပါ။ ဇွဲလုံလ ၀ရိယ ရှိခြင်းဆိုသည်မှာ ဘ၀ရဲ့ အခက်အခဲ အတက်အကျ ပြောင်းလဲမှုတွေမှာ ကျွန်တော်တို့ အားလုံးအပေါ် ခွန်အား အပြည့်နဲ့ ကျော်လွှား ဆောင်ရွက်နိုင်ဖို့ ယုံကြည်ချက်ပေးနိုင်တဲ့ အကြောင်းရင်းတစ်ခုပါ။

အနာခံမှ အသာစံရမယ် ဆိုသလိုပါပဲ။ စိန်ခေါ်မှုတွေကို မစိုးရိမ်ပါနဲ့။ဒါတွေဟာ ကျွန်တော်တို့ လောကဓံ ကို ကြံ့ကြံ့ခံ နိုင်ပြီး အောင်မြင်ခြင်းလမ်းစပြပေးဖို့ရောက်လာတာပါ။ တစ်ခုခုအခက်အခဲလေးတွေ့ပြီ ဆိုတာနဲ့ ထွက်ဖို့ (quit) ဖို့မကြိုးစားပါနဲ့။

ဒါကြောင့်ဒီစာကြောင်းအတိုင်းပါပဲ “It is always too early to quit”.

By Yumi – Reference: Careerealism

အခုလို အပြိုင်အဆိုင်နဲ့ အလုပ်ရှာဖွေရတဲ့ ခေတ်ကြီးမှာ မိမိရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း Resume ကို အများထက်သာအောင် ရေးနိုင်ဖို့ဆိုတာ စိန်ခေါ်မှု တစ်ခုပါ။ သင့်ရဲ့ Resume  သင့်ကို Interview ဖြေဖို့တံခါးဝ အထိပို့ဆောင်ပေးနိုင်သလို Reject Letter ငြင်းပယ်စာ ရေးဖို့ ဖယ်ထားတဲ့ စာရွက်အပုံထဲလည်း ရောက်သွားစေနိုင်ပါတယ်။ ဒီတော့ Resume ကိုဘယ်လိုထင်ရှားပေါ်လွင်အောင် ရေးရမယ်ဆိုတဲ့ အကြံပေးချက်တွေကိုကြည့်ရအောင်။

Resume Tips

(1)Be brief with personal information

ကိုယ်ရေးအချက်အလက်တွေကို အသေးစိတ်ဖေါ်ပြရာမှာက နာမည်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် နဲ့ email လိပ်စာ၊ လုပ်ငန်းရှင်ဘက်က သင့်ရဲ့ နေရပ်လိပ်စာအထိ ဆက်သွယ်ဖို့အတွက်တော့အချိန်မအားလပ်ကြပါဘူး။ ဒါ့အပြင် အိမ်ထောင်ရှိမရှိ နဲ့ အခြား အချက်အလက်များကိုလည်း အတိုချုံးရေးပေးပါ။

(2) Show off your skill set

မိမိအရည်အချင်းကိုအပြည့်အ၀ဖော်ပြနိုင်ပါစေ။ သင့်ကို အလုပ်ခန့်အပ်မယ့် အလုပ်ရှင်ဟာ သင့်ရဲ့အားသာချက်တွေနဲ့ ကုမ္ပဏီ အတွက် ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုတာ သင့်မှာရှိတဲ့ အရည်အချင်းတွေကိုသာ စိတ်ဝင်စားတာဖြစ်ပါတယ်။ဒီတော့ ကိုယ်လျှောက်မယ့် အလုပ်နဲ့ဆက်စပ်မှုရှိနိုင်မယ့် သင့်ရဲ့ အလုပ်အကိုင်အတွေ့အကြံ၊ နဲ့အရည်အချင်းတွေကို Resume ထဲမှာ အစီစဉ်တကျ နဲ့ ထည့်သွင်းဖော်ပြပေးဖို့  မမေ့ပါနဲ့။

(3) Relevant Employent History

သင့်ရဲ့ Resume ကိုဖတ်မယ့် ပုဂ္ဂိုလ်ဟာ အချိန်အကန့်အသတ်နဲ့ နောက်ထပ်စစ်ဆေးရမယ့် အခြား Resume တွေအများကြီးကျန်နေလိမ့်ဦးမယ်။ မိမိလျှောက်ထားတဲ့ ရာထူး နဲ့ ကိုက်ညီမယ့် လုပ်ငန်းအတွေ့အကြုံများကို ဦးစားပေးဖော်ပြပေးလျှင် ကိုယ်အတွက်အမှတ်ပိုရစေနိုင်ပါတယ်။ ဒါကြောင့် ဆက်စပ်မှုရှိနိုင်တဲ့ မည်သည့် အတွေ့အကြုံမျိုးမဆို အစဉ်လိုက်ရေးထည့်ပေးပါ။

