Comments Off on PS Business School မှ ဦးစီး၍ Myanmar Idea Challenge 2014 ပြိုင်ပွဲ ကြီးမှူးကျင်းပမည်

PS Business School မှ ဦးစီး၍ Myanmar Idea Challenge 2014 ပြိုင်ပွဲ ကြီးမှူးကျင်းပမည်

Posted by | June 26, 2014 | Competition, Training/Education

PS Business Schoolသည် ၂၀၁၀ တွင် Myanmar Business Plan Competition ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး စီးပွားရေးနှင့်လူမှုစီးပွားရေး အစီအစဉ်ပြိုင်ပွဲများကို နှစ်စဉ် ဦးစီးကျင်းပကာ ယခု၂၀၁၄တွင် Business နှင့် Social Enterprise Idea ပြိုင်ပွဲကို ပူးတွဲကျင်းပခြင်း ဖြစ်ပါသည်။

နိုင်ငံတစ်ခုတွင် ငွေကြေးအမြတ်အစွန်းကို ဦးတည်သောလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ လူမှုရေးဦးတည်သော၊ အမြတ်အစွန်းကို အဓိကမဟုတ်သော လုပ်ငန်းငယ်များ ဖွံဖြိုးတိုးတက်ရန်လည်းလိုအပ်ပါသည်။

လုပ်ငန်းများအတွက် အရေးပါဆုံးသောအရာသည် အကြံကောင်း၊ ဥာဏ်ကောင်းများဖြင့် စတင်ခြင်း ဖြစ်ပါသည်။ ထိုလုပ်ငန်းငယ်များ ဖွံဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး မြန်မာ့အတွေးအခေါ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဦးစွာကျင်းပခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲတွင် လူငယ်များ၏ အတွေးအခေါ် စိတ်ကူးစိတ်သန်းများကိုလွတ်လပ်စွာတင်ပြနိုင်ပြီး

၁) စီးပွားရေးလုပ်ငန်းနှင့်

၂)လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း ဟူ၍ခေါင်းစဉ် နှစ်မျိုးထဲမှ မိမိနှစ်သက်ရာ ခေါင်းစဉ်ကို ရွေးချယ် ယှဉ်ပြိုင် နိုင်ပါသည်။

ထို့အပြင် လူငယ်များဧ။် စိတ်ကူးကောင်းများကို အသိအမှတ်ပြု ချီးမြှင့်ရန်နှင့် ၄င်းတို့၏ အတွေးအခေါ်များကို စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်အကောင်အထည် ဖော်နိုင်လာစေနိုင်ရန်၊ လူငယ်များ စွန့်ဦးတီထွင်နိုင်မှု စွမ်းရည်များတိုးတက်လာစေရန် နှင့် အာဆီယံနိုင်ငံများအတွင်း မြန်မာ့ကုန်စည်နှင့် ၀န်ဆောင်မှုများ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရန် ဖြစ်ပါသည်။

မြန်မာအတွေးအခေါ်ပြိုင်ပွဲတွင် (၁) Youth to Innovation    (၂) Pitching ၃) Coaching (၄) Final Competition အဆင့်(၄) ဆင့် ပါဝင်မည် ဖြစ်ပြီး  (မေလ မှ စက်တင်ဘာ) အထိ ကျင်းပသွားမည် ဖြစ်ပါသည်။

၁) Youth to Innovation ကို ဇွန်လ (၂၁၊ ၂၂) တွင် ရန်ကုန်မြို့ – စိမ်းလန်းစိုပြည်ဥယျာဉ်တွင် ကျင်းပပြုခဲ့ပြီး ဇွန်လ (၂၈၊ ၂၉) တွင် မန္တလေးသမဝါယမကောလိပ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး Social and Business Model Canvas Entrepreneurship အစရှိသော ခေါင်းစဉ်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။

၂) ဒီပြိုင်ပွဲရဲ့ အဓိကထူးခြားချက်မှာ Pitching အဆင့်တွင် ၃ မိနစ်အတွင်းမိမိပြောလိုသည့် IDEA ကိုထိရောက်စွာ တင်ပြသွားနိုင်ရမည် ဖြစ်သည်။

၃) ထိုအဆင့်တွင် အဖွဲ့(၂၀)ကို စကာတင် ရွေးချယ်သွားမည် ဖြစ်ပြီး ရွေးချယ်ရသောအဖွဲ့အားလုံးကို PS Business School တွင် Marketing, Business, Socical Problems, Accounting, Presentation Skill ဆိုင်ရာအရည်အချင်းများကို အနီးကပ် လေ့ကျင့် လမ်းညွှန်ပေးသွားပါမည်။ ထို့အပြင် အဖွဲ့တစ်ဖွဲ့ကိုဆုငွေ (၁) သိန်းကျပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။

၎) မြန်မာအတွေးအခေါ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ခေါင်းစဉ်တစ်ခုစီ အတွက် ဆု ၂ ခုစီသက်မှတ်ထားပြီး

၁) Winner Prize    – $ 1,500

၂) First Runner up        – $ 1,000ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ပါသည်။

 

ရွေးချယ်ပုံ

ဆုရွေးချယ်ရာတွင် လက်တွေ့အသုံးချနိုင်မှု၊ ဆန်းသစ်တီထွင်နိုင်မှု၊ ရေရှည်ရပ်တည်နိုင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု၊ ဇာတ်လမ်းတင်ဆက်နိုင်မှု တို့ကိုအလေးပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့တွင် (၂) ဦးမှ (၄) ဦးအထိပါဝင်နိုင်ပြီးအသက် ၁၆ မှ ၃၀ အတွင်းပါဝင် ယှဉ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲဝင်ရန်အတွက် လျှောက်လွှာကို www.facebook.com/MyanmarIDEAChallenge တွင် Downloadရယူပြီး မိမိ IDEA နှင့် ပူးတွဲကာ[email protected]သို့ ဇွန်လ (၁၂) ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရပါမည်။ (ပြိုင်ပွဲဝင်ကြေးပေးရန်မလိုပါ)

မြန်မာအတွေးအခေါ် ပြိုင်ပွဲ ၂၀၁၄ ကို PS Business School မှ ကြီးမှူးကျင်းပ၍ ကမ္ဘောဇဘဏ်မှ Diamond Sponsor အဖြစ် ကူညီပံ့ပိုးထားပြီး၊ Solo Collection မှ Sport Shirt Sponsor ၊ အမေရိကန်သံရုံး၊ ဗြိတိသျှကောင်စီ၊ AIESEC နှင့် GSVC တို့မှ Technical Sponsor အဖြစ် ပံ့ပိုးကူညီထားပါသည်။

Selection Schedule

 

 

2482 total views, 2 today