Comments Off on Diploma in Business Management ဖေဖော်ဝါရီ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်။

Diploma in Business Management ဖေဖော်ဝါရီ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်။

Posted by | January 8, 2015 | News, Training/Education

အင်္ဂလန်နိုင်ငံရှိ City of Oxford College (အစိုးရကောလိပ်) မှပေးအပ်မည့် စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာ ကို ဖေဖော်ဝါရီ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း iAcademic Institute မှသိရှိရသည်။ အဆိုဘာဒီပလိုမာဘာသာရပ်တွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များဖြစ်သည့်

–       Business Environment, Economics,

–       Human Resource Management,

–       Principles of Marketing,

–       Principles of Accounting နှင့်

–       Management & Organisational Behaviour ဘာသာရပ်များကို City of Oxford College မှ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း အဆိုပါဘာသာရပ်များကို သင်ကြားရန်အရည်အချင်းပြည့်မှီ၍ သင်ကြားရန်ခွင့်ပြုချက်ရရှိထားသော ၀ါရင့် ဆရာ၊ ဆရာမ များမှစနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါသည်။

 

Dimension 2

 

တပတ်လျှင် (၄) ရက် ရုံးချိန်လွတ် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလ (၅) လကြာမြင့်မည်ဖြစ်သည်။

 

( ၁၀ ) တန်းအောင်မြင်ထားသူများ ၊ တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသူကျောင်းသားများ ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူများ ၊ ဘွဲ့တစ်ခုခု ရရှိထားပြီးသူများ တက်ရောက်နိုင်ပါသည်။ ဇန်န၀ါရီလ (၂၀) ရက်နေ့အထိကျောင်းအပ်သူများအား သင်တန်းကြေး၏ (၅) ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်သည်။

 

တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စီမံခန့်ခွဲမှု သဘောတရားများ၊ အခြေခံစီးပွားရေး နည်းဗျူဟာများ ကို မိမိကိုယ်တိုင် ထိုးထွင်း သိမြင်လာပြီး လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချ နိုင်မည်ဖြစ်ပါသည်။

 

ဖေဖော်ဝါရီ ကျောင်းဝင်ခွင့် အတွက် လူဦးရေ ကန့်သတ်ချက်ရှိပြီး တက်ရောက်လိုသူများ iAcademic Institute

ဖုန်း ၀၉-၂၅၄၈၃၁၉၁၁၊ ၀၉-၄၂၀၀၃၀၉၄၃၊  အခန်း (၈၀၃)၊ ၈လွှာ၊ ပန်းခြံတာဝါ၊ မြေနီကုန်း။ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

2443 total views, 2 today