Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များ လမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များ လမ်းညွှန်

Posted by | October 13, 2014 | News, Training/Education

images1

Professional Certificate in Business Management ဖွင့်လှစ်

လုပ်ငန်းခွင်ဝင်ရောက်နေသူများ၊ လုပ်ငန်းခွင်ထဲသို့ဝင်ရောက်လိုသူများ၊ အဆင့်မြင့်စီမံခန့်ခွဲမှုကို လေ့ လာလိုသူများအတွက် Professional Certificate in Business Management သင်တန်းအား F.A.M.E (Education) ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းပြီးဆုံးပါက စင်ကာပူမှပေးအပ်သော Certificate ကိုလည်းရရှိမည်ဖြစ်ကာ ပထမဆုံးကျောင်းအပ်နှံသော ကျောင်းသားသုံးဦးအား 5% Discount ပေးအပ်မည် ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၇၃၀၈၁၁၃၁၊ ၀၉ ၃၀၃၆၀၆၈၀ သို့ဆက်သွယ်စုံစမ်း နိုင်ကြောင်းသိရသည်။

JAVA နည်းပညာသင်တန်းသစ်ဖွင့်လှစ်မည်

Computer Programming Language ကိုစတင်လေ့လာလိုသူများနှင့် C,C++ စသော Programming Language ကိုလေ့လာသိရှိပြီးသူများအနေနှင့် Java Programming Languageကိုစိတ်ဝင်စား လေ့လာလိုသူများအတွက် Java နည်းပညာသင်တန်းအား Myanmar WWW Institute (M3WI) သင်တန်း ကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၃ လခန့်ကြာမြင့်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များအား ဖုန်း ၆၅၂၂၈၈၊ ၅၂၁၁၂၅ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Graphic Design သင်တန်းဖွင့်လှစ်မည်

ပုံနှိပ်တိုက်၊ မဂ္ဂဇင်း၊ ဂျာနယ်တိုက်၊ မီဒီယာကုမ္ပဏီများတွင် Graphic Designer,Layout Designer အ ဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် Graphic Design သင်တန်းအား အောက်တိုဘာလ ၂၀ ရက်နေ့တွင် Promotion ကွန်ပြူတာသင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် Photoshop,Illustrator,Indesign ဖြင့် ဓါတ်ပုံပြုပြင်ခြင်းများ၊ Logo၊ ကြော်ငြာဒီဇိုင်း၊ ဂျာနယ်၊ Layout ဒီဇိုင်းတို့ ကို ပြုလုပ်နိုင်စေရန် သင်ကြားပေးမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၃၈၉၀၃၈၊ ၀၉ ၇၃၁၈၄၅၂၅ သို့   ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

သီတင်းကျွတ်အထူးအစီအစဉ်အဖြစ် ကွန်ပြူတာသင်တန်းများအား အထူးဈေးနှုန်းဖြင့် ဖွင့်လှစ်မည်

ရန်ကုန်တွင်ရှိသော Dynasty သင်တန်းနှင့် ပြည်တွင်ရှိသော Dynasty သင်တန်းတို့တွင် မည်သည့်  ကွန်ပြူတာသင်တန်းမဆို သင်တန်းကြေး ၂၀% မှ ၅၀% အထိ လျှော့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရ သည်။ တက်ရောက်နိုင်သောသင်တန်းများမှာ Basic,DTP, I-Office Adv, Business in Excel Special, Graphic Design, Indesign, Window Install & Software Installation Course တို့ဖြစ်ပြီး အသေးစိတ်အ ချက်အလက်များအား ဖုန်း ၀၉ ၄၂၁၁၀၉၇၇၈ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

ကိုရီးယားဘာသာသင်တန်း တန်းခွဲသစ်ဖွင့်လှစ်

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် လုပ်ငန်းခွင်ဝင် ကိုရီးယားဘာသာအရည်အချင်း စစ်စာမေးပွဲအထောက်အကူပြု EPS-TOPIK ကိုရီးယားဘာသာသင်တန်းတန်းခွဲသစ်ကို နိုဝင်ဘာလ ၁၀ ရက် နေ့တွင် Zaw Education Center တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် သင်ရိုးသစ်ဖြင့် သင်ကြားပေးမည်ဖြစ်သည်။ အသေးစိတ်အ ချက်အလက်များအား ဖုန်း ၀၉ ၇၃၀၈၇၁၃၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Ref: အခွင့်အလမ်းဂျာနယ်မှ ထုတ်နုတ်ဖေါ်ပြသည်။

1167 total views, 2 today