ဆိုက်ဘာလုံခြုံရေး ဘာသာရပ် ဝင်ခွင့်လျှောက်ထားနိုင်

Posted by | March 11, 2014 | Articles, Career Opportunity, News

အိုင်တီနည်းပညာ တိုးတက်လာတာနဲ့အမျှ ကြုံတွေ့လာရတဲ့အန္တရာယ်က ဆိုက်ဘာတိုက်ခိုက်မှု ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်ကိုင်တွယ် အရေးယူနိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။

Security concept: Lock on digital screen

ထင်သာမြင်သာရှိတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုများကတော့ သမ္မတရုံးဝက်ဘ်ဆိုက် မီဒီယာဝက်ဆိုက်များ၊ လူမှုကွန်ရက်များ နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ ကိုယ် ပိုင်လူမှုကွန်ရက်များတွင် ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ Cyber Police ဆိုတာမျိုး ရှိပြီး Cyber လုံခြုံရေးနဲ့  ခြိမ်းခြောက်မှုတွေကို ကာကွယ်တာတို့ အရေးယူတာတို့ကို ဆောက်ရွက်ပါတယ်။ ဘာသာရေး ပဋိပက္ခနဲ့ဆိုင်တဲ့ အရေးအသား မျိုး၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အရေးအသားမျိုး ကိုလည်း နိုင်ငံတကာ Cyber Police တွေက ထိန်းချုပ်အရေးယူ ဆောင်ရွက်ပါတယ်။ ဒါအပြင် နိုင်ငံတကာ မှာ Online Banking တွေ၊ အွန်လိုင်းကဈေးဝယ်တဲ့ eBay တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာကြောင့် Cyber Crime တွေ ခဏခဏကျူးလွန်တာ မျိုးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာက Cyber Police တွေအနေနဲ့ Cyber လုံခြုံရေးကိုအထူး ဂရုပြုနှိမ်နှင်းရတဲ့ သတင်းတွေ အများအပြား ဖတ်ရပါ တယ်။ မြန်မာနိုင်ငံမှာလည်း ဆိုက်ဘာရာဇဝတ်မှုများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် နေ့မှာ Cyber Police Development ကိုဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။ Cyber တိုက်ခိုက်မှု ၊ခြိမ်းခြောက်မှုခံရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ အနေ နဲ့ မိမိတို့တိုက်ခိုက်ခံရရင် ကိုယ်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတာများပါတယ်။ အိုင်တီနည်းပညာ တိုးတက်လာတာနဲ့အမျှ မိမိအဖွဲ့အစည်းရဲ့ အရေးကြီး လျှို့ဝှက်သတင်းအချက်အလက်များကို ဟက်ကာများအန္တရယ်မှ ကာကွယ်ခြင်း၊ ဆိုက်ဘာခြိမ်းခြောက်မှုများကို တားဆီးခြင်း၊ တုံ့ပြန်ခြင်းများကို သင်ယူ လေ့လာဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

ယခုအခါ သြစတြေးလျနိုင်ငံ Murdoch University မှပေးအပ်တဲ့ BSc (Cyber Forensics, Information Security & Management) ဘာသာရပ်ကို စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy မှာ တတ်ရောက်နိုင်တယ်လို့ Crown Education ရှိတာဝန်ရှိသူ တစ်ဦးထံမှာ သိရပါတယ်။ အဆိုပါဘာသာရပ်ကို IDCS နဲ့ IADCS လက်မှတ်ကိုင်ဆောင် ထားသူများလျှေက်ထားနိုင်ပါတယ်။ ကျောင်းပြီးပါက Forensic Aduitor, Forensic Investing-action၊ Internet Security၊ Database Development နဲ့ Computer System Analysis စတဲ့နယ်ပယ်များမှာ ဝင်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ BSc (Cyber Forensic, Information Security & Management) ကို Computer Science (သို့) Business Information System စတဲ့မေဂျာများနဲ့ တွဲဖက်ပြီး Double Major ကိုရွေးချယ်သင်ယူနိုင်မှာဖြစ်ပါတယ်။ ကျောင်းပြီးသူများက သြစတေးလျ Computing Society (ACS) အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ သင်ယူရမယ့် မော်ဂျူးများကတော့ Databases, System Analysis and Design, Cyber Forensis, Information Technology Project, Forensic Data Analysis, Information Security Management တို့ကို သင်ယူရမှာဖြစ်ပါတယ်။ ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံမှာ လူမှုကွန်ရက်တွေ ဆိုရှယ်မီဒီယာတွေ ကိုအသုံးပြုနေတဲ့ သူတွေကိုယ်တိုင် ကြုံတွေ့နေရဆဲ ဖြစ်ပါ တယ်။ မိမိရဲ့အကောင့်ထဲကို ဟက်ကာများက ထိုးဖောက်ဝင်ရောက်ပြီး မိမိရဲ့ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပေမဲ့ အဆိုပါ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကျူးလွန်သူကိုတော့ နိုင်ငံတကာတွေမှာလို အရေးယူနိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။

Ref : The Opportunity Journal

2598 total views, 1 today

Tags: , ,

Leave a Reply

You must be logged in to post a comment.