Comments Off on ယခုတစ်ပတ်အတွက်လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန်

ယခုတစ်ပတ်အတွက်လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန်

Posted by | September 22, 2014 | News, Training/Education

images

City & Guilds (UK) အင်ဂျင်နီယာဒီပလိုမာ နှင့် IT ဒီပလိုမာသင်တန်းများ ဖွင့်လှစ်

အင်္ဂလန်နိုင်ငံရှိ City & Guilds (UK) အဖွဲ့အစည်း၏ အင်ဂျင်နီယာဒီပလိုမာသင်တန်းများနှင့် IT ဒီပလိုမာသင်တန်းသစ်များအား TECH Training Center ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ ၄င်းသင်တန်း များအတွက် အကြို foundation သင်တန်းတွင် အင်ဂျင်နီယာလုပ်ငန်းဖြင့် အသက်မွေးမည့်သူများအတွက် လိုအပ်သော Health & Safety, Maths,English,Drawing ဘာသာရပ်များကို စက်တင်ဘာ ၂၄ ရက်နေ့မှစပြီး အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၅၂၃၅၇၉၊ ၀၉၄၉၃၄၁၅၉၄ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Executive Certificate in Business Management သင်တန်းဖွင့်လှစ်

Executive Certificate in Business Management သင်တန်းအား အောက်တိုဘာ ၅ ရက်နေ့တွင် YCTC Business Institute ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၆ ပတ်ကြာမြင့် မည်ဖြစ်ပြီး တနင်္ဂနွေတစ်ရက်သာတက်ရောက်ရမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား  ဖုန်း ၅၄၂၀၃၃၊ ၀၉ ၄၂၀၁၁၈၁၀၀ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Accounting Job Training ထပ်မံဖွင့်လှစ်

Any Graduate (LCCI Level II,III)၊ B.Com ၊ACCA၊ DA စသည်တို့ကို တက်ရောက်ဆဲကျောင်းသား ကျောင်းသူများ၊ အောင်မြင်ပြီးသူများ၊ အတွေ့အကြုံမရှိသေးသူများ၊ အတွေ့အကြုံရှိပြီး Final Account မဆွဲ နိုင်သူများအတွက် Daily Transaction မှ Final Account ထိ (Full Set) ရေးဆွဲနိုင်အောင် Manual,Excel, MYOB တို့ဖြင့် လက်တွေ့ရေးဆွဲလေ့ကျင့်ရမည်သင်တန်းကို စက်တင်ဘာလဆန်းတွင် Best Choice တွင်ထပ် မံဖွင့်လှစ်မည်ဟုသိရသည်။အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၅၁၂၉၉၄၆၊ ၀၉ ၃၁၂၄၂၀၈၆ သို့စုံစမ်းနိုင်ကြောင်း သိရသည်။

OOP Concept + Programming Foundation သင်တန်းဖွင့်လှစ်မည်

OOP Programming ကို အခြေခံမှစ၍ စနစ်တကျလေ့လာပြီး Professional Developer ဖြစ်လိုသူများ အတွက် ရည်ရွယ်ပြီး OOP Concept + Programming Foundation သင်တန်းအား Data World Computer Training Center ၌ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ နှစ်လခွဲကြာမြင့်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၂၅၄၀၆၅၅၀၇၊ ၀၉ ၇၃၀၅၃၇၁၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Ref: အခွင့်အလမ်းဂျာနယ်မှထုတ်နှုတ်ဖေါ်ပြသည်။

1072 total views, 1 today