Comments Off on Schindler-CVT Vertical Transportation Certification Program အတွက် သင်တန်းသားများခေါ်ယူခြင်း

Schindler-CVT Vertical Transportation Certification Program အတွက် သင်တန်းသားများခေါ်ယူခြင်း

Posted by | March 11, 2015 | News, Training/Education

Schindler အုပ်စုသည် ဆွဇ်ဇလန်နိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ၀န်ထမ်းပေါင်း ၅၄,၀၀၀ ကျော်ဖြင့် ဓာတ်လှေကား နှင့် စက်လှေကားများဖြန့်ဖြူးရောင်းချနေသော ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် Myanmar Jardine Schindler Ltd. သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ရုံးဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တွင်ရုံးချုပ်တည်ရှိပြီး မန္တလေး နှင့် နေပြည်တော်တွင်ရုံးခွဲများဖွင့်လှစ်ကာ ဈေးကွက် တွင်ဦးဆောင်နေသည့်ကုမ္ပဏီအနေဖြင့် ဂုဏ်ယူစွာလုပ်ဆောင်လျက်ရှိပါသည်။ Myanmar Jardine Schindler သည် အဆောက်အဦးအမျိုးအစားအားလုံးအတွက် ဓာတ်လှေကား၊ စက်လှေကား နှင့် ရွေ့လျားစက်လှေကားများကို ရောင်းချတပ်ဆင်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Myanmar Jardine Schindler သည် ဆွဇ်ဇလန်နိုင်ငံ Non-profit အဖွဲ့အစည်းမှ မြန်မာနိုင်ငံ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ အောင်မြင်စွာဖွင့်လှစ်ထားသည့် Center for Vocational Training (CVT) နှင့် ပူးပေါင်းပြီး ဓာတ်လှေကား နှင့် စက်လှေကားနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းပြုလိုသည့် အင်ဂျီနီယာဘွဲ့ရလူငယ်များအတွက် မြန်မာနိုင်ငံတွင်ပထမဆုံး ဖြစ်သည့် Schindler-CVT Vertical Transportation Certification Program သင်တန်းကို စာတွေ့လက်တွေ့ များဖြင့် တစ်နှစ်သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

အဆိုပါ Schindler-CVT Vertical Transportation Certification Program အတွက် A.G.T.I (Mechnical, Electrical, Mechatronic) နှင့် B.E (Mechnical, Electrical and Mechatronic) ဘွဲ့ရများလျှောက်ထားနိုင် ပါသည်။

သင်တန်းကာလအတွင်း CVT သင်တန်းကျောင်းမှ ဆရာ/ဆရာမကြီးများ နှင့် Schindler ကုမ္ပဏီ၏ Technical Specialist များမှလည်း အကောင်းမွန်ဆုံး စာတွေ့လက်တွေ့များဖြင့် သင်ကြားပေး သွားမည်ဖြစ်သည်။ သင်တန်းကာလမှာတစ်နှစ်ဖြစ်ပြီး ၂၀၁၅ မေလတွင် သင်တန်းစတင်ဖွင့်လှစ် မည်ဖြစ်သည်။

သင်တန်းပြီးဆုံးပါက သင်တန်းသားများကို Schindler တွင်အလုပ်ခန့်ထားသွားမည်ဖြစ်သည်။

သင်တန်းကာလအတွင်းတွင် သင်တန်းကြေးပေးစရာမလိုဘဲ ကုမ္ပဏီမှပညာသင်ထောက်ပံ့ကြေး လည်းပေးထားမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများအနေဖြင့်

အင်္ဂလိပ်လို ရေးသားထားသော CV Form နှင့်အတူ ကိုယ်ရေးအချက်အလက် ၊ ဘွဲ့လက်မှတ် ဓာတ်ပုံတို့နှင့်အတူ Myanmar Jardine Schindler Ltd. အမှတ် (၁/၄) ၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်ဖြစ်စေ၊  [email protected] သို့ Online  မှတစ်ဆင့်လည်း  ပေးပို့လျှောက်ထားနိုင်ပါသည်။

 

                                                            Talent Today, Leader Tomorrow

 

 

2762 total views, 4 today