Comments Off on University of Chester, UK ၏ ( ၁ ) နှစ် MBA ဘွဲ့ ကိုစင်ကာပူနိုင်ငံတွင် ၃၀%ပညာသင်ဆု အစီအစဉ် ဖြင့် March 2015 Intake တွင်တက်ရောက်နိုင်ရန် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကျင်းပပြုလုပ်မည်။
University of Chester, UK ၏ ( ၁ ) နှစ် MBA ဘွဲ့ ကိုစင်ကာပူနိုင်ငံတွင် ၃၀%ပညာသင်ဆု အစီအစဉ် ဖြင့် March 2015 Intake တွင်တက်ရောက်နိုင်ရန် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကျင်းပပြုလုပ်မည်။
Posted by | January 16, 2015 | News, Scholarship, Training/Education
မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများအတွက် University of Chester, UK မှ ပေးအပ်မည့် MBA ဘွဲ့ကို စင်ကာပူနိုင်ငံ Dimensions International College, City Campus တွင် ၃၀% ပညာသင်ဆုဖြင့် Sep 2014 Intake လျှောက်ထားနိုင်ကြောင်းသိရှိရပါသည်။ ယင်းပညာသင်ဆု အစီအစဉ် အတွက် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအား လာမည့် ဇန်န၀ါရီလ ( ၂၆ )  တနင်္လာနေ့တွင် နေ့လည် (၁း၀၀) မှ (၃း၀၀) အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Dimension 4
University of Chester သည် UK နိုင်ငံတက္ကသိုလ်ကြီးများတွင် အစောဆုံးတည်ထောင်ခဲ့သော နာမည်ကြီး တက္ကသိုလ်ကြီးများထဲတွင် တစ်ခုအပါအoင်ဖြစ်သည်။
ထို့ အပြင် UK နိုင်ငံ၏  စီးပွားရေး နှင့်စီမံခန့်ခွဲ မှု ဘာသာရပ်များကိုသင်ကြားပို့ချပေးလျှက်ရှိသောကျောင်းကြီး ( ၁၁၆ ) ကျောင်းအနက် Ranking ( ၃၇ ) ရရှိထားသော ကြောင့် နာမည်ကျော်ကြားပြီး ခိုင်မာမှုရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။
ယင်းတက္ကသိုလ်ကြီး၏စင်ကာပူနိုင်ငံ partner college တခုဖြစ်သော Dimensions International College တွင်လာမည့် March 2015 ကျောင်းဖွင့်ချိန်တွင် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအတွက် ၃၀% MBA ဘာသာရပ် ပညာသင်ဆုကိုချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသည်။ စင်ကာပူ Dimenisons International College ၏ City Campus တွင်  တက်ရောက်ရခြင်းဖြင့် ကျောင်းသူကျောင်းသားများအတွက် နေထိုင်စရိတ်အကုန်အကျသက်သာမည် ဖြစ်ပြီး ကျောင်းပြီးပါက UK နိုင်ငံ University of Chester မှ ပေးအပ်သော MBA ဘွဲ့ ကို တိုက်ရိုက်ရရှိနိုင် မှာဖြစ်ပါသည်။
သင်တန်းကာလ ( ၁ ) နှစ်ကြာမြင့် မည် ဖြစ်ပြီး စီမံခန့် ခွဲမှုဆိုင်ရာ ပညာရပ်များကို အခြေခံကျကျ နားလည်သဘောပေါက်လာစေရန်၊ ငွေကြေးနှင့် လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲတတ် လာစေရန် စသည်တို့ကို Case Study များ Assignments များ Individual and Group Project များဖြင့် ပေါင်းစပ်သင်ကြားမည် ဖြစ်ပါသည်။
Dimension 5
စီမံခန့်ခွဲမှုအတွေ့အကြုံရှိထားပြီးသူများအနေဖြင့်လည်းမိမိတို့၏စီမံခန့်ခွဲမှု့အရည်အချင်းများကိုမြှင့်တင်ပေးနိုင်သောဘာသာရပ်မျိုးဖြစ်သည့်အတွက် Advanced management skills များကို ထိထိရောက်ရောက် အချိန်တိုအတွင်းလေ့လာနိုင်မည့် ဘာသာရပ်မျိုးဖြစ်ပါသည်။
ထို့ပြင် Specialization ဘာသာရပ်အနေဖြင့် MBA ( project Management ) ဘာသာရပ်ကိုလည်း အထူးပြုတက်ရောက်နိုင်ပါသည်။
ထို့ ကြောင့်ပညာသင်ဆုလျှောက်ထားလိုသော ကျောင်းသား ကျောင်းသူများအတွက် English အရည်အချင်းစစ်စာမေးပွဲကို Dimensions Education Center  တွင် ဇန်န၀ါရီလ ၂၆ ရက် တနင်္လာနေ့ နေ့လည် (၁း၀၀-၃း၀၀) အတွင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ကြိုတင်စာရင်းပေးသွင်းပီး လာရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါသည်။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုလိုသူများ မိမိတို့၏ဘွဲ့လက်မှတ် မိတ္တူတစ်စုံယူဆောင်လာရပါမည်။
Dimensions International College  ရန်ကုန်မြို့ ဖုန်း ၊ 09450044117 ၊ 09421076858  သို့  ကြိုတင်စာရင်း ပေးသွင်းပြီး နိုင်ပါသည်။
2354 total views, 3 today