Masuvalley & Partners မှ IP Lawyers များခေါ်ယူ

Posted by | March 12, 2014 | Career Opportunity, News

Masuvalley & Partners သည် တိုကျို၊ ဆန်ဒီယေဂို၊ ရှန်ဟိုင်း၊ ဘန်ကောက် အစရှိသည့် မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ထားသည့် နိုင်ငံတကာ Intellectual Property ဥပဒေအကြံပေးကုမ္ဗဏီဖြစ်ပါသည်။ လက်ရှိပေးနေသော ၀န်ဆောင်မှုများမှာ –

  • specialised search
  • validity analysis
  • prosecution services in all areas of IP law (patents, trademarks, designs, copyrights).

Masuvalley & Partners ကို၂၀၀၄ ခုနှစ်တွင် ဆန်ဒီယေဂို၊ ကာလီဖိုးနီးယားပြည်နည်တွင် တည်ထောင်ခဲ့ပါသည်။ ကိုးနှစ်တာကာလအတွင်း အာရှတိုက်ရှိ နိုင်ငံသုံးနိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ခြဲ့ပီး တိုင်းပြည်အသီးသီးရှိ client များနဲ့အထူးကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခဲ့ပါသည်။ သက်ဆိုင်ရာတိုင်းပြည်တွင် အခြေစိုက်မည့် ဥပဒေပညာရှင် ရှေ့နေများသည် အင်္ဂလိပ်ဘာသာစကားအပြင် ၎င်းတိုင်းပြည်၏ မိခင်ဘာသာစကားယဉ်ကျေးမှုကိုနားလည်တတ်ကျွမ်းသူများ ဖြစ်သဖြင့် client များ၏လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း ဆွေးနွေးညွှန်ပြပေးနိုင်မည့်သူများလည်းဖြစ်ပါသည်။ အာရှတွင် အခြေစိုက်သည့်အတွေ့အကြုံ ခိုင်မာမှုတို့ ရှိခြင်းကြောင့် အရည်အသွေးမြင့် အကောင်းဆုံးအကြံပေးဝန်ဆောင်မှုများကို ဈေးနှုန်းသက်သာစွာဖြင့်လည်း ပြုလုပ်ပေးနေပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် Masuvalley & Partners မှလုပ်ငန်းတိုးချဲ့ရန်အတွက် Intellectual Property Lawyers များလိုအပ်လျက်ရှိပါသည်။ စိတ်ပါဝင်စားကာ သက်ဆိုင်ရာ trademark, intellectual property, ဥပဒေ အတွေ့အကြုံရှိပါက အောက်ပါ လင့်ခ်သို့သွားကာ လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Recruitment: Masuvalley & Partners – Apply now

Masuvalley & Partners | www.masuvalley.com

1277 total views, 1 today

Tags: , , ,

Leave a Reply

You must be logged in to post a comment.