Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

Posted by | October 20, 2014 | News, Training/Education

images5

Executive Master in Advanced Management အတွက် ၀င်ခွင့်ခေါ်ယူ

မြန်မာနိုင်ငံမှကျောင်းသူ၊ ကျောင်းသားများအတွက် University of Liege, Belgium မှပေးအပ်သော Executive Master in Advanced Management (EMAM) ၈ လ အတန်းအတွက် ဒုတိယအကြိမ် ၀င်ခွင့်ခေါ် ယူမှုအား ရန်ကုန်ရှိ iAcademic Institute နှင့် မန္တလေးမြို့ရှိ AAT Business Park တို့တွင် အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉၄၂၀၀၃၀၉၄၃၊ ၀၉ ၂၀၀၅၃၄၇ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Accounting Job Training ထပ်မံဖွင့်လှစ်

Any Graduate (LCCI Level II,III), B.com, ACCA, DA စသည်တို့ကိုတက်ရောက်နေဆဲ ကျောင်းသား/သူများ၊ အောင်မြင်ပြီးသူများ၊ အတွေ့အကြုံမရှိသေးသူများ၊ အတွေ့အကြုံရှိပြီး Final Account မဆွဲနိုင်သူများအတွက် Daily Transaction မှ Final Account ထိ Full Set ရေးဆွဲနိုင်ရန် Manual, Excel, MYOB တို့ဖြင့် လက်တွေ့ရေးဆွဲလေ့ကျင့်ရမည့်သင်တန်းကို Best Choice တွင် ထပ်မံဖွင့်လှစ်မည်ဟုသိရ သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၅၁၂၉၉၄၆၊ ၀၉ ၃၁၂၄၂၀၈၆ သို့ဆက်သွယ်စုံစမ်းနိုင် ကြောင်းသိရသည်။

MBA ပညာသင်ဆု ၃၀% လျှောက်ထားနိုင်

မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခုရရှိပြီး အသက် ၂၁ နှစ်ပြည့်ပြီးသူများအတွက် Master of Business Administration (MBA) ဘွဲ့ကို Dimensions International Collage, Singapore တွင် ၁ နှစ်တက်ရောက်ပြီး ယူကေနိုင်ငံ University of Chester မှ ချီးမြင့်သော ဘွဲ့ကိုရရှိနိုင်ကြောင်း သိရသည်။ အဆိုပါဘွဲ့အား ပညာ သင်ဆုကြေး ၃၀% လျှောက်ထားနိုင်ကြောင်း Dimension Education Center မှသိရသည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၄၅၀၀၄၄၁၁၇၊ ၀၉ ၄၂၁၀၇၆၈၅၈ သို့ဆက်သွယ်စုံစမ်းနိုင် ကြောင်းသိရသည်။

Certificate in Business Law ဘာသာရပ်ဖွင့်လှစ်

ကုမ္ပဏီဝန်ထမ်းများအတွက် ရုံးချိန်လွတ် Certificate in Business Law ဘာသာရပ်အား အောက်တို ဘာလနောက်ဆုံးပတ်တွင် River Samon Institute of Management (RSIM) ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိ ရသည်။ အဆိုပါသင်တန်းအား ပြည်တွင်းပြည်ပ လုပ်ငန်းခွင်အတွေ့အကြုံရှိ MBA ဘွဲ့ရ ၀ါရင့်ဆရာများမှ ပို့ချ ပေးမည်ဖြစ်သောကြောင့် သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းပို့ချမှုများဖြင့် အသေးစိတ်သင်ကြားပေးမည်ဖြစ် သည်။ အောက်တိုဘာတန်းခွဲအတွက် လူဦးရေကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများအနေဖြင့်             ဖုန်း ၀၉ ၇၃၀၉၄၀၆၀၊ ၀၉ ၄၂၀၇၂၅၅၆၆ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ အသက်မွေးမှုအတတ်ပညာကျောင်းများ မိတ်ဆက်ပွဲကျင်းပမည်

ဂျပန်နိုင်ငံ ကေကေကျိုတို သတင်းဌာနမှ ကြီးမှုးကျင်းပသော ‘ဂျပန်နိုင်ငံ အသက်မွေးမှုဆိုင်ရာ သင်တန်းကျောင်းများမိတ်ဆက်ပွဲ ၂၀၁၄’ အား ရန်ကုန်မြို့ UMFCCI ၁၂ လွှာရှိ မြန်မာ ဂျပန်စင်တာတွင် နိုဝင် ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အသက်မွေးဝမ်း ကျောင်းပညာရပ်များကို လေ့လာလိုသူများ၊ တက္ကသိုလ်ဝင်ထမ်းအောင်မြင်ထားသူများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ဆွေးနွေးနိုင်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား               ဖုန်း ၂၄၂၇၅၈၊ ၂၄၃၀၇၄ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

 

Business English သင်တန်းဖွင့်လှစ်မည်

နိုင်ငံတစ်ကာကုမ္ပဏီကြီးများတွင်လုပ်ကိုင်လိုသူများ၊ လက်ရှိလုပ်ကိုင်နေသူများ အတွက် လက်တွေ့ထိ ရောက်စေမည့် လုပ်ငန်းခွင်ဆိုင်ရာအရည်အသွေးမြင့်သင်တန်းဖြစ်သည့် Business English သင်တန်းအား Forward Trading သင်တန်းကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၂ လ ကြာ မြင့်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၄၅၀၀၄၈၇၂၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိ ရသည်။

နိုင်ငံခြားဘာသာသင်တန်းများ ဖွင့်လှစ်မည်

နိုင်ငံခြားဘာသာသင်တန်းအမှတ်စဉ် (၁၁/၂၀၁၄) အားနိုဝင်ဘာလ ၈ ရက်နေ့တွင် Zaw Education Center ၌ ဖွင့်လှစ်မည်ဖြစ်သည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားဘာသာ စကားပြောသင်တန်းများဖြစ်သည်ဟုသိရသည်။ သင်တန်းများတွင် အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်း ရည် လေးမျိုးစလုံးပါဝင်အောင်သင်ကြားပေးမည်ဟုသိရသည်။ သင်တန်းကာလမှာ နှစ်လဖြစ်သည်။ အသေး စိတ်အချက်အလက်များကို ဖုန်း ၀၉ ၇၃၀၈၇၁၃၁ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

Ref: အခွင့်အလမ်းဂျာနယ်မှ ကူးယူဖေါ်ပြသည်။

1068 total views, 1 today