Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များလမ်းညွှန်

Posted by | October 27, 2014 | News, Training/Education

MMJDB

Executive Certificate in Business Management သင်တန်းဖွင့်လှစ်

Executive Certificate in Business Management သင်တန်းအား နိုဝင်ဘာလ ၂၃ ရက်နေ့တွင် YCTC Business Institute ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၆ ပတ်ကြာမြင့် မည်ဖြစ်ပြီး တနင်္ဂနွေတစ်ရက်သာ တက်ရောက်ရမည်ဖြစ်သည်။ Executive Certificate in Business Management သင်တန်းတွင် Certificate of Leadership and Organizational Development, Certificate in Human Resource Management နှင့် Professional Certificate in Marketing Management ဟူ၍ ဘာ သာရပ် ၃ ခုပါဝင်ပြီး မိမိနှစ်သက်ရာဘာသာရပ်တစ်ခုချင်းစီကိုလည်း ရွေးချယ်တက်ရောက်နိုင်ပါသည်။ ဘာသာ ရပ် ၃ ခုလုံး ပြီးမြောက်ပါက Executive Certificate in Business Management လက်မှတ်ရရှိမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၅၄၂၀၃၃၊ ၀၉ ၄၂၀၁၁၈၁၀၀ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရ သည်။

“Understanding Language: Learning and Teaching” အခမဲ့ အွန်လိုင်းသင်တန်း ဖွင့်လှစ်

University of Southampton နှင့် ဗြိတိသျှကော်စီတို့မှ ပူးတွဲပို့ချမည့် “Understanding Language: Learning and Teaching” အခမဲ့အွန်လိုင်းသင်တန်းအားနိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းသည် ဘာသာစကားဖွံ့ဖြိုးရေးနှင့် ဘာသာစကားသင်ကြားရေးကို စိတ်ဝင်စား သော (အင်္ဂလိပ်ဘာသာအဆင့်  C1 Level on CEFR (သို့) IELTS ရမှတ် band 7 ရနိုင်သူ) အင်္ဂလိပ်စာ ဆရာ၊ ဆရာမများနှင့် ဘွဲ့ရပြီး ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်းသိရသည်။ မည်သူမဆို အခမဲ့တက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းတွင်ဘာသာစကားကို ထိရောက်စွာသင်ကြားလေ့လာရန် အဓိကကျသော အယူအဆအချို့ကို မိတ်ဆက်ခြင်းအကြောင်းအရာများသင်ကြားမည်ဖြစ်သည်။

သင်တန်းတက်ရာတွင် PC, Laptop များဖြင့်သာမက Tablet , Mobile ဖုန်းများဖြင့်လည်း လွယ်ကူစွာ အသုံးပြုနိုင်ပြီး ဗီဒီယိုကြည့်ရှုရန်အင်တာနက်နှေးကွေးပါက ဗီဒီယိုပါအကြောင်းအရာအားလုံးကို pdf file ဖြင့် Download ရယူသိမ်းဆည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။ တက်ရောက်လိုသူများအနေနှင့် https://www.futurelearn.com/courses/understanding-language တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါ သည်။

Job Training for HR/Admin/Office Staff သင်တန်းဖွင့်လှစ်

HR/Admin/Office Staff ရာထူးဖြင့် အလုပ်လျှောက်ထားလိုသူများကို လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရ မည့် တာဝန်ဝတ္တရားများနှင့် ရုံးသုံးကွန်ပြူတာသုံးစွဲနည်းများကိုပါ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်စေရန် ပူးတွဲသင် ကြားပေးမည့် Job Training for HR/Admin/Office Staff သင်တန်းအား Best Choice တွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများအနေနှင့် ဖုန်း ၀၉ ၅၁၂၉၉၄၆၊ ၀၉ ၃၁၂၄၂၀၈၆ သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။

Diploma in Marketing (IQN)(UK) ဘာသာရပ်ဖွင့်လှစ်

International Qualifications Network (IQN)(UK) မှပေးအပ်သော Diploma in Marketing ဘာသာရပ်အား F.A.M.E သင်တန်းကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ စာမေးပွဲဖြေဆိုအောင်မြင် ပြီးပါက IQN (UK) မှပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု Diploma ကိုရရှိမည်ဖြစ်သည်။ သင်တန်းကာ လမှာ ၅ လ ဖြစ်ပြီး ပထမဆုံးလာရောက်အပ်နှံသော သင်တန်းသား ၃ ဦးအား ၅% သင်တန်းကြေးကင်းလွတ် ခွင့်ပေးမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို ဖုန်း ၀၉ ၇၃၀၈၁၁၃၁၊ ၀၉ ၃၀၃၆၀၆၈၀ သို့ဆက် သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Interview Prepatation သင်တန်းအတွက် အခမဲ့သင်တန်းဖွင့်လှစ်

လုပ်ငန်းခွင်ဝင်ရောက်ရန်ပြင်ဆင်နေသည့် လုပ်ငန်းအတွေ့အကြုံမရှိသေးသော လူငယ်လူရွယ်များအား လုပ်ငန်းခွင်ဆိုင်ရာနည်းလမ်းကောင်းများကို လမ်းညွှန်ပြသပေးခြင်း၊ ညှိနှိုင်းဆွေးနွေးပေးခြင်းနှင့် Interview ဖြေဆိုနည်းဆိုင်ရာ ၀န်ဆောင်မှုများကို နိုဝင်ဘာလ ၈ ရက်နေ့တွင် Forward Recruitment ၌ ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။အသေးစိတ်အချက်အလက်များကို ဖုန်း ၀၉ ၄၅၀၀၄၈၇၂၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

UK Qualification ကို ကျောင်းစားရိတ်သက်သာစွာဖြင့် ပြည်တွင်းတွင်တက်ရောက်နိုင်

ABE (Association of Business Executives, UK) ၏ စီးပွားရေးဆိုင်ရာသင်တန်းများအား ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် YCTC Business Institute ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ Higher Diploma in Business Management ၊ Graduate Diploma in Business Management သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ် ဒုတိယနှစ်တက်ရောက်နေသူများ၊ Graduate Diploma သင်တန်းကို ဘွဲ့ရရှိပြီး လုပ်သက်နှစ်နှစ်ရှိသူများ တက်ရောက်နိုင်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၅၄၂၀၃၃၊ ၀၉ ၄၂၀၁၁၈၁၀၀ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

ဟိုတယ်လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်မည်

ပြည်တွင်းပြည်ပရှိ Hotel များ၊ Restaurant နှင့် Hospitality လုပ်ငန်းများတွင် Management Level နှင့် ၀င်ရောက်လုပ်ကိုင်မည့်သူများ၊ ကိုယ်ပိုင်ဟိုတယ်၊ Restaruant နှင့် Coffee Shop များ၌ စီမံအုပ်ချုပ်လိုသူ များအတွက် ရည်ရွယ်၍ International Hospitality Management Course သင်တန်းအပတ်စဉ်အသစ်ကို နိုဝင်ဘာလပထမပတ်အတွင်း Star Resources Hospitality & Tourism Management Academy တွင် ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ ၆ လ ကြာမြင့်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၅၂၃၂၀၀၊ ၅၂၃၆၂၃ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Ref: အခွင့်အလမ်းဂျာနယ်မှ ကူးယူဖေါ်ပြသည်။

1344 total views, 1 today