(4) Show your Personality

အလုပ်ရှင်က သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို၊ သင်ကိုယ်တိုင်ပြောပြတာထက်ကို ပိုပြီးသိချင်ပြီး စိတ်ဝင်စားကြပါတယ်။ ဒီတော့ လက်တွေ့ပြလိုက်ပါ။ မိမိရဲ့ အဖွဲ့အစည်း တစ်ခုခုမှာ လုပ်အားပေးခဲ့ဖူးတဲ့ အတွေ့အကြုံ၊ ရေးသားထားတဲ့ blog စာမျက်နှာတွေနဲ့၊ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပွဲအခမ်းအနားတွေရဲ့ အချက်အလက်တွေကို အသေးစိတ်ရှင်းပြနိုင်ပါစေ။

(5) Design

CV မှာ မိမိကြိုက်နှစ်သက်တဲ့ဒီဇိုင်း၊ စိတ်ဝင်စားတဲ့ မျက်နှာဖုံးစာမျက်နှာ နဲ့အခြားဆက်စပ်မှုရှိတဲ့ ရုပ်ပုံတွေ ထည့်သွင်းဖော်ပြခြင်းသည်လည်း မိမိ personality ကိုဖော်ပြခြင်းရဲ့ တစိတ်တပိုင်းဖြစ်တယ်။

သင့်ရဲ့ CV ရေးသားရာမှာ အနုပညာဖန်တီးမှုတစ်ခုပြုလုပ်နေတယ်လို့ သဘောထားလိုက်ပါ။ မိမိတတ်ကျွမ်းထားတဲ့ အရည်အချင်းတွေကို စားသားအနေနဲ့ ဖော်ပြခြင်းထက် ရုပ်ပုံများသုံးပြီး ကြိုးစားထည့်သွင်းဖော်ပြကြည့်ပါ။

အချိုးကျကျဒီဇိုင်းနဲ့ အချက်အလက်တွေကို တိတိကျကျ ဖွဲ့စည်းဖော်ပြထားမယ်ဆိုရင် သဘောကျ အမှတ်ရစေမှာ အမှန်ပါပဲ။အဓိက က ကိုယ့်ရဲ့အကြောင်းအရာကို ဘယ်လိုဖော်ပြတယ်ဆိုတာ အရမ်းအရေးကြီးပါတယ်။ စိတ်ထဲမှာပုံဖော်ကြည့်ပါ။ ဥပမာ မိမိတတ်မြောက်ထားတဲ့ အရည်အချင်းနဲ့အတွေ့အကြုံတွေကို Timeline တစ်ခုအနေနဲ့ရုပ်ပုံ၊စာသား ဒါ့အပြင် ဗီဒီယိုပါထည့်သွင်းဖော်ပြပြီး စာဖတ်သူကိုဆွဲဆောင်ပါ။ ဒီအချက်တွေက CV ကိုပေါ်လွင်စေဖို့ ကူညီပေးပါလိမ့်မည်။ အကြေင်းအရာတစ်ခုနှင့်တစ်ခု အဆက်အစပ်ရှိပါစေ။

(6) Be passionate about the business

ကိုယ့်ရဲ့လုပ်ငန်းရှင်ရဲ့အမြင်ကိုဆွဲဆောင်နိုင်ရဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကုမ္ပဏီအကြောင်းကို လေ့လာ ထားသည် သာမက လုပ်ငန်းခွင်မှာ ကြိုးစား ဆောင်ရွက် လိုစိတ် သင့်မှာရှိသည်ကို ပြသပါ။

ထိုးထွင်းဥာဏ်စွမ်းရှိပါစေ။ ကုမ္ပဏီနဲ့ ဆက်စပ်အကြောင်းအရာများကိုရှာဖွေပါ။ လက်ရှိအလုပ်ဝင် ၀န်ထမ်းများနဲ့မိတ်ဖွဲ့ ပါ။

လုပ်ငန်းနဲ့ပတ်သက်တဲ့ သင့်ရဲ့ ဗဟုသုတ ကို အဆက်အစပ်ရှိအောင် ဖော်ပြနိုင်ခြင်းက အလုပ်အပေါ် စိတ်အားထက်သန် မှုကို သိရှိစေပြီး interview မှာပါဝင်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ CV တွင် ကုမ္ပဏီအပေါ်မှာမည်မျှ အလေးအနက်ထားသည်ကို ပြသခြင်းအားဖြင့် ပြိုင်ဖက်ထက် နှာတစ်ဖျားသာနိုင် ပါတယ်။

