Comments Off on Design Thinking Workshop Program 2014

Design Thinking Workshop Program 2014

Posted by | March 20, 2014 | Articles, News, Workplace

အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိသော မြန်မာနိုင်ငံတွင် လျင်မြန်သော သတင်းအချက်အလက်များ၊ တီထွင်ကြံဆမှုကို အခြေခံသည့် စီးပွား ရေး လုပ်ငန်းများ နှင့် ပြောင်းလဲနေသော လုပ်ငန်းစုများသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။

Untitled

ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နောင်အနာဂါတ်၏ ဈေးကွက်ရယူရေးတွင် သမာရိုးကျဈေးကွက် ဖော်ဆောင်မှု နည်းလမ်းများ သာမက တီထွင် ကြံဆမှုများ၊ ဆန်းသစ်သော အတွေးအခေါ်ကောင်းများဖြင့် ဈေးကွက်ဝေစုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တိုးတက်ပြောင်းလဲလာ သော ဈေးကွက်အခြေအနေများကို စိန်ခေါ်နိုင်ရန် Pacific High Tech Engineering Service Co.,Ltd မှ ကြီးမှုး၍ “Design Thinking Workshop Program” ကို ဧပြီလ ၂ရက် နေ့မှ ၄ရက်နေ့ အထိ MICT Park တွင် ကျင်းပမည်ဖြစ်သည်။

Design Thinking Workshop Program တွင် Singapore Polytechnic Business School မှ နည်းပြဆရာများမှ ဦးဆောင်၍ တိုးတက်ပြောင်းလဲမှု များကို စိန်ခေါ်နိုင်မည့် စဉ်းစားတွေးခေါ်မှု ရှုထောင့်အသစ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။ Workshop Program တက်ရောက်လာ ကြသူများ အနေဖြင့် ဆန်းသစ်သော အတွေးအမြင်အယူအဆများကို ရယူနိုင်ရုံသာမက မိမိတို့ဧ။် လုပ်ငန်းများ၊ customer များအတွက် များစွာအကျိုးပြု နိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ၊ Management Executive များအားလုံး ဤအစီအစဉ်ကို တက်ရောက်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

တက်ရောက်လိုသူများအနေဖြင့် မိမိလက်ရှိ အလုပ်အကိုင်နှင့် ကိုယ်ရေးရာဇ၀င် အကျဉ်း ကို [email protected] ကို အီးမေးလ် ပို့၍ သော်လည်းကောင်း 09-43074631, 01-394223, 01339065. ကိုဖုန်းဆက်ပြီး မငြိမ်းမြတ်သူထံသို့ စာရင်းပေးသွင်းနိုင်ပါသည်။

1443 total views, 1 today