Comments Off on ယူအိုဘီ(UOB)ဘဏ်မှ တက္ကသိုလ်ပညာသင်ဆု ၁၈၉ သန်း ထောက်ပံ့သွားမည်

ယူအိုဘီ(UOB)ဘဏ်မှ တက္ကသိုလ်ပညာသင်ဆု ၁၈၉ သန်း ထောက်ပံ့သွားမည်

Posted by | August 20, 2014 | News, Scholarship

တက္ကသိုလ်ပညာသင်ဆုအဖြစ် ယူအိုဘီ (United Overseas Bank Limited) ဘဏ်မှ မြန်မာ
ကျပ်ငွေ ၁၈၉ သန်း တန်ဖိုး ရှိ အမေရိကန်ဒေါ်လာ ၁၇၈၀၀၀ ကို လာမည့်သုံးနှစ်အတွင်း မြန်မာ
နိုင်ငံမှ အတော်ဆုံးနှင့် အထက်မြက်ဆုံး တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအား
ပညာသင်ဆုအဖြစ် ထောက်ပံ့သွား မည်ဖြစ်ကြောင်း ဩဂုတ်လ ၁၅ ရက်နေ့တွင် အဆိုပါဘဏ်
က သတင်းထုတ်ပြန်ခဲ့သည်။

uob

 

 

“ဒီပညာသင်ဆုအစီအစဉ်နဲ့ အလုပ်သင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းကနေတဆင့် ပြည်တွင်း
ဘဏ်လုပ် ငန်း တွင်ကျယ်လာစေရန်နဲ့ ငွေကြေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ တိုးပွားလာစေရန်
ရည်ရွယ်ထားပါတယ်။ ဒီလိုထောက်ပံ့မှုကနေပြီးတော့ အနာဂတ်မှာ မြန်မာနိုင်ငံအတွင်းမှာ ငွေ
ကြေးနဲ့ဘဏ်လုပ်ငန်းဆိုင်ရာ ဦး ဆောင်သူများဖြစ်လာမယ့်သူတွေကို ပြည်တွင်းနှင့် နိုင်ငံတကာ
အတွေ့အကြုံများ ရရှိစေရန် ကမ်းလှမ်းသွား မှာဖြစ်ပါတယ်”ဟု ယူအိုဘီ နိုင်ငံတကာအဖွဲ့၏
ဦး ဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr.Ian Wong မှ ၎င်း၏ ရည်ရွယ်ချက်ကို ပြောသည်။

ပညာသင်ဆုချီးမြှင့်ရာတွင် လာမည့်သုံးနှစ်တာကာလအတွင်းတွင် မြန်မာနိုင်ငံ၏ အတော်ဆုံး
အထက်မြက်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသားကျောင်းသူ ၄၅ ဦးအား ဆုံးခန်း
တိုင်အောင် တက္ကသိုလ်စရိတ်နှင့် တက္ကသိုလ်အောင်မြင်ပြီး ဘွဲ့ရရှိသွားပြီးနောက်လည်း ယူအို
ဘီဘဏ်တွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့်ပါ ရရှိသွားမည်ဖြစ်ကြောင်း၊ ပညာသင်ဆုချီးမြှင့်ခြင်း
အစီအစဉ်ကို ရန်ကုန်တက္ကသိုလ်နှင့်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့မှ ကြီးမှူးဆောင်ရွက်သွား
မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးပြောင်းလဲမှုက အမှန်တကယ် အလျင်အမြန်ဖြစ်ပေါ်နေတာပါ။ ရန်ကုန်
တက္ကသိုလ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ အတူပူးပေါင်း စိစစ်ပြီး ငွေကြေးထောက်ပံ့မှု လိုနေ
တဲ့ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို ဘဏ်လုပ်ငန်းတွေမှာ ခေါင်းဆောင်ကောင်းတွေ
ဖြစ်လာစေဖို့ လိုအပ်တဲ့အထောက်အပံ့ များ ပေးအပ်ခြင်းအားဖြင့် နိုင်ငံရဲ့ စီးပါားရေး တိုးတက်စေ
ရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန် တက္ကသိုလ်မှ ဒုတိယ ပါမ္ခောချုပ်ဒေါက်တာ
အောင်ကျော်မှ ပြောသည်။

ယူအိုဘီ ဘဏ်သည် အာရှ ပစိဖိတ်၊ အနောက်ဥရောပနှင့် မြောက်အမေရိကရှိ နယ်မြေများနှင့်
နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ရုံးခွဲပေါင်း ၅၀၀ ကျော်ဖြင့် ကမ္ဘာတ၀န်း ကွန်ရက်ဖြန့်ကျက်ကာ အာရှ
တွင် ဦးဆောင်နေသည့် ဘဏ်တစ်ခုဖြစ်ပြီး လူအဖွဲ့အစည်းများတွင် တက်ကြွသည့်အခန်းကဏ္ဍမှ
ပါဝင်၍ အနုပညာ၊ ပညာရေးနှင့် ကလေးသူငယ်အရေးတို့ကို အလေးပေး ဆောင်ရွက်လျက်ရှိ
ကြောင်း သိရသည်။

Credit : MyanmarTimes မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။

1544 total views, 1 today