CV ရေးသားရာတွင်အချိန်ပေးပါ။အကြံဥာဏ်တောင်းပါ။ကျွမ်းကျင်သူများရဲ့ ထင်မြင်ချက်တောင်းပါ။ First impression ကအရမ်းအရေး ကြီးပါတယ်။ သင့်ရဲ့ CV က လုပ်ငန်းရှင်တွေအမြင်အတွက် first impression ပါ။ တကယ်ဖြစ်မြောက်အောင်လုပ်နိုင်ဖို့ လိုပါတယ်။ပေါ်ပေါ်လွင်လွင်ဖြစ်ဖို့လည်းလိုပါတယ်။

Reference from Careerealism.com

By Khaing Mon Myat (yumi)

 

Comments Off on တစ်ချိန်တည်းတွင် ဘွဲ့နှစ်ခုပေးအပ်မည့် အစီအစဉ် ဂျပန်နှင့်မြန်မာ လက်မှတ်ထိုး

တစ်ချိန်တည်းတွင် ဘွဲ့နှစ်ခုပေးအပ်မည့် အစီအစဉ် ဂျပန်နှင့်မြန်မာ လက်မှတ်ထိုး

Posted by | April 30, 2014 | Articles, News, Training/Education

ပညာသင်ချိန်တစ် ချိန်တည်းတွင် နှစ်နိုင်ငံလုံးထံမှ ဘွဲ့နှစ်ခုရရှိစေမည့် အစီအစဉ် ကို အကောင်အထည်ဖော်ရန်အ တွက် ဂျပန်နှင့် မြန်မာအစိုးရတို့ ဧပြီ ၂၈ ရက်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ ကြောင်း သတင်းရရှိသည်။

Continue reading »

Comments Off on တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

Posted by | April 29, 2014 | Articles, Training/Education

MMJDB

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရင်း ကျောင်းတက်လိုသူများအတွက် လျှောက်လွှာခေါ်ယူ

Zaw Education Center မှ ဂျပန်နိုင်ငံတွင် ကျောင်းတတ်ရင်းအလုပ်လုပ်ကိုင် လိုသူများအတွက် ၂၀၁၄ ခုနှစ်၊အောက်တိုဘာလ တန်းခွဲအတွက် ကျောင်းလျှောက်လွှာများကို စတင်လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသူများသည် အသက် ၁၈ နှစ်ပြည်ရမည်ဖြစ်ပြီး တက္ကသိုလ် ဒုတိယနှစ်တက်နေသူ (သို့) ဘွဲ့ရပြီးသူဖြစ်ရမည်။ ဂျပန်ဘာသာကို ရက် ၁၅၀ ကြာတတ်ရောက်ပြီးသူ သို့မဟုတ် N-5 အောင်မြင်ပြီးသူဖြစ်ရမည်။ ဂျပန်နိုင်ငံ၌ တရားဝင် Student Visa ဖြင့်သွားရောက်နိုင်မည်ဖြစ်ပြီး ကျောင်တတ်နေစဉ် ကာလအတွင်း အချိန်ပိုင်းအလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို တိုက် ၂၄(အေ)၊ အခန်း-၆၀၂၊ မကြီးကြီးလမ်း၊ စမ်းချောင်းမြို့နယ်သို့ လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

လုပ်ငန်းခွင်အသုံးချ Building Design Interior Design သင်တန်းဖွင့်လှစ်မည်

ပြည်တွင်း၊ ပြည်ပဆောက်လုပ်ရေးကုမ္ပဏီများ၊ Decoration ကုမ္ပဏီများတွင် အလုပ်အကိုင်အခွင့်အလမ်းများပြားသော Drafter, Interior Designer အဖြစ်ဝင်ရောက် လုပ်ကိုင်လိုသူများအတွက် လုပ်ငန်းခွင်အသုံးချ Building Design, Interior Design သင်တန်းကို မေလ ၈ ရက်နေ့တွင် Promotion ကွန်ပြူတာသင်တန်းကျောင်း၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၃၈၉၀၃၈၊ ၀၉-၇၃၁၈၄၅၂၅ သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

Ref: The Opportunity Journal

Comments Off on ဗြိတိသျှကောင်စီ IELTS ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ဗြိတိသျှကောင်စီ IELTS ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

Posted by | April 23, 2014 | Articles, Career Development

အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ IELTS ရမှတ် ၆ မှတ်နှင့် အထက်ရရှိထားသော မြန်မာနိုင်ငံမှ ကျောင်းသားများ  ပြည်ပ ပညာသင် သွားရောက် ရန် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီက ကြေညာသည်။

