Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

Posted by | September 15, 2014 | News, Training/Education

Service+ နှင့် Networking Course တန်းခွဲသစ်များဖွင့်လှစ်

ဆက်သွယ်ရေးလုပ်ငန်းများတွင် IT ပညာရှင်အဖြစ်ရပ်တည်လိုသူများအတွက် Theory နှင့် Practical ပူးတွဲလေ့ကျင့်သင်ကြားပေးမည့် ရုံးချိန်လွတ် Service+ နှင့် Networking တန်းခွဲသစ်များအား Data World Computer Center ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား         ဖုန်း-၃၈၅၁၃၄၊ ၀၉ ၃၃၀၉၄၆၇၇ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Advanced Excel For Accountant သင်တန်းဖွင့်လှစ်

Excel ဖြင့် စာရင်းဇယားများကို ကျွမ်းကျင်ပိုင်နိုင်စွာရေးဆွဲပြီး လုပ်ငန်းခွင်အတွင်း အလုပ်လုပ်လိုသော စာရင်းကိုင်များအတွက် Excel for Accountant သင်တန်းအား Innovation ၌ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းတစ်ခုလုံး၏ နေ့စဉ်စာရင်းများမှ ဘဏ္ဌာရေးရှင်းတမ်းများအထိ စာရင်းရေးပုံစံချနည်းနှင့် ရေး သွင်းနည်းများ၊ Excel ၏အသုံးဝင်သော Command/Fomula/Function အသုံးပြုနည်းများကို နားလည်တတ် ကျွမ်းအောင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းနှင့်ပတ်သတ်ပြီး အသေးစိတ်အချက်အလက် များအား ဖုန်း-၀၉ ၅၄၀၃၇၄၆၊ ၀၉ ၇၃၂၃၁၃၇၈ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

နိုင်ငံခြားဘာသာသင်တန်းများဖွင့်လှစ်မည်

နိုင်ငံခြားဘာသာသင်တန်းအမှတ် (၁၀/၂၀၁၄) အား အောက်တိုဘာလ ၁၁ ရက်နေ့တွင် Zaw Education Center ၌ ဖွင့်လှစ်မည်ဖြစ်သည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား ဘာသာစကားပြောသင်တန်းများဖြစ်သည်ဟု သိရသည်။ သင်တန်းတွင် အရေး၊ အဖတ်၊ အပြော၊ နားထောင်မှု စွမ်းရည် လေးမျိုးစလုံးပါဝင်အောင် သင်ကြားပေးမည်ဟုသိရသည်။ သင်တန်းကာလမှာ နှစ်လဖြစ်သည်။ အသေးစိတ်အချက်အလက်များကို ဖုန်း-၀၉ ၇၃၀၈၇၁၃၁ သို့ဆက်သွယ် နိုင်ကြောင်းသိရသည်။

Revit Architecture နှင့် Revit MEP သင်တန်းဖွင့်လှစ်မည်

Architect များ၊ Archi ကျောင်းသားများ၊ Archi Design ကိုရေးဆွဲလိုသူများအတွက် Revit Architecture သင်တန်းနှင့် Mechanical, EP, EC ကျောင်းသားများအတွက် Revit MEP သင်တန်းအား စက်တင်ဘာလ ၂၇ ရက်နေ့တွင် Promotion ကွန်ပြူတာသင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရ  သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း-၃၈၉၀၃၈၊ ၀၉ ၇၃၁၈၄၅၂၅ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Business & Management နှင့် Teaching & Assessing Young Learners ဒီပလိုမာများ လျှောက်ထားနိုင်

အင်္ဂလန်နိုင်ငံ၏ အစိုးရကောလိပ်တစ်ခုဖြစ်သော West Cheshire College မှပေးအပ်မည့် Diploma in Business & Management နှင့် Diploma in Teaching & Assessing Yong Learners ဘာသာရပ်ကို iAcademic Institute ၌ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ တက္ကသိုလ် ၀င်တန်းအောင်မြင်ထားပြီးသူများ၊ တက္ကသိုလ် တက်ရောက်နေဆဲသူများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူများ၊ ဘွဲ့ တစ်ခုခုရရှိထားသူများ တက်ရောက်နိုင်ပြီး အသေးစိတ်အချက်အလက်များအား ဖုန်း- ၀၉ ၄၂၀၀၃၀၉၄၃ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Yong Manager Training နှင့် Success and Motivation Training သင်တန်းဖွင့်လှစ်

စာရေးဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) ကိုယ်တိုင်သင်ကြားမည့် လူငယ်မန်နေဂျာ (Yong Manager Training) အား စက်တင်ဘာ ၂၂ ရက်နေ့တွင်၎င်း၊ ဘ၀အောင်မြင်ရေးသင်တန်း (Success & Motivation Training) အားစက်တင်ဘာလ ၂၀ ရက်နေ့တွင်၎င်း Myanmar’s Land Success, Motivation and Management Institute ၌ ဖွင့်လှစ်သင်ကြားပေးမည်ဟုသိရသည်။ သင်တန်းတက်ရောက်လိုသူများအနေနှင့် အသေးစိတ်အချက်အလက်များအား ဖုန်း-၅၄၈၅၀၀၊ ၀၉ ၂၅၄၁၁၄၅၃၇ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရ သည်။

MBA Preparation Course သင်တန်းနှင့် Business Communication (English) Class များဖွင့်လှစ်

နိုင်ငံတကာအသိအမှတ်ပြု Professional Certificate သင်တန်းများအား စက်တင်ဘာလ တတိယ ပတ်တွင် River Samon Institute of Management သင်တန်းကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရ သည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ MBA Preparation Course ဘာသာရပ်များ၊ Business Communication (English) Class တို့ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း- ၅၃၉၇၉၉၊ ၀၉ ၇၃၀၉၄၀၆၀ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Executive Certificate in Business Management သင်တန်းဖွင့်လှစ်

Executive Certificate in Business Management သင်တန်းအား အောက်တိုဘာ ၅ ရက်နေ့တွင် YCTC Business Institute ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၆ ပတ်ကြာမြင့် မည်ဖြစ်ပြီး တနင်္ဂနွေတစ်ရက်သာ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းတစ်ခုလျှင် သင်တန်းသား ၃၀ ဦးသာ လက်ခံမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား ဖုန်း- ၅၄၂၀၃၃၊ ၀၉ ၄၂၀၁၁၈၁၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Ref: အခွင့်အလမ်း ဂျာနယ်မှ ထုတ်နှုတ်ဖေါ်ပြသည်။

1314 total views, 1 today