Comments Off on ရန်ကုန်တက္ကသိုလ်တွင် သိပ္ပံနည်းပညာပြပွဲ ပထမဆုံးအကြိမ် ပြုလုပ်မည်

ရန်ကုန်တက္ကသိုလ်တွင် သိပ္ပံနည်းပညာပြပွဲ ပထမဆုံးအကြိမ် ပြုလုပ်မည်

Posted by | July 29, 2014 | Conferences and Forums, News

ရန်ကုန်-ရန်ကုန်တက္ကသိုလ် ပြန်လည် ဖွင့်လှစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပွဲခင်း-၂၀၁၄ အမည်ဖြင့်သိပ္ပံနည်းပညာဆိုင်ရာပြပွဲနှင့် ဟောပြောပွဲကို သြဂုတ်လလယ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

သိပ္ပံနည်းပညာဆိုင်ရာ ပြပွဲ ကို သင်ကြားမှု အထောက်အကူ ပြုပစ္စည်းများ၊ သုတေသနလုပ် ငန်းသုံး စက်ကိရိယာများနှင့်ပတ် သက်သော သိပ္ပံနှင့်နည်းပညာဆိုင် ရာ အသိပညာ ပြန့်ပွားလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ် သည်။

အဆိုပါပြပွဲတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ် သိပ္ပံဌာနမှ လက်တွေ့ အသုံးချ သုတေသနများ အပါအ ၀င် အခြားတက္ကသိုလ်၊ ကောလိပ် များ၊ ၀န်ကြီးဌာနများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်း များနှင့် သိပ္ပံဓာတ်ခွဲခန်း သုတေသ နသုံး ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီများ လာရောက်ပြသနိုင် ရန် စီစဉ်ထားကြောင်းသိရသည်။

‘‘တက္ကသိုလ်နဲ့ ပြင်ပအဖွဲ့အ စည်း လုပ်ငန်းရှင်များကို ချိတ် ဆက်တဲ့ ပွဲလည်းဖြစ်အောင်၊ တက္ကသိုလ် ကျောင်းသားတွေအ နေနဲ့ သင်ကြားနေတဲ့ ပညာရပ်ကို ဒီလိုအသုံးချလို့ ရပါလားဆိုတာ သိအောင် ရည်ရွယ်ချက်နဲ့ ပွဲလုပ် တာပါ။ လာရောက်လေ့လာတဲ့သူ တွေ ဗဟုသုတရအောင် ပညာရပ် ဆိုင်ရာ ဟောပြောပွဲတွေလည်း လုပ်ပေးသွားမယ်’’ ဟု ရန်ကုန် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြော သည်။

သိပ္ပံနည်းပညာဆိုင်ရာ ပြပွဲ ကို ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာတွင် သြဂုတ် ၂၃ မှ ၂၅ အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တက္ကသိုလ်ကျောင်း သားများ၊ အထက်တန်းကျောင်း သားများနှင့် စိတ်ပါဝင်စားသူများ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်ကို ယမန် နှစ် ဒီဇင်ဘာလတွင် ပြန်လည်ဖွင့် လှစ်ခဲ့ပြီး ဘွဲ့ကြိုသင်တန်းများအ ဖြစ် ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ် ၂၀ တွင် ကျောင်းသူ၊ ကျောင်းသား တစ်ထောင်ကျော်အား လက်ခံ သင်ကြားပေးလျက်ရှိသည်။

Credit : 7day daily မှတိုက်ရိုက်ကူးယူ ဖော်ပြသည်။

1040 total views, 2 today