Continue reading »

Comments Off on အမေရိကန်အစိုးရ ပညာသင်ဆုသုံးမျိုးအတွက် လျှောက်လွှာများ စတင်လက်ခံ

အမေရိကန်အစိုးရ ပညာသင်ဆုသုံးမျိုးအတွက် လျှောက်လွှာများ စတင်လက်ခံ

Posted by | April 23, 2014 | Articles, Career Development

အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ဆု အပြည့်အဝနှင့် သွားရောက်သင်ကြားလိုသော မြန်မာလူငယ်များအတွက် အမေရိကန်အစိုးရက ငွေကြေး ထောက်ပံ့ပေးသော Fulbright Foreign Language Teaching Assistant (FLTA)၊ Fulbright Foreign Student Program နှင့် Hubert H.Humphrey Fellowship အစီအစဉ် လျှောက်လွှာများ စတင်လက်ခံပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကထုတ်ပြန်သည်။

Continue reading »

Comments Off on တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

Posted by | March 24, 2014 | Articles, News, Training/Education

တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

Continue reading »

Comments Off on Victoria University College Education for All “ကြိုတင်ပြင်ဆင်-ပညာသင်”

Victoria University College Education for All “ကြိုတင်ပြင်ဆင်-ပညာသင်”

Posted by | March 24, 2014 | Articles, News, Training/Education

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား/ကျောင်းသူများနှင့် မိဘများအတွက် အထူးကျင်းပပေးသည့် ဟောပြောပွဲ

Continue reading »

Comments Off on Design Thinking Workshop Program 2014

Design Thinking Workshop Program 2014

Posted by | March 20, 2014 | Articles, News, Workplace

အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိသော မြန်မာနိုင်ငံတွင် လျင်မြန်သော သတင်းအချက်အလက်များ၊ တီထွင်ကြံဆမှုကို အခြေခံသည့် စီးပွား ရေး လုပ်ငန်းများ နှင့် ပြောင်းလဲနေသော လုပ်ငန်းစုများသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။

Continue reading »

အိုင်တီနည်းပညာ တိုးတက်လာတာနဲ့အမျှ ကြုံတွေ့လာရတဲ့အန္တရာယ်က ဆိုက်ဘာတိုက်ခိုက်မှု ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်ကိုင်တွယ် အရေးယူနိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။

Continue reading »

ယနေ့စီးပွားရေးလောကတွင် သင်၏လုပ်ငန်း အတွေ့အကြုံကို တင်ဆက်ရာတွင် စိတ်ဓာတ်မခိုင်မာဟု မထင်မြင်သွားစေရန် သေချာစွာဂရုစိုက်၍ တင်ပြသွားရန် လိုအပ်ပါသည်။ သင်၏ အခြေအနေကို သုံးသပ်ခြင်းဖြင့် စတင်ကာ၊ အခြေအနေဘယ်လောက် ဆိုးဝါးနေကြောင်း ကိုဆန်းစစ်ပါ။ ၁၉၉၃ ခုနှစ်က (၂) လ လောက် အလုပ်လက်မဲ့ ဖြစ်နေခဲ့ခြင်းကို စိတ်ပူနေမိပါက၊ ၄င်းသည် သင်၏ အလုပ်ရှာဖွေခြင်းကို အနှောင့်အယှက်ဖြစ်စေမည် မဟုတ်ပါ။ သို့သော် သင့်အနေဖြင့် လောလော လတ်လတ် အချိန်တွင် အလုပ်အကိုင်မဲ့ ဖြစ်ခဲ့ခြင်းသည် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပါက သင့်အနေဖြင့် နည်းဗျူဟာများ သုံးရပါတော့မည်။

Continue reading »

သင်သည် အလုပ်တစ်ခု လျှောက်ရန် အတွက် ပြီးပြည့်စုံသူ တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အလုပ်ခန့်အပ်မည့် မန်နေဂျာသည် သင်၏ ကိုယ်ရေးရာဇဝင်ကို တစ်ချက်သာ ကြည့်ပြီး အမှိုက်တောင်းထဲ ထည့်လိုက်ပါက သင့်အကြောင်းကို သူ ဘယ်တော့မှ သိတော့မည် မဟုတ်ပါ။ ယနေ့ အွန်လိုင်းပေါ်တွင် လုပ်လျှောက်နိုင်သည့် ခေတ်ရောက် နေသော်လည်း၊ ကိုယ်ရေးရာဇဝင် ကောင်းတစ်ခုဟာ အောင်မြင်တဲ့ အလုပ်ရှာဖွေနိုင်မှုရဲ့ အခြေခံအုတ်မြစ် ဖြစ်နေဆဲ ဖြစ်ပါသည်။

