Comments Off on တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

Posted by | March 24, 2014 | Articles, News, Training/Education

တစ်ပတ်အတွင်းလုပ်ငန်းခွင် အထောက်အကူပြု သင်တန်းသစ်များ

connect-job-pieces

Accounting Job Training ထပ်မံဖွင့်လှစ်

Any Graduate (LCCI Level II, III) ၊ B.Com ၊ ACCA ၊ DA စသည့်တို့ကို တက်ရောက်ဆဲ ကျောင်းသား/သူများ၊ အောင်မြင်ပြီးသူများ၊ အတွေ့အကြုံ မရှိသေးသူများ၊ အတွေ့အကြုံရှိပြီး Final Account မဆွဲနိုင်သူများအတွက် Daily Transaction မှ Final Account ထိ (Full Set ) ရေးဆွဲနိုင်အောင် Manual, Excel, MYOB တို့ဖြင့် လက်တွေ့ရေးဆွဲ လေ့ကျင့်ရမည့်သင်တန်းကို Best Choice တွင်ထပ်မံဖွင့်လှစ်မည်ဟု သိရသည်။ သင်တန်းရက်ရှည် မတတ်ရောက်နိုင်သူများအတွက် ရက်တို ပညာဒါနသင်တန်း (ဖောင်ကြေး ၃၀၀၀ ကျပ်ပေးသွင်း၍) ကိုလည်း လာမည့် ဧပြီလ ၄ ရက် ၅ ရက်နေ့များတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၅၁၂၉၉၄၆၊ ၀၉-၃၁၂၄၂၀၈၆ သို့ စုံစမ်းနိုင်ကြောင်းသိရသည်။

 

ပညာသင်ဆု ၃၀ ရာခိုင်နှုန်းရရှိမည့် MBA ဘာသာရပ်

မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခုရရှိပြီး အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်းအတွက် UK နိုင်ငံ University of Chester မှပေးအပ်မည့် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု မဟာဘွဲ့ကို Dimensions International College စင်ကာပူတွင် ၃၀ ရာခိုင်နှုန်း ပညာသင်ဆုနှင့်အတူ လျှောက်ထားနိုင်ကြောင်း သိရသည်။အသေး စိတ်အချက်အလက်များကို Dimensions Education Center ဖုန်း – ၀၉-၄၅၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Motivational Intellectual Talk ၏ စတုတ္ထအကြိမ် ဟောပြောပွဲ ကျင်းပမည်

Motivational Intellectual Talk (MIT)၏ စတုတ္ထအကြိမ် ဟောပြောပွဲကို မတ်လ ၃၀ ရက်နေ့ နေ့လယ် ၁နာရီခွဲတွင် MICT Park  Conference Hall တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ)မှ ‘တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများ ဘာဆက်လုပ်သင့်သလဲ’ ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူများအနေဖြင့် GETC သင်တန်းကျောင်း ဖုန်း ၅၃၀၀၉၇၊ ၅၃၇၈၉၈ သို့ဆက် သွယ် စာရင်းပေး၍ အခမဲ့တက်ရောက် နိုင်ကြောင်းသိရသည်။

 

နှစ်သစ်ကူးအစီအစဉ် PSB Academy ၏ ပညာရေးဆွေးနွေးပွဲ

သြစတေးလျနိုင်ငံ အင်္ဂလန်နိုင်ငံတို့၏ University of Newcastle၊ University of London၊ University of Wollongong ၊ Edinburgh  Napier University တို့နှင့်ချိတ်ဆက်ထားကာ နိုင်ငံတကာဘွဲ့ဒီဂရီများပေးအပ်နေသည့် စင်ကာပူ PSB Academy ၏ ၂၀၁၄ ပညာရေးဆွေးနွေးပွဲကို AT&S Co.,Ltd နှင့်ပူးပေါင်းကာ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၂နာရီတွင် Trader Hotel ပင်းယခန်းမတွင်လည်းကောင်း၊ မတ်လ ၃၀ ရက်နေ့တွင် Hotel Mandalay ၊ စံပယ်ဖြူခန်းမတွင်လည်ကောင်း ကျင်းပမည်ဟု သိရသည်။ အသေးစိတ်သိရှိလိုသူများနှင့် ဆွေးနွေးပွဲတက်ရောက်လိုသူများ အနေဖြင့် ဖုန်း ၅၂၁၁၂၅၊ ၆၅၂၂၈၈ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

