အင်္ဂလန်နိုင်ငံရှိ အစိုးရကောလိပ် မှ ပေးအပ်မည့် စီးပွားရေး စီမံခန့်ခွဲမှု ဒီပလိုမာ

Posted by | September 26, 2015 | News, Scholarship, Training/Education

cof-biz

အင်္ဂလန်နိုင်ငံရှိ City of Oxford College (အစိုးရကောလိပ်) မှပေးအပ်မည့် စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာ ကို အောက်တိုဘာလ (၁၁) ရက်နေ့ တန်းခွဲအတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း iAcademic Institute မှသိရှိရသည်။ အဆိုပါ ဒီပလိုမာဘာသာရပ် တွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များဖြစ်သည့်

  • Business Environment
  • Economics,
  • Human Resource Management,
  • Principles of Marketing,
  • Principles of Accounting နှင့်
  • Management & Organisational Behaviour ဘာသာရပ်များကို City of Oxford College မှ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်း နှင့် စာမေးပွဲပုံစံ များအတိုင်း ဘာသာရပ်အလိုက် ပိုင်နိုင်ကျွမ်းကျင်စွာ သင်ကြား ပေးနိုင်ပြီး City of Oxford College မှ အသိအမှတ်ပြုပေးထားသော ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံရှိ ဆရာ၊ ဆရာမကြီးများ မှ သင်ကြားပို့ချ စစ်ဆေးပေးသွားမည်ဖြစ်သည်။

 

တစ်ပတ်လျှင် (၄) ရက် ရုံးချိန်လွတ် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလ (၅) လကြာမြင့်မည်ဖြစ်သည်။ သင်တန်းကြေးများကိုလည်းအရစ်ကျခွဲသွင်းနိုင်ပါသည်။

 

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ ၊ တက္ကသိုလ် တက်ရောက်နေဆဲ သူများ ၊ လုပ်ငန်းခွင် ၀င်ရောက်နေသူများ ၊ ဘွဲ့တစ်ခုခု ရရှိထားပြီးသူများ တက်ရောက်နိုင်ပါသည်။

 

အသေးစိတ်သိရှိလိုသူများ iAcademic Institute ဖုန်း ၀၉-၂၅၄၈၃၁၉၁၁၊ ၀၁ ၅၃၉၁၃၀၊ (သို့မဟုတ်)

အခန်း (၈၀၃)၊ ၈လွှာ၊ ပန်းခြံတာဝါ၊ မြေနီကုန်း။ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

3616 total views, 10 today

Leave a Reply

You must be logged in to post a comment.