Telenor ကုမ္ဗဏီ၏ ၀န်ထမ်းခေါ်ယူမည့် အစီအစဉ်

Posted by | August 13, 2013 | News

Telenor Recruitmentယနေ့ထုတ်ပြန်လိုက်သော တယ်လီနော၏ မြန်မာနိုင်ငံရှိ ၀န်ထမ်းများခေါ်ယူမှု အစီအစဉ်တွင် အပိုင်း(၃)ပိုင်းပါရှိပါမည်။ပထမအဆင့် (ယနေ့မှစ၍ စက်တင်ဘာလကုန်အထိ) တွင် လက်ရှိလိုအပ်နေသော အတွေ့အကြုံရှိ ခေါင်းဆောင်ပိုင်းဆိုင်ရာ ရာထူးများကို စတင်ခေါ်ယူခန့်အပ်သွားမည်ဖြစ်သည်။ လက်တလော အရေးပါ အခရာကျသော နည်းဗျူဟာ၊ စီမံခန့်ခွဲမှု ကဏ္ဍများကို ဦးစီးဆောင်ရွက်ရန်ဖြစ်ပါသည်။

ဒုတိယအဆင့်/တတိယအဆင့်တွင် (အောက်တိုဘာ မှ ဒီဇင်ဘာအထိ) မိုဘိုင်းလိုင်း၊ ကွန်ယက်၊ နောက်ဆုံးပေါ် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကိုတည်ဆောက်ရန် လိုအပ်သည့် technology experts, telecomm professionals ၀န်ထမ်းများကို ဦးစားပေးရှာဖွေခန့်အပ် သွားမည်ဖြစ်သည်။

၂၀၁၃ နှစ်ကုန်တွင်တော့ ကုမ္ဗဏီ၏ မျှော်မှန်းချက်ဖြစ်သည့် ဈေးနှုန်းသက်သာ၍ ၀န်ဆောင်မှုကောင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် မိုဘိုင်းကွန်ယက်တစ်ခုကို တည်ဆောက်ရန် သင့်လျှော်သော ၀န်ထမ်းများအလုံအလောက် ခန့်ထားနိုင်မည်ဟု မျှော်လင့်ထားသည်။ ထို့အပြင်ခေါ်ယူထားသည့် မြန်မာနိုင်ငံသား ၀န်ထမ်းများ ခေါင်းဆောင်ပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အစရှိသည့် လိုအပ်သည့် Skills များကို စနစ်တကျ သင်ကြားပို့ချပေးမည့် Telenor Myanmar Academy (employee training development plan) တစ်ခုကိုလဲ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MyanmarJobsDB အနေဖြင့်လည်း မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖြစ်ထွန်းလာမည့် ဤအစီအစဉ်များကို ကြိုဆိုမိပါသည်။

Opening Positions: http://www.telenor.com/news-and-media/in-focus/telenor-in-myanmar/vacant-positions/

Press Release: http://www.telenor.com/news-and-media/articles/2013/telenor-begins-recruitment-for-leadership-positions-in-myanmar/

14059 total views, 1 today

Tags: , , ,