Comments Off on Ideabox မှ ၀န်ထမ်းခေါ်ယူခြင်းအစီအစဉ်

Ideabox မှ ၀န်ထမ်းခေါ်ယူခြင်းအစီအစဉ်

Posted by | May 16, 2014 | Career Opportunity, News

Ideabox သည်  Ooredoo မှ အပြည့်အ၀ အားဖြည့်ပေးထားသော စွန့်ဦးတီထွင် စီးပွားရေး အဖွဲ့အစည်းဖြစ်ပါသည်။

ထိရောက်အောင်မြင်သော events များကျင်းပပေးခြင်း ၊ ကနဦးလုပ်ငန်းသစ် ပြုစုပျိုးထောင်ပေးခြင်း ၊ ရှိရင်းစွဲကုမ္ပဏီများကို အားဖြည့်ပေးခြင်းများဖြင့် အနာဂတ်မျိုးဆက် သစ်အင်တာနက်ကုမ္ပဏီများကို အတူတကွ ထူထောင်ပေးသွားမည် ဖြစ်ပါသည်။ Ideabox အနေဖြင့် ပါဝင်ပူးပေါင်းလိုသော စိတ်အားထက်သန်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင် များကို ရှာဖွေနေပြီး ၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ဆောင်ရွက်ရန်နှင့် ၊ နိုင်ငံသားတစ်ယောက်ချင်းစီတိုင်း၏ လူမှုဘဝများကို တော်လှန်ပြောင်းလဲရန်တို့တွင် နည်းပညာဆိုင်ရာ ကနဦးလုပ်ငန်းသစ် အဖွဲ့အစည်း၏ စူးစမ်းရှာဖွေဖော်ထုတ်ရန် အားထုတ်မှုများကို တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်ပူးပေါင်းသွားမည် ဖြစ်ပါသည်။

Logo-IdeaBox-ooredoo-small.png

Ideabox တွင် တာဝန်ထမ်းဆောင်ရန် Operations Manager တစ်ဦး အလိုရှိနေပါသည်။

တာဝန်နှင့် ဝတ္တရားများ

•   Ideabox program အပေါ်  Ooredoo ၏ ရင်းမြစ်နှင့် ကိရိယာများ ဖြန့်ဖြူးခြင်းတို့ ကိုစီမံခန့်ခွဲပြီး Digital Services Director ထံသို့အစီရင်ခံရမည်။

•    Ooredoo ၏ လုပ်ငန်းဆိုင်ရာ ခေါင်းဆောင်အနေဖြင့် Ideabox ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များကို

ဦးဆောင် ဆောင်ရွက်ရမည်။

•    Ooredoo ၏ ဈေးကွက်ဖော်ဆောင်ရေး မူဝါဒများအပေါ် Ideabox ဘက်မှ ထောက်ပံ့မှုများကို           အရှိန်မြှင့်ပေးရမည်။

•    Ooredoo နှင့် စီးပွားရေးအဖွဲ့အစည်းတွေမှာ Ideabox နဲ့ ပတ်သက်ပြီး တက်ကြွစွာ         စည်းရုံးလှုံ့ဆော်ပေးနိုင်ရမည်။

•    Ideabox program နှင့် ငွေကြေးစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရမည်။

•    Ideabox program ၏ စွမ်းဆောင်ရည်များကို ဆန်းစစ်လေ့လာ သုံးသပ်နိုင်ရမည်။

လိုအပ်ချက်များ

•     ဒစ်ဂျစ်တယ် အသိုက်အဝန်း၏ စွန့်ဦးတီထွင်စီးပွားရေး၌ လုံလောက်သော အတွေ့အကြုံရှိရမည်။

•    အင်္ဂလိပ်စကားပြော လုပ်ငန်းနယ်ပယ်တွင် အလုပ်လုပ်နိုင်စွမ်း၊ ခေါင်းဆောင်မှုပေးနိုင်စွမ်း ရှိရမည်။

•    လိုက်လျောညီထွေ အလုပ်လုပ်နိုင်စွမ်းရှိပြီး၊ ခရီးသွားနိုင်ရမည်၊ စနေနှင့် တနင်္ဂနွေနေ့များတွင်ပါ    အလုပ်လုပ် နိုင်ရမည်။

•    အဖွဲ့လိုက်လှုပ်ရှားလိုစိတ်ရှိပြီး၊ တစ်ဦးချင်းနှင့် အဖွဲ့လိုက် ရည်မှန်းချက်များကို အဖွဲ့အစည်းလိုက် ဆောင်ရွက်နိုင်ရမည်

•    အချက်အလက်များကို ရှင်းလင်းပြနိုင်စွမ်း၊ လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။

သင့်ရဲ့ resume ကို [email protected] ကို ယခုပင် အီးမေးလ် ပို့လိုက်ပါ။

 

2608 total views, 1 today