Comments Off on MyanmarJobsDB.com မှ Centre of Excellence for Business Skills Development (CEBS) သင်တန်းတွင် How to start a small business and entrepreneurship အကြောင်း သင်တန်းပို့ချ

MyanmarJobsDB.com မှ Centre of Excellence for Business Skills Development (CEBS) သင်တန်းတွင် How to start a small business and entrepreneurship အကြောင်း သင်တန်းပို့ချ

Posted by | June 30, 2014 | News, Training/Education

ဇွန်လ ၁၉ ရက် ၂၀၁၄ ခုနှစ်တွင် MyanmarJobsDB.com အနေဖြင့် Centre of Excellence for Business Skills Development (CEBS) တွင် သင်တန်းသားများအတွက် How to start a small business and entrepreneurship အကြောင်းသင်တန်းပို့ချ ခဲ့ပါသည်။

UNESCO, PepsiCo နှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ Centre of Excellence for Business Skills Development (CEBS) ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာလူငယ်များ သက်ဆိုင်ရာ အလုပ်နယ်ပယ်များတွင် အလုပ်အကိုင် စွမ်းဆောင်ရည် မြင့်တက်စေလိုသော ရည်ရွယ်ချက်ဖြစ်သည်။ လူငယ်များအတွက် မိမိတို့အသက်မွေးဝမ်းကျောင်း အလုပ်ကို သေချာစွာ သိရှိ၍ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေမည်ဖြစ်ပြီး အဓိကအားဖြင့် လုပ်ငန်းခွင်အတွက် လိုအပ်သော အရည်အချင်းများ ရရှိစေနိုင်မည်ဖြစ်သည်။

သင်တန်းကာလမှာ (၁၀) ပတ် ဖြစ်ပြီး International trade ; Small business ; Human Resource Management ; Marketing (including public relations and advertising ) ; Retail ; Event Management ; Accounting/Finance အစရှိသည့် ဘာသာရပ်များ ကို သင်ကြားမည်ဖြစ်ပါသည်။

တက္ကသိုလ် ၀န်ထမ်းအောင်မြင်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ် အထိ အင်္ဂလိပ်စာ အခြေခံရှိသူများ တက်ရောက်နိုင်ပါသည်။

ယခု လက်ရှိအချိန်တွင် သင်တန်းပထမအသုတ် ကို ဖွင့်လှစ်သင်ကြားပေးနေပြီး နောက်လာမည့် သင်တန်းများအကြောင်းကို အသေးစိတ်သိရှိလိုပါက Centre for Excellence in Business Skills Development, Yangon Institute of Economics, ပါရမီလမ်း , ရန်ကုန်မြို (သို့မဟုတ်) [email protected] ကို email ပို့ ၍ စုံစမ်း မေးမြန်းနိုင်ပါသည်။

 

MyanmarJobsDB.com မှ ကိုဝေဖြိုးကျော် ရှင်းလင်းပို့ချနေပုံ

MyanmarJobsDB.com မှ ကိုဝေဖြိုးကျော် ရှင်းလင်းပို့ချနေပုံ

1407 total views, 2 today