Comments Off on ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များ လမ်းညွှန်

ယခုတစ်ပတ်အတွက် လုပ်ငန်းခွင်အထောက်အကူပြု သင်တန်းသစ်များ လမ်းညွှန်

Posted by | November 10, 2014 | News, Training/Education

000aaabc

Certificate in Office Management ဘာသာရပ် ဖွင့်လှစ်မည်

ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းတစ်ခုဖြစ်သည့် Certificate in Office Management သင်တန်းအား River Samon Institute of Management (RSEM) ၌ နိုဝင်ဘာလ တတိယပတ်တွင် ရုံးချိန်လွတ်ထပ်မံဖွင့် လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းတွင် The Managerial Process ၊ The Organizing Process ၊ The Communication Process ၊ Office Layout ၊ Office Environment ၊ Office Equipment and Furniture Filling System ၊ Human Resource Management များကို သိရှိနားလည်နိုင်မည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း ၀၉ ၇၃၀၉၄၀၆၀၊ ၀၉ ၄၂၀၇၂၅၅၆၆ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ဂျပန်ဘာသာသင်တန်းများ ဖွင့်လှစ်

Sakura Win Japanese Language Center မှ ဂျပန်ဘာသာ (N3) Pre Intermediate နှင့် Basic သင်တန်းများကို ဒီဇင်ဘာ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းပြီးဆုံးပါက ဂျပန် နိုင်ငံတွင် အလုပ်လုပ်နိုင်ရန် အင်တာဗျူးအခွင့်အလမ်းများလည်းရှိကြောင်း သိရသည်။ အသေးစိတ်အချက်အ လက်များအား ဖုန်း ၃၈၀၈၄၁၊ ၀၉ ၉၇၂၀၃၇၉၉၂ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Executive Certificate in Business Management သင်တန်းတက်ရောက်နိုင်

စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်တစ်ခုဖြစ်သော Executive Seminar in Supply Chain Management သင်တန်းကို Purchasing and Supply Association Singapore နှင့် YCTC Business Institute တို့ ပူးပေါင်း ၍ နိုဝင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် စိမ်းလမ်းစိုပြည်ဥယျာဉ် ရှိ Zephyr Restaurant ၌ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၅၄၂၀၃၃၊ ၀၉ ၄၂၀၁၁၈၁၀၀ သို့ဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

Credit: အခွင့်အလမ်းဂျာနယ်မှကူးယူဖေါ်ပြသည်။

1062 total views, 2 today