Terms of Service

MyanmarJobsDB ဆိုဒ်ကိုအသုံးပြုသူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာသဘောတူ၍ အသုံးပြုပါသည်ဟု ယူဆပါမည်။

၁. အလုပ်ကြော်ငြာများသည် MyanmarJobsDB ဆိုဒ်ပေါ်တွင် တင်သည့်ရက်မှ ရက်ပေါင်း ၃၀ အထိမြင်ရမည်ဖြစ်ပါသည်။ CV/Resume များကိုမူ ရက်အကန့်အသတ်မရှိ တင်ထားနိုင်ပါသည်။

၂. အလုပ်ကြော်ငြာသူများနှင့် CV/Resume တင်သူများ သည် ဆိုဒ်ကို login ၀င်ရန် မိမိတို့ account ၏ username နှင့် password တို့ကို ကိုယ်တိုင်မှတ်ထားရပါမည်။ MyanmarJobsDB ဖက်မှ နည်းပညာလုံခြုံရေး ချို့ယွင်းအားနည်းမှုကြောင့် မဟုတ်ဘဲ username နှင့် password ပျောက်ဆုံးခဲ့သော် ယင်းသည် အလုပ်ကြော်ငြာတင်သူ (သို့) CV တင်သူတွင်သာ တာဝန်ရှိပါသည်။

၃. အလုပ်ကြော်ငြာတင်သူများသည် အချက်အလက် အတိအကျနှင့် ပြည့်စုံသော ကြော်ငြာများကိုသာ ကြော်ငြာရပါမည်။ ထို့အပြင် ခေါ်ယူလိုသော Position Title အား အင်္ဂလိပ်လိုသာ ရေးသားပေးရပါမည်။

၎. အလုပ်ကြော်ငြာတစ်ခုသည် position အမျိုးအစား တစ်ခုအတွက်သာ ဖြစ်ရပါမည်။ ဥပမာ – manager နှင့် sales executive နှစ်မျိုးခေါ်ယူလိုပါက အလုပ်ကြော်ငြာနှစ်ခုတင်ရပါမည်။

၅. အလုပ်ကြော်ငြာများသည် မြန်မာနိုင်ငံ (သို့) မြန်မာနိုင်ငံရှိနေထိုင်သူများနှင့် သက်ဆိုင်သော အလုပ်အကိုင်အခွင့်အလမ်းများ အတွက်သာဖြစ်ပြီး အခြားမသက်ဆိုင်သော အလုပ်ကြော်ငြာများကို MyanmarJobsDB မှလက်ခံမည်မဟုတ်ပါ။

၆. အလုပ်ကြော်ငြာတင်သူများ နှင့် CV/Resume တင်သူများ အနေဖြင့် မူပိုင်ခွင့်နှင့် ညိစွန်းသော အချက်အလက်များနှင့် ဓါတ်ပုံများကို တင်ခွင့်မရှိပါ။ အကယ်၍ ထိုသို့သော အလုပ်ကြော်ငြာများနှင့် CV/Resume များကို တွေ့ရှိပါက MyanmarJobsDB တာဝန်ရှိသူမှ အချိန်မရွေး ဖယ်ရှားခွင့်ရှိပါသည်။

၇. အလုပ်ကြော်ငြာများတွင် ၀န်ထမ်းခေါ်ယူမည့်ကုမ္ဗဏီ၏ URL (web address) မှ လွဲ၍ မည်သည့် URL (website address) ကိုမှ ထည့်သွင်းခွင့်မရှိပါ။ အကယ်၍ တွေ့ရှိပါက MyanmarJobsDB တာဝန်ရှိသူမှ ဖယ်ရှားပိုင်ခွင့်ရှိပါသည်

