Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန်

Posted by | August 25, 2014 | News, Training/Education

အင်္ဂလန်အစိုးရကောလိပ်မှ သင်ရိုးညွှန်းတန်းများအတိုင်း သင်ကြားပေးမည့် ဒီပလိုမာအတန်းများတက်ရောက်နိုင်

အင်္ဂလန်အစိုးရကောလိပ်မှ ချမှတ်ထားသည့်သင်ရိုးညွှန်းတန်းများအတိုင်းသင်ကြားပေးမည့် ဒီပလိုမာအတန်းများ ကို iAcademic Institute တွင်တက်ရောက်သင်ကြားနိုင်ကြောင်းသိရသည်။ သင်ကြားမည့် ဒီပလိုမာဘာသာရပ်များမှာ Diploma in Business & Management ၊Diploma in English Studies နှင့် Diploma in Teaching & Assessing Yong Learners ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၄၂၀၀၃၀၉၄၃ ၊၅၃၉၁၃၀ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

Australian Catholic University ၏ ကျောင်းလခ 50% ပညာသင်ဆုလျှောက်ထားနိုင်

နိုင်ငံတစ်ကာကျောင်းသားများအတွက် Australian Catholic University မှ ကျောင်းလခ 50% တိတိထောက်ပံ့ သွားမည်ဟု Australian Visa & Student Service Myanmar မှသိရှိရသည်။ ACU မှ ဘွဲ့ကြိုနှင့်ဘွဲ့လွန်တန်းသို့ တက် ရောက်မည့် ကျောင်းသားများထဲမှ ထူးချွန်သည့် ကျောင်းသား/သူ များကို ရွေးချယ်ပြီး ကျောင်းလခ၏ 50% ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ပညာသင်ဆုလျှောက်ထားလိုသူများအနေနှင့် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ လျှောက်ထားနိုင်ကြောင်းသိရသည်။အသေးစိတ်အချက်အလက်များအား ဖုန်း- 09450006944 ၊09 450006955 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Job Training For HR/ Admin/Office Staff သင်တန်းဖွင့်လှစ်မည်

HR/ Admin/ Office Staff ရာထူးများဖြင့် အလုပ်လျှောက်ထားလိုသူများကို လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရမည့် တာဝန်ဝတ္တရားများ၊ ရုံးသုံးကွန်ပြူတာသုံးစွဲနည်း များကိုပါကျွမ်းကျင်စွာပူးတွဲသင်ကြားပေးမည့် Job Training for HR/  Amin/Office Staff သင်တန်းအမှတ်စဉ် ၄ အား Best Choice တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။အသေးစိတ်  အချက်အလက်များအား ဖုန်း- 09 5129946 ၊09 31242086 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Credit:အခွင့်အလမ်းဂျာနယ်မှကူးယူဖေါ်ပြသည်။ ။

1177 total views, 1 today