Comments Off on ပဉ္စမအကြိမ်မြောက် အလုပ်အကိုင်အခွင့်အလမ်းများပြပွဲအတွက် Volunteer များအလိုရှိသည်

ပဉ္စမအကြိမ်မြောက် အလုပ်အကိုင်အခွင့်အလမ်းများပြပွဲအတွက် Volunteer များအလိုရှိသည်

Posted by | August 18, 2014 | Career Opportunity, News

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှုးကျင်းပမည့် ပဉ္စမအကြိမ်မြောက် အလုပ်အကိုင် အခွင့်အလမ်းများပြပွဲတွင် Volunteer အနေနှင့် လုပ်ကိုင်ရန် စိတ်ပါဝင်စားသူ အမျိုးသား/အမျိုးသမီး ၃၀ ဦး လျှောက်ထား  နိုင်ကြောင်းသိရသည်။ပညာအရည်အချင်းမှာ အနည်းဆုံးဆယ်တန်းအောင် ၊အသက် ၂၂ နှစ်အောက် လူငယ်လူရွယ်များ   လျှောက်ထားနိုင်ကြောင်းသိရသည်။လျှောက်ထားလိုသူများအနေနှင့် ဆယ်တန်းအောင်လက်မှတ်မိတ္တူ ၊ဓါတ်ပုံ ၂ ပုံ ၊CV ဖောင်နှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။ အဆိုပါ Volunteer များအတွက် ၀တ်စုံ၊ စားစရိတ်၊ ခရီးစရိတ်အပါအ၀င် အသိအမှတ်ပြုလွှာများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရုံး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI၊ ၁၀ ထပ်၊ ဖုန်း ၂၃၀၁၈၆၇ သို့ သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်လျှောက်ထားနိုင်ကြောင်းသိရသည်။

Credit: အခွင့်အလမ်းဂျာနယ်မှကူးယူဖေါ်ပြသည်။

1286 total views, 2 today