၈. အလုပ် ကြော်ငြာနှင့် မပတ်သက်သော ဓါတ်ပုံများ၊ စာသားများပါရှိသော ကြော်ငြာများကို MyanmarJobsDB တာဝန်ရှိသူမှ ဖယ်ရှားပိုင်ခွင့်ရှိပါသည်။ CV/Resume တွင်လည်း မိမိ၏ကိုယ်ရေးရာဇ၀င်နှင့် မပတ်သက်သော အခြားအချက်အလက်များကို ထည့်သွင်းထားပါက MyanmarJobsDB တာဝန်ရှိသူမှ ဖယ်ရှားပိုင်ခွင့်ရှိပါသည်။

၉ . အလုပ်ကြော်ငြာများနှင့် CV/Resume များကို ဖယ်ရှားပေးရန် မည်သည့်တောင်းဆိုမှုများကိုမဆို အကြောင်းမခိုင်လုံပါက MyanmarJobsDB မှ ငြင်းပယ်ခွင့်ရှိသည်။

၁၀. MyanmarJobsDB မှထိန်းချုပ်နိုင်စွမ်းမရှိသော၊ Server failure/internet connection failure ကဲ့သို့သော ကိစ္စများအတွက် တာဝန်မယူပါ။

၁၁. နောက်ပြောင်၍ တင်ထားသော ကြော်ငြာများ (သို့) CV/Resume များဖြစ်သည်ကို စုံစမ်းသိရှိပါက MyanmarJobsDB အနေဖြင့် ထိုကြော်ငြာများအား ပယ်ဖျက်ခွင့်ရှိပါသည်။

၁၂. အရေးကြီးသော အချက်အလက်များ (ဥပမာ ၀န်ထမ်းလိုအပ်ချက်) မပါရှိသော အလုပ်ကြော်ငြာများကို MyanmarJobsDB မှဖယ်ရှားခွင့်ရှိပါသည်။

၁၃. အချို့အလုပ်ကြော်ငြာများအား MyanmarJobsDB မှ သင့်တော်သလို ပြင်ဆင်ခွင့်ရှိပါသည်။ ဥပမာ Company နာမည်မှားနေခြင်း၊ ဖုန်းနံပါတ်လွဲနေခြင်း၊ ကုမ္ဗဏီအမည်ဖြည့်ရမည့်နေရာတွင် ဖုန်းနံပါတ် (သို့) အခြားအချက်အလက်များထည့်သွင်းထားခြင်း စသည့် အကြောင်းအရပ်ရပ်များကြောင့်

၁၄. MyanmarJobsDB တွင်ရှိသော အလုပ်ကြော်ငြာများ၏ အချက်အလက်တိကျ မှန်ကန်မှုကို ကြော်ငြာတင်သောသူများမှ တာဝန်အပြည့်ယူရမည်ဖြစ်ပြီး အလုပ်ကြော်ငြာများတွင် ပါဝင်သော အချက်အလက်များ မှားယွင်းမှုရှိပါက MyanmarJobsDB မှတာဝန်ယူမည်မဟုတ်ပါ။

၁၅. MyanmarJobsDB.com တွင် registered လုပ်ထားသော job seeker, job lister များကို MyanmarJobsDB.com မှ ရံဖန်ရံခါ အထူးသတင်းထုတ်ပြန်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ၊ ဆိုဒ်တွင်ထပ်မံတိုးချဲ့သည့် ကဏ္ဍအသစ်များ ကို အီးမေးလ် (သို့) ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပါမည်။ MyanmarJobsDB.com ၏ partner လုပ်ငန်းများမှလည်း အလုပ်အကိုင်နှင့်ပတ်သက်သော၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော သတင်းကဏ္ဍ၊ event များကိုလည်း အီးမေးလ် (သို့) ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပါမည်။

၁၆. အထက်ပါ အချက်အလက်များသည် အချိန်အခါအလိုက် အပြောင်းအလဲ ရှိနိုင်ပါသည်။

၁၇. သင်၏ အကြံပြုချက်များအား MyanmarJobsDB မှတန်ဖိုးထားပါသည်။ MyanmarJobsDB ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အကြံပြုတောင်းဆိုချက်များ ရှိပါက [email protected] သို့ အချိန်မရွေးဆက်သွယ်နိုင်ပါသည်။

Last Updated: 17 Feb 2014