Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန်

Posted by | September 1, 2014 | News, Training/Education

MMJDB (1)

ဘွဲ့ရလူငယ်များအတွက် လုပ်ငန်းခွင်ဝင်သင်တန်းများ ဖွင့်လှစ်မည်

ဘွဲ့ရကာစလူငယ်များ၊ လုပ်ငန်းခွင်ဝင်မည့်သူများ၊ လက်ရှိလုပ်ငန်းခွင်ဝင်ကာစသူများအတွက် Effective Career Skills သင်တန်း၊ အခြေခံစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များ၊အခြေခံစီးပွားရေးသုံး အင်္ဂလိပ်စာသင်  တန်းများကိုဈေးနှုန်းသက်သာစွာဖြင့် Sanchaung Institute for Business Skill (SCI) တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ SCI သင်တန်းကျောင်းသည် မိတ်ဖက်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားက  မြင်ပြီးသည့် လူငယ်များအတွက်အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေစေရန်စီစဉ်ထားသည်ဟုသိရသည်။ သင်တန်းများကို လာမည့်စက်တင်ဘာလ ဆန်းတွင် စတင်မည်ဖြစ်ပြီး သင်တန်းကာလမှာလည်း အချိန်ပိုင်းရက်တိုသင်တန်းများဖြစ်သည်။သင်တန်းများနှင့်ပတ် သတ်ပြီး အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၃၂၃၈၈၉၉၉ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Business in Excel Special Course နှင့် အခြားကွန်ပြူတာသင်တန်းများဖွင့်လှစ်မည်

          ကွန်ပြူတာသင်တန်းများဖြစ်သည့် Business in Excel Special Course နှင့် Graphic Course များကို Dinasty သင်တန်းကျောင်းမှ ၉ လပိုင်းတွင် ရန်ကုန်မြို့နှင့်ပြည်မြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ဒါ့ အပြင် မူလတန်းကြိုကျောင်း Pre School ကိုလည်း ပြည်မြို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။အသေးစိတ် အချက်အလက်များအား ဖုန်း ၀၉ ၄၂၁၁၀၉၇၇၈ ၊ ၀၉၄၂၂၅၆၅၂၈၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာဒီပလိုမာဘာသာရပ်များအကြောင်း မိတ်ဆက်

အင်ဂျင်နီယာကျောင်းတစ်ကျောင်းဖြစ်သည့် AKI မှ နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာဘာသာရပ်အ သစ်များ ထပ်မံဖွင့်လှစ်သင်ကြားပေးနေသည်ဟု သြဂုတ်လ ၂၆ ရက်နေ့ Orchid Hotel City Hall တွင်ပြုလုပ်သည့် အခမ်းအနားတွင်သိရသည်။AKIတွင်အသစ်ထပ်မံဖွင့်လှစ်မည့်နိုင်ငံတကာအသိအမှတ်ပြုအင်ဂျင်နီယာဒီပလိုမာများမှာDiploma in Electrical and Electronic,Diploma in Applied Construction,Diploma in Electrical Installation, Diploma in Air Conditioning & Refrigeration,Diploma in Welding စသည့်ဘာသာရပ်များ အပါအ၀င် ဘာသာ ရပ် ၉ ခုအား အသစ်ထပ်မံဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ အဆိုပါဒီပလိုမာများအား သင်တန်းကာလ ၆ လ(သို့)တစ်နှစ် တက်ရောက်ပြီး ဒီပလိုမာရရှိမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၇၃၁၉၉၆၀၅၊ ၀၉၂၅၄၀၂၁၃၄၃ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

အဆောက်အဦးဒီဇိုင်းရေးဆွဲခြင်းသင်တန်း ဖွင့်လှစ်မည်       

ပြည်တွင်း၊ ပြည်ပဆောက်လုပ်ရေးကုမ္ပဏီများ၊ Decoration ကုမ္ပဏီများတွင် Drafter,CAD Operator,CAD Designer အဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် အဆောက်အဦဒီဇိုင်းရေးဆွဲခြင်းသင်တန်းကို စက်တင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း Promotion ကွန်ပြူတာနည်းပညာသင်တန်းကျောင်းမှ သိရသည်။အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၇၃၁၈၄၅၂၅၊ ၃၈၉၀၃၈ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Credit : အခွင့်အလမ်းဂျာနယ်မှကူးယူဖေါ်ပြသည်။        ။

 

1405 total views, 1 today