Comments Off on အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ် (National Management College)

အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ် (National Management College)

Posted by | July 22, 2014 | News, Training/Education

အမျိုးသားစီမံခန့်ခွဲမှု ပညာ ကောလိပ်ကို ၂၀၀၄ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည်။ NMC အောက်တွင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် ကုန်သည်လမ်းတွင် Campus တစ်ခုနှင့် ကမာရွတ် မြို့နယ် (ယခင်မာလာဆောင်) တွင် Campus တစ်ခု စုစုပေါင်း Campus ၂ ခု ရှိသည်။ ဗိုလ်တထောင် Campus တွင် BBM (စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှု ပညာအထူးပြု), BA (Tourism) နှင့် BA (Journalism) ဘွဲ့ကြိုသင်တန်း ၃ ခုနှင့် ဘွဲ့လွန် သင်တန်းအဖြစ် DTSM (Diploma in Toruism Studies  and Management) ကို ပေးအပ်သည်။ မာလာ Campus တွင် ဘွဲ့ကြိုသင် တန်းဖြစ်သည့် BA (EPP) လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအထူးပြုနှင့် ဘွဲ့လွန် သင်တန်းဖြစ်သည့် Diploma in English Course (Global English Course) များကို ဖွင့်လှစ်ပေးအပ်သည်။

NMC

 

သင်ကြားမှု အစီအစဉ်မှာ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသားဦးရေ ၅၀ ဦးသာ ထားရှိ၍ သင်ကြားမည်ဖြစ်သည်။ သင်ကြားရေးဆရာ၊ ဆရာမများမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်နှင့် NMC မှ ဆရာ၊ ဆရာမများမှ သင်ကြားပေးမည့် အပြင် အငြိမ်းစားပညာရှင်များနှင့် ပြင်ပပညာရှင်များကိုလည်း ဖိတ်ခေါ်သင်ကြားပေးမည် ဖြစ်သည်။

ဒီဂရီ ၄ ခုစလုံးအတွက် NMC မှ လက်တွေ့ကျသည့် သင်ကြားရေးအစီအစဉ်များ ပြုလုပ် သင်ကြားလျက်ရှိပြီး ဘာသာရပ်တစ်ခုချင်းစီ အတွက် စာသင်ခန်းတွင် သင်ကြားပေးရုံသာမက သက်ဆိုင်ရာ ဘာသာရပ် များနှင့် ပတ်သက်သော ပြင်ပဗဟုသုတရရှိစေရန် အတွက် စီးပွားရေး လုပ်ငန်းတွင် အောင်မြင်နေသော လုပ်ငန်းရှင် များကို ဖိတ်ခေါ်၍ Seminar များကို ၁ လလျှင် အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၄ ကြိမ် အထိ ပြုလုပ်ပေးသည်။ လက်တွေ့လုပ်ငန်းများ မည်သို့ လုပ်ဆောင် လည်ပတ်နေသည်ကို သိရှိစေရန်အတွက် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများသို လေ့လာရေးခရီးထွက်မှုများကို ခရီးတို (Short Trip)၊ ခရီး ရှည် (LongTrip) များစီစဉ်၍ သွားရောက်လေ့လာစေသည်။ ထို့ပြင် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန် အတွက် လက်တွေ့လုပ်ငန်းများတွင်  သွားရောက်၍ အလုပ်သင် Intership အဖြစ် ၁ လမှ ၃ လခွဲအထိ လက်တွေ့ လုပ်ငန်းခွင်တွင် ဝင်ရောက်လေ့လာ လုပ်ကိုင်စေသည်။

သင်တန်းနှစ် ၄ နှစ်ပြီး မြောက်ပါက အလုပ်ခွင် ဝင်ရောက်နိုင်ရန်အတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ Job Fair ပြုလုပ်ပေးမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် ကျင်းပမည့် Job Fair တွင် စီးပွားရေး လုပ်ငန်းရှင်များကို စီးပွားရေးလုပ်ငန်းအလိုက် ကုမ္ပဏီများအလိုက် NMC (ဗိုလ်တထောင် Campus) တွင် ဖိတ်ခေါ်ပြီး ထိုလုပ်ငန်းရှင်များတွင် လိုအပ်သော ရာထူးအဆင့်အလိုက် လိုအပ်သော လုပ်သားများကို ခေါ်ယူစေမည်ဖြစ်သည်။

NMC မှ ဘွဲ့ရရှိမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိရရှိသော ဒီဂရီနှင့် ကိုက်ညီသော သက်မွေး ဝမ်းကျောင်းအလုပ်မှာ မည်သည့်အလုပ်နှင့် ရာထူးအဆင့်ဖြစ်သည်ကိုလည်း အကြံပေးခြင်းဖြင့် မိမိကျွမ်းကျင်မှုအလိုက်၊ စိတ်ပါဝင်စားမှုအလိုက် လုပ်ငန်းခွင်ဝင်နိုင်မည် ဖြစ်သည်။

 

NMC မှ စာတွေ့သာကမ လက်တွေ့ကျသော သင်ကြားမှုကို အထက်ပါ အစီအစဉ်များအတိုင်း ပြုလုပ် သင်ကြားပေးမည်ဖြစ် သည့်အပြင် အောင်မြင်ပြီးပါကလည်း အလုပ်အကိုင်ရရှိရေး အစီအစဉ်များကို ဖန်တီးပေးခြင်းဖြင့် ဘွဲ့ရပြီး လုပ်ငန်းခွင်များသို့ ဆက်လက်ဝင်ရောက်နိုင်သည်အထိ စီစဉ်ပေးထားသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် လျှောက်လွှာခေါ်ယူ၍ ပထမနှစ် သင်တန်းသားများကို လက်ခံမည် ဖြစ်သည်။ NMC တွင် ဘွဲ့ကြိုသင်တန်းတစ်ခုချင်းစီ အတွက် ကျောင်းသား ၁၅၀ ဦးစီ ခေါ်ယူမည်ဖြစ်သည့်အတွက် ဘွဲ့ကြိုသင်တန်း ၄ ခုအတွက် စုစုပေါင်း ကျောင်းသား ၆၀၀ ဦးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် ခေါ်ယူမည် ဖြစ်သည်။

 

ကျောင်းအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ

အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်

၂၇၃၊ ၂၇၉ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း-၂၀၀၆၃၉၊၂၉၂၂၇၉၊ ၂၉၂၁၂၁

 

6194 total views, 2 today