Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

Posted by | September 29, 2014 | News, Training/Education

images

Int’l Front Office Operation သင်တန်းဖွင့်လှစ်မည်

နိုင်ငံတစ်ကာရှိ Hotel ကြီးများနှင့် Company ကြီးများတွင်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် Int’l Front Office Operation Course နိုင်ငံတစ်ကာဟိုတယ်ဧည့်ကြိုသင်တန်း (စာတွေ့လက်တွေ့) သင်တန်းနှင့် Basic Hotel Management Certificate Course အား စက်တင်ဘာလနောက်ဆုံးပတ်တွင် TRC Hotel and Vocational Training School ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား  ဖုန်း ၆၆၁၀၉၇၊ ၀၉ ၇၃၀၅၄၆၈၅ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

QS (Civil Estimate) သင်တန်းဖွင့်လှစ်မည်

Civil ကျောင်းသား ကျောင်းသူများ အဆောက်အဦးတစ်ခုလုံး Estimate တွက်ချက်လိုသည့် Civil Engineer များအတွက် QS (Civil Estimate) သင်တန်းအား အောက်တိုဘာ ၉ ရက်နေ့တွင် Promotion ကွန်ပြူတာသင်တန်းကျောင်း၌ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် အဆောက်အဦးတစ်ခု လုံး၏ Footing to Root အထိ Detail measurements တွက်ချက်ရမည်ဖြစ်သည်။ အသေးစိတ်အချက်အ လက်များအား ဖုန်း ၀၉ ၇၃၁၈၄၅၂၅၊ ၃၈၉၀၃၈ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Oracle Certification အတန်းသစ်ဖွင့်လှစ်မည်

ပြည်တွင်း ပြည်ပကုမ္ပဏီများတွင် လုပ်ကိုင်လိုသူများ၊ နည်းပညာနှင့် ကွန်ပြူတာတက္ကသိုလ် ကျောင်းသူ၊ကျောင်းသား များအတွက်ရည်ရွယ်၍ New Westminster Institute မှ Oracle Certification ရုံးချိန်လွတ်အတန်းသစ်များအား အောက်တိုဘာလတွင်ဖွင့်လှစ်မည်။ အဆိုပါသင်တန်းများမှာ Java Development Certification (OCA,OCP,OCE) နှင့် C# & ASP.NET MVC (MCSD) Intermediate Advanced & Expert Level သင်တန်းမျာဖြစ်သည်။ ထို့အပြင် Microsoft နှင့် Excel သင်တန်းများပါ သင်ကြား ပေးမည်ဟုသိရသည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၂၅၄၁၇၇၉၈၃၊ ၀၉ ၂၅၄၂၇၈၀၇၈ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

အင်ဂျင်နီယာသင်တန်း ၄ မျိုး ပညာဒါနသင်ကြားပေးမည်

အင်ဂျင်နီယာပညာရပ်ကို စိတ်ဝင်စားသည့်လူငယ်များအတွက် Glory မှ တစ်နှစ်တစ်ကြိမ်ပညာဒါန သင်ကြားပေးနေသည့် အင်ဂျင်နီယာသင်တန်း ၄ မျိုးအား အောက်တိုဘာလဆန်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ သင်ကြားပေးမည့်သင်တန်းများမှာ Electrical and Electronic Instrumentation သင်တန်း (တိုင်း တာရေး ကိရိယာ ၁၅ မျိုးခန့် လက်တွေ့အသုံးပြုပုံ) ၊ PLC (Programmable Logic Controller) သင်တန်း (PLC Unit,Sensor များအသုံးပြုပုံ၊ လက်တွေ့ Program ရေးသားပုံ)၊ အဲယားကွန်း၊ ရေခဲသေတ္တာသင်တန်း၊ Auto CAD သင်တန်း (Drawing Command များ၊ 2D,3D ပုံဆွဲခြင်း) တို့အား သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတစ်မျိုးလျှင် လူဦးရေ ၂၀ လက်ခံမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေနှင့် ဖုန်း ၀၉ ၇၃၁၂၁၇၁၇၊ ၀၉၅၁၉၇၈၁၇ သို့ဆက်သွယ် စုံးစမ်းနိုင်ပါသည်။

ဂျပန်ဘာသာသင်တန်းများဖွင့်လှစ်

Sakura Win Japanese Language Center မှ ဂျပန်ဘာသာ (N5 to N1) နှင့် ဂျပန်သံရုံးစာမေးပွဲအ တွက် သီးသန့်အတန်း သင်တန်းသစ်များအား အောက်တိုဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၃၈၀၈၄၁၊ ၀၉ ၄၂၀၀၀၃၉၈၈ သို့ဆက်သွယ်စုံစမ်းနိုင် ကြောင်းသိရသည်။

Ref: အခွင့်အလမ်း ဂျာနယ်မှ ကူးယူဖေါ်ပြသည်။

1520 total views, 1 today