Continue reading »

By Kim Issacs, Monster Resume Expert

Mary ဟု ခေါ်သည့် အမျိုးသမီးတစ်ဦးသည် အထင်ကရကောလိပ်တစ်ခု၌ အဆင့်မြင့်သင်ကြားရေး ရာထူးအဆင့်အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရသောကြောင့် သူမသည် စိတ်လှုပ်ရှားမှုကြီးစွာဖြင့် လက်ခံခဲ့သည်။ သို့ရာတွင် (၂) နှစ်ကြာသောအခါ၊ ကောလိပ်၌ သူမ၏ ကောင်းမွန်သော စွမ်းဆောင်ချက်များ၊ ထွန်းတောက်မည့် ကြယ်တစ်ပွင့်အဖြစ် နာမည်ကောင်းရနေခဲ့သော်လည်း၊ သူမသည် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရပါသည်။ ဘာအကြောင်းကြောင့်ပါလဲ။ သူမသည် အလုပ်လျှောက်စဉ်က ကိုယ်ရေးရာဇဝင်ကို လိမ်လည်ရေးသားခဲ့သည်ကို သိသွားသော ကြောင့် ပင်ဖြစ်သည်။

Continue reading »

Unilever Myanmar သည်  လူသုံးကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနေသော ကမ္ဘာ့ထိပ်တန်း FMCG ကုမ္ပဏီတစ်ခုဖြစ်သည်။ Unilever Myanmar Company တွင် On-Job-Training Program အတွက် လျှောက်လွှာများ ခေါ်ယူလျှက်ရှိပါသည်။

Continue reading »

သင်၏ နောက်ကြောင်းရာဇဝင်နှင့် အံဝင်ဂွင်ကျဖြစ်မည့် ကိုယ်ရေးရာဇဝင်ပုံစံကို ရှာဖွေ၍ word-processing program ထဲသို့ ကူးယူပြီး အနည်းငယ် အပြောင်းအလဲလုပ်လိုက်ရုံဖြင့် ပြောင်မြောက်လှသော သင်၏ ကိုယ်ရေးရာဇဝင် ရေးသားမှု ပြီးဆုံးသွားပြီလို့ သင်ထင်မြင်ပါလိမ့်မည်။ သို့သော် ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် သင့်တော်သည်ဟု ထင်ရသော်လည်း ထိုကဲ့သို့ နမူနာပုံစံကို ပုံတူကူး၍ ရေးသားခဲ့လျှင် သင်နှင့် တကယ်မသင့်တော်ပဲ အလုပ်ရှာနေမှုကို ထိခိုက်နိုင်ပါသည်။

အကယ်၍ မှန်ကန်စွာ ရေးသားပြုစုနိုင်မည်ဆိုပါက စာအုပ်များ၊ အွန်လိုင်းပေါ်ရှိ ကိုယ်ရေးရာဇဝင်နမူနာပုံစံများမှ အတွေးအခေါ် ပုံစံများကို အသုံးချခြင်းဖြင့် သင်၏ ကိုယ်ရေးရာဇဝင်ရေးသားပုံကို တိုးတက်စေနိုင်ပါသည်။ အောက်ပါတို့မှာ ကိုယ်ရေးရာဇဝင် နမူနာများ ကို အတိအကျမကူးယူပဲ အသုံးချနည်းများ ဖြစ်ပါသည် –

Continue reading »

`ကိုယ်ရေးရာဇဝင်ရေးသားရာတွင် ဘယ်လောက်ရှည်သင့်သလဲ၊ တိုသင့်သလဲ´ ဟူသော မေးခွန်းသည် အများဆုံးမေးလေ့ရှိသည့် မေးခွန်းဖြစ်ပါသည်။ လွန်ခဲ့သော သိပ်မကြာသေးသည့်ကာလတွင် အလုပ်ရှာဖွေ နေသူများ က ၎င်းတို့၏ ကိုယ်ရေးရာဇဝင်ရေးသားရာတွင် စာမျက်နှာ တစ်မျက်နှာထက်မပိုရန် ပြောဆိုခဲ့ကြပါ သည်။ ထိုစည်းမျဉ်းကို ချိုးဖောက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးရာဇဝင်များသည် ပစ်ပယ်ခြင်းခံရပြီး ရုံးတွင်း circular file သို့သာ ရောက်လိမ့်မည်ဟု ဆိုကြသည်။

Continue reading »