Comments Off on ယခုတစ်ပတ်အတွင်း လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန် (၁)

ယခုတစ်ပတ်အတွင်း လုပ်ငန်းခွင်အထောက်အကူပြုသင်တန်းသစ်များလမ်းညွှန် (၁)

Posted by | August 18, 2014 | News, Training/Education

Interior Design သင်တန်းဖွင့်လှစ်

        ပြည်တွင်း ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီများ၊ Interior Decoration ကုမ္ပဏီများတွင် Professional Interior Designer အဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် အခန်းအတွင်းပိုင်း ဒီဇိုင်းအလှဆင်ဖန်တီးရေးဆွဲခြင်း Professional Interior Design သင်တန်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် Promotion ကွန်ပြူတာသင်တန်းကျောင်းတွင် ဖွင့်လှစ်မည်ဖြစ် ကြောင်းသိရသည်။အသေးစိတ်အချက်အလက်များအား ဖုန်း- ၀၉၇၃၁၈၄၅၂၅၊ ၃၈၉၀၃၈ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်

Certificate in Stock Exchange Market Course ဖွင့်လှစ်မည်

၂၀၁၅ ခုနှစ်တွင် ဖြစ်ထွန်းပေါ်ပေါက်လာမည့် Yangon Stock Exchange အတွက် မှန်ကန်စွာရင်းနှီးမြှုပ်နှံနိုင်ကြ စေရန် ရည်ရွယ်ပြီး ဆရာဦးငွေသိန်း (Company Guide) မှ Stock Exchange Market (Part of Securities Market) သင်တန်းကို ASIA Languages & Busicess Academy ၌ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရ သည်။ အသေးစိတ်အချက်အလက်များအား ဖုန်း- ၀၉၂၅၆၃၃၃၅၆၅၊ ၃၇၆၂၃၆ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

Business & Management နှင့် English Studies ဒီပလိုမာဘာသာရပ်များလျှောက်ထားနိုင်

အင်္ဂလန်နိုင်ငံ၏အစိုးရကောလိပ်တစ်ခုဖြစ်သောWest Cheshire College မှပေးအပ်မည့် Diploma in Business Management နှင့် Diploma in English Studies ဘာသာရပ်များကို သြဂုတ်ကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်  ကြောင်း iAcademic Institute မှသိရှိရသည်။ဒီပလိုမာတစ်တန်းလျှင် ၅ လကြာမြင့်မည်ဖြစ်ပြီးအသေးစိတ်အချက်အလက် များအား ဖုန်း-၀၉၄၂၀၀၃၀၉၄၃၊ ၅၃၉၁၃၀ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Credit: အခွင့်အလမ်းဂျာနယ်မှကူးယူဖေါ်ပြသည်။

 

738 total views, 1 today