Comments Off on IT Professional များအတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ “IT Career Day 2014”

IT Professional များအတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ “IT Career Day 2014”

Posted by | December 9, 2014 | Career Opportunity, News

MyanmarJobsDB နှင့် ရန်ကုန်မြို့အခြေစိုက် Lithan University College တို့ပူးပေါင်း၍ ကျင်းပမည့် အိုင်တီအလုပ်အကိုင်ပြပွဲ(IT Career Day 2014) ကို ဒီဇင်ဘာလ (၁၄) ရက် ၂၀၁၄ တွင် နတ်မောက်လမ်းရှိ Union Business Centre တွင် မနက် (၉) နာရီမှ နေ့လည် (၄) နာရီ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

Cover Photo

 

IT Career Day 2014 ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များမှာ ၀န်ထမ်းအလိုရှိနေသော အိုင်တီလုပ်ငန်း အဖွဲ့အစည်းများ နှင့်အလုပ် အလိုရှိနေကြသောလူငယ်များ၊ IT Professional များ တစ်နေရာတည်းတွင် အချိန်ကုန် ငွေကုန်သက်သာစွာဖြင့် တိုက်ရိုက် တွေ့ဆုံပြီး CV များလက်ခံခြင်း၊ အင်တာဗျူးများ ပြုလုပ်နိုင်ခြင်း၊အလုပ်ခန့် အပ်နိုင်ခြင်းစသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ဘ၀တိုးတက်မှုအတွက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းများကို ရှာဖွေနေသော IT Professionals များအနေဖြင့် IT Career Day 2014 သို့ လာရောက်လေ့လာ လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

 

ပွဲအချိန်အသေးစိတ်

ကျင်းပမည့်နေ့           14 December 2014 (တနင်္ဂနွေ)

ကျင်းပမည့်အချိန်         နံနက် 9း00 နာရီမှ ညနေ 4နာရီ ထိ

ကျင်းပမည့်နေရာ         Lithan University College, Union Business Centre,

#02-07, နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

1690 total views, 1 today