Myanmar Jardine Schindler Ltd. ၏ On-Job-Training Apprenticeship Program အတွက် လျှောက်လွှာများခေါ်ယူခြင်း

Posted by | February 26, 2014 | Career Opportunity, News

Schindler Logo

Myanmar Jardine Schindler Ltd. သည် ဆွဇ်ဇလန်နိုင်ငံတွင်အခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းတွင် ရုံးခွဲများဖွင့်လှစ်ထားကာ မြန်မာနိုင်ငံတွင်လည်း အကောင်းဆုံး စက်လှေကား၊ ဓါတ်လှေကားများ ထုတ်လုပ်ရောင်းချဖြန့်ချီနေသည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည်။

Myanmar Jardine Schindler Company တွင် On-Job-Training Apprenticeship Program များအတွက် လျှောက်လွှာများခေါ်ယူလျှက်ရှိပါသည်။

Field Engineer ရာထူးအတွက် Engineering (Electrical & Mechanical) ဖြင့် ဘွဲ့ရရှိထားပြီး အတွေ့အကြုံမရှိသေးသော လူငယ်များကိုခေါ်ယူလျက်ရှိပါသည်။

On-Job-Training Program တွင် ကုမ္ပဏီ၏ Senior Engineer များမှလည်း အကောင်းမွန်ဆုံး Training & Workshops များပေးသွားမည်ဖြစ်သည်။ ဤ Program မှာ နှစ်နှစ်ဖြစ်ပြီး ထိုကာလ အတွင်း အခြေခံမှစတင်၍ သင်ကြားပေးမည်ဖြစ်ပြီး နှစ်နှစ်သင်တန်းပြီးဆုံးပါက မိမိ၏စိတ်ဝင်စားမှု  အလိုက် Specialization ရွေးချယ်နိုင်သည်။

Program အတွက် နှစ်စဉ်အနည်းဆုံး (၄) ယောက်ခေါ်ယူမည်ဖြစ်သည်။

Apprentice ရာထူးအတွက် Engineering (Electrical & Mechanical) ဖြင့် ဘွဲ့ရရှိထားပြီး အတွေ့အကြုံမရှိသေးသော လူငယ်များနှင့် ဓာတ်လှေကား၊ စက်လှေကားလုပ်ငန်းတွင် အနည်းဆုံး နှစ်နှစ်အတွေ့အကြုံရှိသူ များလည်းလျှောက်ထားနိုင်သည်။ မြန်မာနိုင်ငံတွင် On-Job-Training (၆) လတာ လုပ်ကိုင်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက စင်္ကာပူအစိုးရမှကျင်းပသော Technical Examination ဖြေဆိုရမည်ဖြစ်ပြီး ကုန်ကျစရိတ်များအားလုံးကိုကုမ္ပဏီမှကျခံပေးမည်ဖြစ်သည်။ စာမေးပွဲအောင်မြင် ပါကစကာင်္ပူနိုင်ငံ Schindler ကုမ္ပဏီတွင် ၀န်ထမ်းအဖြစ်ခန့်ထားမည်ဖြစ်သည်။

Program အတွက်နှစ်စဉ်အနည်းဆုံး (၁၀) ယောက်ခေါ်ယူမည်ဖြစ်သည်။

On-Job-Training ကာလအတွင်းတွင် လစာဖြင့်ခန့်ထားမည်ဖြစ်ပြီး အင်္ဂလိပ်စာ ကိုလည်း အခမဲ့ သင်ကြားပေးမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများအနေဖြင့်

အင်္ဂလိပ်လို ရေးသားထားသော CV Form နှင့်အတူ ကိုယ်ရေးအချက်အလက် ၊ ဘွဲ့လက်မှတ် ဓာတ်ပုံတို့နှင့်အတူ Myanmar Jardine Schindler Ltd. အမှတ် (၁/၄) ၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်ဖြစ်စေ၊  [email protected] သို့ Online  မှတစ်ဆင့်လည်း ပေးပို့လျှောက်ထားနိုင်ပါသည်။

Schindler Myanmar Office

3886 total views, 2 today