Comments Off on နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ပထမဆုံးအကြိမ်လျှောက်လွှာခေါ်ယူ

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ပထမဆုံးအကြိမ်လျှောက်လွှာခေါ်ယူ

Posted by | August 7, 2014 | News, Scholarship

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် ပထမဆုံးအကြိမ်လျှောက်လွှာခေါ်ယူခြင်းအား ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသည်။ အဆိုပါပညာသင်ဆုအတွက်ဘွဲ့လွန်တန်းနှင့် ဘွဲ့ကြိုတန်းနှစ်မျိုးအတွက် ခေါ်ယူခြင်းဖြစ်  သည်။မဟာတန်းပညာသင်ဆုအတွက် တက္ကသိုလ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာတန်း အောင်မြင်ပြီး မဟာတန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။ ပါရဂူတန်းပညာတော်သင်ဆုအတွက် မဟာတန်းအောင်  မြင်ပြီးသူ (သို့) မဟာသုတေသနဘွဲ့ရရှိပြီးသူဖြစ်ရမည်။

ဘွဲ့ကြိုတန်းအတွက် အသက် ၁၆ နှစ်အောက်မငယ်ရ၊ အသက် ၂၀ နှစ်အထက်မကြီးရဟု သတ်မှတ်ထားပြီး  တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၅၀၀ မှတ်နှင့်အထက်ရရှိသူ (သို့) GCE ‘A’ Level အောင်မြင်ပြီးသူ (သို့) နိုင်ငံတကာတက္က   သိုလ်ဝင်ခွင့်စာမေးပွဲ တစ်ခုခုအောင်မြင်ပြီးသူဖြစ်ရမည်။ ပညာသင်ဆုနှစ်ခုလုံးအတွက် နိုင်ငံခြားမှဘွဲ့ရရှိပြီးပြန်လာသောအ  ခါ နိုင်ငံတော်မှပေးအပ်သော အလုပ်တာဝန်ကို ပညာတော်သင်ကာလ၏ ၂ ဆတိုင်အောင် တာဝန်ထန်းဆောင်ပါမည်ဟု စာချုပ်ချုပ်ဆိုနိုင်သူဖြစ်ရမည်ဟုပါရှိသည်။ထိုသို့ထမ်းဆောင်ခြင်းမပြုနိုင်ပါက ပညာတော်သင်ကုန်ကျစရိတ်၏ ၃ ဆပြန်   လည်ပေးလျှော်ရမည်ဟု ပါရှိပါသည်။လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ  ကျောင်းသားရေးရာဌာနတွင်အခမဲ့ရယူပြီး ပြည့်စုံအောင်ဖြည့်စွက်၍ လျှောက်လွာရယူခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်သည်။အသေးစိတ်အချက်အလက်များအား ပညာရေးဝင်ကြီးဌာန ဖုန်း- ၀၆၇-၄၀၇၁၁၃၊ ၀၆၇-၄၀၇၅၁၈ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Credit : အခွင့်အလမ်းဂျာနယ်မှကူးယူဖေါ်ပြပါသည်။

 

1017 total views, 1 today