Comments Off on University of Chester, UK ၏ ( ၁ ) နှစ် MBA Course ကို စင်ကာပူနိုင်ငံ Diemnsions International College တွင်တက်ရောက်ရန် လာမည့် Jan 2015 Intake အတွက်ဝင်ခွင့်များစတင်လက်ခံပြီ။

University of Chester, UK ၏ ( ၁ ) နှစ် MBA Course ကို စင်ကာပူနိုင်ငံ Diemnsions International College တွင်တက်ရောက်ရန် လာမည့် Jan 2015 Intake အတွက်ဝင်ခွင့်များစတင်လက်ခံပြီ။

Posted by | December 4, 2014 | News, Scholarship

မြန်မာနိုင်ငံမှဘွဲ့တခုခုရရှိပြီး အသက် (21) နှစ်ပြည့်ပြီးသူများအတွက် Master of Business Administration (MBA) ဘွဲ့ကို Dimensions International College, Singapore တွင် (1)နှစ်တက်ရောက်ရုံဖြင့် UK နိုင်ငံ University of Chester မှချီးမြှင့်သောဘွဲ့ကိုရရှိနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

 

DImension 3

University of Chester သည် UK နိုင်ငံတက္ကသိုလ်လောကတွင်အစောဆုံးတည်ထောင်ခဲ့သောတက္ကသိုလ်ကြီးများထဲ

တွင်တစ်ခုအပါအ၀င်ဖြစ်သည်။ 2013 Guardian  University Guide  အရ UK နိုင်ငံ၏ တတိယမြောက် တိုးတက်မှု အမြင့်ဆုံး တက္ကသိုလ်ကြီး တခု ဖြစ်ပါသည်။ UK နိုင်ငံတွင် စီးပွားရေး နှင့်စီမံခန့်ခွဲ မှု ဘာသာရပ်များကို သင်ကြားပို့ချပေးလျှက်ရှိသောကျောင်းကြီး ( ၁၁၆ ) ကျောင်းအနက်  Ranking ( 37 ) ရရှိထားသော တက္ကသိုလ်ကြီးလည်း ဖြစ်ပါသည်။ ဒါ့အပြင် UK နိုင်ငံ၏အဆင့်မြင့် ပညာရေး အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ၁၂၀ အနက် Ranking ( 52 ) ရရှိသော ကျောင်းကြီး တခု လည်း ဖြစ်ပါသည်။

လက်တွေ့စီမံခန့်ခွဲမှု့အတွေ့အကြုံရှိထားပြီးသူများအနေဖြင့်လည်းမိမိတို့၏စီမံခန့်ခွဲမှု့အရည်အချင်းများကို

မြှင့်တင်ပေးနိုင်သောဘာသာရပ်မျိုးဖြစ်သည့်အတွက် Advanced management skills များကို ထိထိရောက်ရောက် အချိန်တိုအတွင်းလေ့လာနိုင်မည့် ဘာသာရပ်မျိုးဖြစ်ပါသည်။

Dimensions International College, Singapore City Campus တွင် General MBA အပြင် project Management  အထူးပြုဘာသာရပ် အနေဖြင့်ပါ ရွေးချယ်တက်ရောက် နိုင်ပြီဖြစ်ပါသည်။ 

 

ယင်းMBA program သည် ကျောင်းသားကျောင်းသူများ၏ Critical thinking skill, Research skill နှင့် Analysis skill တို့ကို တစ်ဦးချင်း (သို့) အုပ်စုလိုက် Team work ပုံစံဖြင့် မြှင့်တင်ပေးရန် ရည်ရွယ်ချက်ထား သင်ကြားပို့ချပေးနေခြင်းဖြစ်ပါသည်။ ထို့အပြင် Assignments, presentation, Case Study, Individual and Group project တို့ကို Report နှင့် Exam ပုံစံမျိုးဖြင့် ကျောင်းသားကျောင်းသူမျာ၏ skill ကိုမြှင့်တင်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်ကြားမည့်ဘာသာရပ်များအနေဖြင့် General MBA တွင် – Leadership Learning and Continuous Professional Development, Marketing Across Boundaries, Finance for Managers, Leading and Managing People, International Business Strategy, Strategic Management, Preparing for Research, Management Project တို့ဖြစ်ပြီး ဘာသာရပ်တခုစီတွင် အနည်းဆုံး Credit points 20 မှ 40 အတွင်း သင်ကြား ရမည်ဖြစ်ပြီး စုစုပေါင်း MBA ဘွဲ့ရရှိရန် အတွက် credit points 180 သင်ကြားရမည် ဖြစ်ပါသည်။

MBA ( specialization Project Management ) တွင်- Leadership Learning and Continuous Professional Development, Marketing Across Boundaries, Finance for Managers, Leading and Managing People, Strategic project management, Managing Excellence in Process and Projects, Preparing for Research, Management Project တို့ကို သင်ကြားပေးမှာ ဖြစ်ပါသည်။

Jan 2015 intake  လျှောက်ထားလို သူမြန်မာကျောင်းသူကျောင်းသားများအတွက် စင်ကာပူဒေါ်လာ 10000 ( ကျောင်းစရိတ်၏ ၃၀ % ကျော်) ကိုပညာသင်ဆု အဖြစ် ပေးအပ်သွားမည်ဖြစ်သောကြောင့် စိတ်ဝင်စားသူများနှင့် ကျောင်းလျှောက်ထားလိုသူများ Dimension International College ၏ မြန်မာရုံးခွဲ Dimension Education Center, အခန်း ( ၈၀၃ ) ၈ လွှာ ပန်းခြံတာဝါ၊  မြေနီကုန်း၊ စမ်းချောင်း Ph..09 4500 44117, 09 421076858 သို့အမြန်ဆုံးဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်း သိရှိရပါသည်။

1364 total views, 2 today