နှစ်သစ်ကူးအစီအစဉ် နိုင်ငံခြားဘာသာသင်တန်းများ ဖွင့်လှစ်မည်

Zaw Education Center မှ နှစ်သစ်ကူးအစီအစဉ်အနေဖြင့် နိုင်ငံခြားဘာသာသင်တန်း အမှတ်စဉ် (၄/၂၀၁၄)အား ဧပြီလ ၄ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုရီယားဘာသာ စကားပြောသင်တန်းများ ဖြစ်သည်ဟုသိရသည်။ သင်တန်းတွင် အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည်လေးမျိုး စလုံးပါဝင်အောင် သင်ကြားပေးမည်ဟု သိရသည်။ အသေးစိတ်အချက်အလက်များကို ဖုန်း – ၀၉-၇၃၀၈၇၁၃၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့် အစားအစာပြုလုပ်နည်း သင်တန်းဖွင့်လှစ်

နိုင်ငံတကာရှိ Hotel များ၊ Restaurant များနှင့် အပျော်စီးသဘောင်္လိုင်များတွင် တာဝန်ထမ်းဆောင်လိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းများတွင် ကျွမ်းကျင်စွာ လုပ်ကိုင်လိုသူများအတွက် ရည်ရွယ်၍ International Culinary Course (နိုင်ငံတကာအဆင့် အစားအစာချက်ပြုတ် ပြင်ဆင်နည်းသင်တန်း) သင်တန်း အပတ်စဉ်အသစ်ကို မတ်လနောက်ဆုံးပတ်အတွင်း Star Resources Hospitality & Tourism Management Academy တွင်ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရှိရပါသည်။ သင်တန်းကာလမှာ (၃)လကြာမြင့် မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက တိုက် (၂၆၇)၊ အခန်း ၃၀၂၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ဖုန်း – ၅၂၃၂၀၀၊၅၂၃၆၂၃ သို့ဆက်သွယ်စုံစမ်း စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရပါသည်။

 

အတာသင်္ကြန်သင်တန်း အထူးအစီအစဉ်

Dynasty Training Center တွင်သင်္ကြန်အထူးအစီအစဉ် အနေဖြင့် Dynasty ရှိသင်တန်းများမှ Advance Course မှစ၍ မည်သည့်သင်တန်းကိုမဆို တက်ရောက်သူများကို အခြားနှစ်သက်ရာ Course တစ်ခုကို ငွေကျပ် (၅၀၀၀) ဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာဘာသာ စကားကို ငွေကျပ် (၃၀၀၀) ဖြင့် မတ်လ ၂၅ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ တက်ရောက်နိုင်ကြောင်း သိရသည်။ တက်ရောက်နိုင်သည့် Course များမှာ Microsoft Office, Business in Excel Special, Indesign, Corel Draw, Photoshop, Illustrator, Pagemaker, English 4 Skills တို့ကို တက်ရောက်နိုင်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း – ၀၉- ၄၂၁၁၀၉၇၇၈ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Leadership Skill ရက်တိုသင်တန်း ဖွင့်လှစ်

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူများ၊ အစိုးရ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ခေါင်းဆောင်မှုအပိုင်းကို တာဝန်ယူဆောင်ရွက် နေသူများ၊ တက္ကသိုလ် ကျောင်းသားများနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် ခေါင်းဆောင် မှုစွမ်းရည် (Leadership Skills) ရက်တိုသင်တန်းကို ဧပြီးလ ၉ ရက်နေ့တွင် Global Knowledge  Management Institute & Career Consultancy မှ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း – ၀၉-၂၅၄၂၄၉၇၇၈၊ ၃၈၇၀၇၇ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Customer Service Management သင်တန်းဖွင့်လှစ်

စင်ကာပူနိုင်ငံမှပေးအပ်သော Certificate in Customer Service Management သင်တန်းဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် Service Organization များပေါ်ထွက် လာသည်နှင့်အမျှ မိမိတို့၏ ဝန်ထမ်းများ Service ပေးရာတွင် အခြားသော Organization များနှင့် နှိုင်းယှဉ်ရာ တွင် ဝန်ထမ်းများ၏ Service Skills တိုးတက်လာစေရန်အတွက်၊ Customer များမိမိတို့ Service ကိုစိတ်ကျေနပ် စေရန်အတွက် Customer Service Management သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။အသေးစိတ် အချက်အလက်များကို ဖုန်း – ၀၉-၇၃၀၈၁၁၃၁ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

 Ref : The Opportunity Journal

5690 total views, 7 today