အသုံးပြုရန် အညွှန်း
အသုံးပြုရန် အညွှန်း
www.myanmarjobsdb.com တွင် register အရင်ဦးစွာ ပြုလုပ်ပါ။ (register ပြုလုပ်ခြင်းသည် အခမဲ့ဖြစ်ပြီး အချိန်တစ်မိနစ်ခန့်သာ ကြာနိုင်ပါသည်။)
အလုပ်ကြော်ငြာတင်ရန် (employer)
- website ၏ညာဘက်ရှိ “Submit a Job” ကိုနှိပ်ပါ။
- Login မ၀င်ရသေးပါက မိမိ၏ username နှင့် password ကိုဖြည့်ပြီး login ၀င်လိုက်ပါ (login ၀င်ပြီးသားဖြစ်ပါက ဤအဆင့်ကို ကျော်နိုင်ပါသည်)။
- Submit a Job ဆိုသောစာမျက်နှာတွင် အလုပ်ခေါ်ယူသော ကုမ္ဗဏီအမည်၊ ကုမ္ဗဏီ၏ website address၊ ကုမ္ဗဏီ logo၊ အခြားလိုအပ်သော အလုပ်နှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို ဖြည့်စွက်ပါ။ သင်၏အလုပ်ကြော်ငြာအား အလုပ်ရှာဖွေနေသူများ ပိုမိုမြင်တွေ့နိုင်စေရန်နှင့် လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရန်အတွက် တတ်နိုင်သမျှ တိတိကျကျ ရှင်းရှင်းလင်းလင်း ရေးသားစေလိုပါသည်။
- နောက်ဆုံးအဆင့်အနေဖြင့် သင့်အလုပ်ကြော်ငြာအသေးစိတ်အား မှန်ကန်မှုရှိမရှိ ပြန်လည်စိစစ်နိုင်ပါသည်။ ပြီးလျှင် Finish ဆိုသောခလုပ်ကိုနှိပ်လိုက်ပါ။
- သင်၏ အလုပ်ကြော်ငြာသည် MyanmarJobsDB website ပေါ်သို့ရောက်ရှိသွားပါလိမ့်မည်။
အလုပ်ရှာနေသူများ မိမိ၏ Resume တင်ရန်(job seeker)
- website ၏ညာဘက်ရှိ “Submit your Resume” ကိုနှိပ်ပါ။
- Login မ၀င်ရသေးပါက မိမိ၏ username နှင့် password ကိုဖြည့်ပြီး login ၀င်လိုက်ပါ (login ၀င်ပြီးသားဖြစ်ပါက ဤအဆင့်ကို ကျော်နိုင်ပါသည်)။
- Login ဝင်ပြီးပါက သင်၏ “Dashboard” စာမျက်နှာတွင် “Resume” ကိုနှိပ်ပါ။ ပြီးလျှင် “add resume” ကိုနှိပ်ပါ။
- “Add Resume” စာမျက်နှာတွင် သင်၏ အချက်အလက် အသေးစိတ်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြည့်စွက်ပါ။
- အားလုံး ဖြည့်စွက်ပြီးပါက “Save” ကိုနှိပ်လိုက်ပါ။
- သင်၏ Resume သည် MyanmarJosDB website ပေါ်သို့ ရောက်ရှိသွားပါလိမ့်မည်။
- အကယ်၍ “jobs recommendations” များရရှိလိုပါက သင်၏ Dashboard တွင် Preferences စာမျက်နှာကိုသွား၍ အချက်အလက်များကို ဖြည့်စွက်ပါ။ သင်ဖြည့်စွက်ထားသော အချက်အလက်များပေါ်မူတည်၍ သင့် Dashboard ၏ Jobs Recommendations အောက်တွင် အလုပ်ခေါ်သော ကြော်ငြာများကို တွေ့ ရှိနိုင်ပါလိမ့်မည်။
