Comments Off on AIESEC မှ Myanmar Youth Business Engagement Forum 2014 ကြီးမှုးကျင်းပမည်

AIESEC မှ Myanmar Youth Business Engagement Forum 2014 ကြီးမှုးကျင်းပမည်

Posted by | July 7, 2014 | Conferences and Forums, News

ကမ္ဘာ့အကြီးဆုံး ကျောင်းသားကွန်ယက်အဖွဲ့အစည်း AIESEC သည် မြန်မာ့လူငယ်များအတွက်ရည်စူ၍ လာမည့် ဇူလိုင် ၁၁ရက်မှ ၁၂ရက်အထိ ၃ရက်ကြာ လူယ်စီးပွားရေးဆိုင်ရာ နှီးနှောဖလှယ် ဆွေးနွေးပွဲတစ်ခု ကျင်းပသွားမည်ဟု သိရသည်။

Opportunities Now (Entrepreneurship Training School) နှင့် ပူးပေါင်း၍ မြန်မာပြည်တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ဤပွဲသည် နာမည်ကြီးကုမ္ဗဏီများနှင့် အလုပ်ရှာနေသူလူငယ်များကို ပေါင်းစည်းမိတ်ဆက်ပေးမည့်ပွဲတစ်ပွဲဖြစ်သည်ဟု AIESEC က ပြောကြားခဲ့ပါသည်။ လူငယ်များအနေဖြင့် အလုပ်ရှင်များနဲ့တိုက်ရိုက်တွေ့ဆုံလျှောက်ထားနိုင်ပြီး ပြည်တွင်း၊ ပြည်ပကုမ္ဗဏီများအကြောင်းကို တိုက်ရိုက်လေ့လာနိုင်သည့်အတွက် အကျိုးရှိမည့်ပွဲတစ်ခုလည်းဖြစ်ပါသည်။ Unilever ကုမ္ဗဏီမှ အဓိကပံ့ပိုးပေးထားပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ case studies များ၊ ဖိတ်ကြားထားသော ပညာရှင်များ၊ networking spaces များဖန်တီးပေးထားသည့်အတွက် များစွာအကျိုးရှိမည့် ပွဲတစ်ပွဲဖြစ်ပါသည်။

အစီအစဉ်
———–
Thursday: Opportunities Now
8am-9am: Registration
9am-5pm: Session by Opportunities Now

Friday: Youth to Business Day
9am: Keynote Speaker
10am-12am: Innovation Talents Competition (business case study)
12am-1pm: Lunch Break
1pm-2:45pm: On-site Interview/Entrepreneurial skills workshop
2:45pm-4pm: Networking Space/ Booth-visiting time
4pm-5pm: Closing panel

Saturday: Makesense
9am-9:30am: Keynote Speaker
9:30am-5pm: Sense Camp
-Participants form groups to discuss ideas and topics relevant to social entrepreneurship

ကျင်းပမည့်နေရာ
——————
No. 44 pyay road (opposite taw win center, behind sein gay har)

Register ပြုလုပ်ရန်
————————————–
https://www.facebook.com/events/834860216541434/

AIESEC သည် နိုင်ငံပေါင်း ၁၂၅ နိုင်ငံရှိ တက္ကသိုလ်ပေါင်း ၂၄၀၀၊ အဖွဲ့ဝင်ပေါင်း ၁ သိန်းကျော်ဖြင့် ဖွဲ့စည်းတည်ရှိပြီး လူငယ်များဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတကာလူငယ်အချင်းချင်းနှီးနှောဖလှယ် ပူးပေါင်းဆောင်ရွက်နိုင်စေရေး၊ international network ကိုအခြခံ၍ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွားစေရေးသည့် ရည်ရွယ်ချက်များဖြင့် တည်ထောင်ထားခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်ပါသည်။

Source: AIESEC Myanmar

 

1446 total views, 1 today